အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခြေထောက်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရ

သင့်ကျန်းမာရေးကိုဂရုစိုက်ရာမှာ အထူးသဖြင့်သင့်ခြေထောက်ကျန်းမာရေးကို ဂရုစိုက်ရာမှာ အာဟာရကအရေးကြီးတယ်ဆိုတာကို မငြင်းနိုင်ပါဘူး။ လေ့ကျင့်ခန်းနဲ့ နေထိုင်မှုပုံစံအပြင် သင်နေ့စဉ်အာဟာရကလည်း သင့်ခြေထောက်ကျန်းမာရေးကို အဆုံးအဖြတ်ပေးပါတယ်။ အောက်ပါကျွန်ုပ်တို့ရဲ့ အကြံပြုချက်တွေအတိုင်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရပုံစံကို တည်ဆောက်နိုင်ပါတယ်။   အိုမီဂါသရီး ပိုမိုစားသုံးပါ။ ဆော်လမွန်ငါးကဲ့သို့သောအဆီကြွယ်ဝတဲ့ငါးတွေနဲ့ ငါးကြီးဆီတွေမှာ အိုမီဂါသရီးကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုမီဂါသရီးက ရောင်ရမ်းခြင်းကိုထိထိရောက်ရောက် သက်သာနိုင်ပါတယ်။ သင့်နေ့စဉ်အစားအစာမှာ အိုမီဂါသရီး၊ အိုမီဂါဆစ်သင့်တင့်မျှတစွာပါဝင်သင့်တဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအာဟာရတွေညီညီမျှမျှပါဝင်ဖို့အတွက်ဆိုရင် ငါးများများစားခြင်းက အကူအညီပေးနိုင်ပါတယ်။ ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီဖြည့်စွက်ပါ။ သင့်ခန္ဓါကိုယ်ကြီးထွားလာနေစဉ်မှာ သင့်အရိုးတွေသန်မာဖို့ ကယ်ဆီယမ်လုံလုံလောက်လောက် လိုပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ကယ်ဆီယမ်ကောင်းကောင်းလုံလုံလောက်လောက်ရဖို့ အင်မတန်လိုအပ်ပါတယ်။ နောက်ပိုင်းအသက်တွေမှာ အရိုးပါးခြင်းမြဖ်စ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်မရွေး ဘယ်လိုကျန်းမာရေးအခြေအနေမှာပဲဖြစ်ဖြစ် ကယ်ဆီယမ်ကအမြဲလိုအပ်ပါတယ်။ ကြီးထွားတဲ့အရွယ်ကျော်လွန်သွားပြီးနောက်မှာတောင် ကယ်ဆီယမ်ကိုလိုအပ်နေပါသေးတယ်။ အမျိုးသမီးများဓမ္မတာသွေးဆုံးစဉ်မှာ တဖြည်းဖြည်းအရိုးပါလာခြင်းကို မကာကွယ်ပေးနိုင်ပေမဲ့လည်း လုံလောက်တဲ့ကယ်ဆီယမ်ပမာဏက အရိုးကျိုးနိုင်ချေမှာ ကာကွယ်ပေးနိုင်ပါတယ်။ သင့်အစားအစာမှာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာကိုစားပေးခြင်းဖြင့် သင့်ခန္ဓါကိုယ်အတွက် ကယ်ဆီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ ထောပတ်၊ 300 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်ကျန်းမာရေးအတွက် အစားအစာများ

