ဝမ်းလျှောတာ၊ အထက်လန်အောက်လျှောဖြစ်တာ၊ အစာအဆိပ်သင့်တာ စသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖျားနာမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက်မှာ အစာခြေစနစ်ကို အနားပေးဖို့ လိုပါတယ်။ အနားပေးတယ်ဆိုတာ သူ့ရဲ့ အလုပ်တွေကို လျှော့ချတာမျိုးပါ။ သူ့ရဲ့ အဓိက အလုပ်က အစာခြေတာဆိုတော့ ဖျားတာမှုတွေ အပြီးမှာ အစာခြေရလွယ်တဲ့ အစားအစာကို စားပေးပြီး အူလမ်းကြောင်းကို ဝန်မပိအောင် လုပ်ပေးတာပါ။ ဒီမှာ BRAT diet ဆိုတာ ပေါ်လာပါတယ်။