ခန္ဓါကိုယ်၏ တခြားအစိတ်အပိုင်းများကဲ့သို့ပင် ဦးနှောက်သည်လည်း တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲပါသည်။ အသက် ၂၀ ပြည့်ခါနီးသည်နှင့် ဦးနှောက်ကြီးရင့်မှုဖြစ်စဉ်ကို စတင်ခံစားရပြီး တစ်ချို့အာရုံကြောဆဲလ်များ ဆုံးရှုံးရပါမည်။ သို့သော် သုတေသနများက နေ့စဉ် အစားအသောက်များ၌ စမတ်ကျသည့် အစားအသောက်များကို ထည့်သွင်းစားသုံးလျှင် အသက်ကြီးသည့်တိုင် ကျန်းမာသောဦးနှောက်ကို ထိန်းသိမ်းထားနိုင်ကြောင်း သက်သေပြထား၏။   ဘလူးဘယ်ရီသီးများ သုတေသီများက ဘလူဘယ်ရီပါသော အစားအသောက်များသည် သင်ယူမှုနှင့် လုပ်ရှားမှုဆိုင်ရာ စွမ်းရည်းများကို တိုးတက်စေကြောင်း တွေ့ထား၏။ ဘလူးဘယ်ရီများသည် ဦးနှောက်အား ဓါတ်တိုးစေမည့် ဖိစီမှုများဒဏ်မှ ကာကွယ်ပေးပြီး အသက်ကြီးခြင်းဆိုင်ရာ ရောဂါများဖြစ်သည့် အဲလ်ဇိုင်းမားရောဂါ သို့မဟုတ် ဒီမန်းရှားရောဂါများကို လျော့ချပေးနိုင်ကြောင်း သက်သေပြထားပါသည်။ သိပ္ပံပညာရှင်များက ဒိန်ချဉ်၊ အုတ်ဂျုံ သို့မဟုတ် မနက်စာတို့တွင် ဘလူးဘယ်ရီ တစ်ခွက်စာ ထည့်စားပေးခြင်းဖြင့် ဦးနှောက်ကြီးရင့်မှုအား လျော့ချပေးနိုင်မည်ဟု ဆိုသည်။   ငါး ဆာမွန်ငါး၊ ရေနက်ပိုင်းတွင်နေသောငါးများသည် အဆီအက်စစ်များကြွယ်ဝပြီး ဦးနှောက်လုပ်ငန်းစဉ်များအတွက် လိုအပ်သော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိထားရမည့် မတည့်သောအစားအသောက်များ

အစားအစာအလက်ဂျီသည် တစ်ချို့သောအစားအသောက်များကို ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်မှ အန္တရာယ်ရှိသည်ဟုယူဆပြီး ဓါတ်မတည့်မှုဖြစ်ပွားခြင်းကို ခေါ်ပါသည်။ အလက်ဂျီဖြစ်စေသော အစားအစာများကို အလက်ဂျင်ဟု ခေါ်သည်။ တချို့သော သုတေသနများတွင် ကလေးများ၏ ၄-၆% နှင့် လူကြီး ၆% တို့တွင် အစားအစာအလက်ဂျီရှိကြောင်း တွေ့ရ၏။ ကလေးများနှင့် ပေါက်စအရွယ်များတွင် ပိုအဖြစ်များသည်။ အစားအစာအလက်ဂျီအမျိုးအစားများ အစားအစာအလက်ဂျီနှစ်မျိုးရှိပါသည်။ IgE နှင့်ဆိုင်သော - အလက်ဂျီလက္ခဏာများသည် IgE ဆိုသည့် ပဋိပစ္စည်းများ ကိုယ်ခံအားစနစ်မှ ထုတ်လွှတ်ပေးခြင်းနှင့် ဆက်စပ်ပြီး ဖြစ်ပွား၏။ ထိပဋိပစ္စည်းများသည် တစ်ချို့သော အစားအစာများနှင့်သာ ဓါတ်ပြုမှုရှိပါသည်။ IgE နှင့်မဆိုင်သော - ဒီအခြေအနေတွင်တော့ ခန္ဓါကိုယ်ခုခံအားစနစ်မှ တခြားအစိတ်အပိုင်းများနှင့် အစားအစာ ဓါတ်ပြုခြင်းဖြစ်သည်။ ဒီလို အစားအစာအလက်ဂျီမျိုးတွင် IgE ပဋိပစ္စည်းများကို မထွက်စေပါ။ တစ်ချို့သောသူများတွင် အမျိုးအစားနှစ်မျိုးလုံး ရှိနေတတ်ပါသည်။ အစားအစာအလက်ဂျီ၏လက္ခဏာများ အစားအစာအလက်ဂျီရှိသည့်အခါတွင် လက္ခဏာများကို အရေပြား၊ သွေးလှည့်ပတ်မှုအဖွဲ့အစည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းစနစ်နှင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မျှတသော စားသောက်မှုပုံစံဆိုတာ ဘာလဲ

မိဘတို့သည် အသား၊ ငါး၊ ဥ၊ နွားနို့တို့ များများပါသော အစားအစာသည် ကလေးအတွက် “အာဟာရ အပြည့်ဆုံး” ဟု ထင်ကြ၏။ အာဟာရသိပ္ပံတွင်တော့ အားရှိတဲ့အစာကို ရွေးစားတာထက် အစာအုပ်စုစုံလင်စွာပါပြီး သင့်တင့်မျှတအောင် စားဖို့ အကြံပြုထားပါသည်။ မဟုတ်လျှင် အာဟာရနှင့်ဆိုင်သောရောဂါများဖြစ်သည့် ဗီတာမင်ချို့တဲ့ခြင်းများ၊ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းများကို ဦးတည်သွားနိုင်ပါသည်။ မျှတသော အစားအသောက်ဆိုတာဘာလဲ။ အာဟာရဆိုသည်မှာ ကလေးငယ်၏ဦးနှောက် ဖွံဖြိုးမှုနှင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အဓိကအချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကျိုးကြောင်းညီညွှတ်သည့် အစားအသောက်တစ်ခုတွင် လုံလောက်သော စွမ်းအင်၊ လုံလောက်သော အာဟာရဓာတ်များကို ညွှန်းဆိုထားသည့် အာဟာရလိုအပ်မှုနှင့် မျှတမှုအတိုင်း ပါဝင်ရမည်ဖြစ်သည်။ ကလေး၏အသက်နှင့် လိင်ပေါ်လိုက်၍ အာဟာရမျှတမှုနှင့် ထောက်ပံ့မှု သင့်လျော်ရမည်ကို သိထားပါ။ မျှတသောအစာအစာဆိုသည်မှာ- အစားအစာတွင် စွမ်းအင်ရင်းမြစ်သုံးခု မျှတရမည် (ပရိုတင်း၊ အဆီနှင့် ကာဗိုဟိုက်ဒြိတ်မှရသော စွမ်းအင်) ပရိုတင်းမျှတရမည် (ပရိုတင်းစုစုပေါင်းနှင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မိုးရာသီမှာ သတိထားရမယ့် စားသောက်ပုံအာဟာရ

မိုးရာသီနဲ့ အစားအစာ ပတ်ဝန်းကျင်လေထုက စိုစွတ်ထိုင်းမှိုင်းတတ်တဲ့ မိုးရာသီမှာ ရေနဲ့ အစားအစာတွေကတဆင့် ကူးစက်ဖြစ်ပွားစေတဲ့ ရောဂါတွေရှိတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ အစာချေစနစ်တွေမှာ ရောဂါဝင်စေတတ်ပါတယ်။ ကိုယ်ခံအားစနစ် နဲ့ အစာချေစနစ်တို့က စိုထိုင်းတဲ့ရာသီဥတုမှာ ထိခိုက်ဖို့ပိုလွယ်တာကြောင့် အအေးမိခြင်း၊ ဖျားခြင်း၊ ဝမ်းပျက်ခြင်း၊အစာမကြေခြင်းတို့လို အဖြစ်များတဲ့ရောဂါတွေနဲ့ ဒုက္ခရောက်ကြရပါတယ်။ ရေနဲ့ အစားအစာကတဆင့် ကူးစက်ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက မိုးတွင်းမှာ အမြဲပိုဖြစ်လွယ်ပြီး ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေကလည်း စီးဆင်းမှုမရှိတဲ့ ရေမြောင်း၊ရေအိုင်တွေနဲ့ စိုထိုင်းတဲ့နေရာတွေ မှာပေါက်ဖွားကြတာများပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာ ကိုယ့်ရဲ့အစားအသောက်ကို သတိပြု ဂရုစိုက်နိုင်ဖို့ အရေးကြီးပါတယ်။ လမ်းဘေးအစားအစာတွေကို ရှောင်ပြီး အိမ်မှာပဲ ချက်ပြုတ်စားသောက်နိုင်ရင်လည်းအကောင်းဆုံးဖြစ်ပါတယ်။ မိုးရာသီမှာ သတိထားရမယ့် စားသောက်ပုံအာဟာရ အတော်များများက မိုးရာသီမှာ ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်တတ်ကြတာကြောင့် လမ်းဘေးက လွယ်လွယ်ဝယ်စားတတ်ကြပါတယ်။ ဒီရာသီမှာတော့ ဆင်ခြင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မျိုးဗီဇပြုပြင်ထားတဲ့အစားအစာများ (GMOs)

GMO ဆိုတာဘာလဲ GMO အစားအစာဆိုတာ ရှိပြီးသားမျိုးဗီဇတွေထဲကို တခြားတစ်ခုဆီက မျိုးဗီဇအသစ်တွေပေါင်းစပ်ပြီးပြုပြင်ထားတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ မျိုးဗီဇပြုပြင်ထားတဲ့ GMO အစားအစာတွေက လူ့ကျန်းမာရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက်ကောင်းကျိုးများစွာ ရှိနိုင်တယ်ဆိုပေမယ့် ဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ်။ တောင်သူဦးကြီးတွေကတော့ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးအပြင်းစားတွေကိုခံနိုင်ရည်ရှိဖို့နဲ့ ပိုးတွေအဆိပ်အတောက်ဓါတ်တွေကို ခံနိုင်ရည်ရှိဖို့ မျိုးဗီဇပြုပြင်ထားတဲ့ GMOမျိုးစေ့တွေနဲ့စိုက်ပျိုးလာကြပါတယ်။ အများစုက အထွက်နှုန်းကောင်းပြီး အကျိုးအမြတ်တိုးစေဖို့နဲ့ ပျိုးပင်တွေကို ရာသီဥတုဒဏ်၊ ပိုးသတ်ဆေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနှုန်းလျော့နည်းစေဖို့ သုံးကြပါတယ်။   GMO အစားအစာတွေကို အသုံးများလာ ဈေးကွက်အတွင်းGMO အစားအစာထွက်ကုန်တွေရဲ့ပမာဏက ကမ္ဘာတလွှားမှာ များပြားကျယ်ပြန့်လာပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ GMO ဖြစ်ကြောင်း labelမဖော်ပြထားတာကြောင့် ကိုယ်စားတဲ့အထဲ GMOဘယ်လောက်ပါနေသလဲဆိုတာကတော့ အတိအကျပြောဖို့ခက်ပါတယ်။ GMO သီးနှံတွေရဲ့ ၇၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာမွေးမြူရေးအစာအတွက် အသုံးပြုဖို့ဖြစ်ပြီး အမေရိကန်ရဲ့မွေးမြူရေးတိရစ္ဆာန် ၉၅ ရာခိုင်နှုန်းကျော်ဟာ GMOအစာတွေကို စားကြတာဖြစ်ပါတယ်။ ပဲပိစပ်၊ အထူးသဖြင့်ပဲပိစပ်နဲ့လုပ်တဲ့ထုတ်ကုန်တွေကို သင်စားလေ့ရှိတယ်ဆိုရင် ဒါဟာ GMO […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အကျိုးပြု ကာဗိုဟိုက်ဒြိတ်များ : သင့်အစာချေစနစ်ထဲတွင်ရှိနေသော အကျိုးပြု ဘက်တီးရီးယားများကို အာဟာရဖြစ်စေသော အစာများ

လူအများစုသည် ခန္ဓါကိုယ်ကို အကျိုးပြုသည့်ဇီဝပိုးကောင်များပါဝင်သော ကျန်းမာရေးကို အထောက်အကူပြုစေသော အစားအသောက်များအကြောင်းကို ကြားဖူးကြပါလိမ့်မည်။ သို့သော် ထိုဇီဝပိုးကောင်များကို အစာချေစနစ်ထဲတွင် ပွားများလာစေရန် ကူညီထောက်ပံပေးသော အရာများအကြာင်းကိုကြားဖူးပါသလား၊ အထက်ဖော်ပြပါ နှစ်ခုလုံးသည် လူတစ်ယောက်၏အစာချေစနစ်ထဲတွင် ရှိသော ကျန်းမာရေးကို အကျိုးပြုသည့်အရာများပင်ဖြစသည်။ ထို့ကြောင့် အောက်ပါဆောင်းပါးတွင် သင့်ကျန်းမာရေးနှင့် အစာချေစနစ်ကောင်းမွန်စေရန် ထိုအကျိုးပြုဇီဝပိုးကောင်များကို မှီဝဲသင့်သည့် အကြောင်းများကို ဖော်ပြရေးသားသွားမည်ဖြစ်ပါသည်။ အကျိုးပြုဇီဝပိုးကောင်များ ဆိုတာဘာလဲ။ အကျိုးပြုဇီဝပိုးကောင်များသည် ခန္ဓါကိုယ်တွင် ဆိုးကျိုးများကို ဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ထုတ်ပေးသည့် အကျိုးပြုဘက်တီးရီးယားများဖြစ်ပြီး ယင်းတို့သည် အူမကြီးထဲတွင်ရှိကြသည်။ ယခုဆောင်းပါးတွင် ဖော်ပြမည့်အကြောင်းအရာမှာ ထိုအကျိုးပြု ဘက်တီးရီးယားများကို အားဖြည့်ပေးသည့် ခန္ဓါကိုယ်ရှိ အစာချေစနစ်မှ မချေဖျက်နိုင်သော ကာဗွန်ဟိုက်ဒြိတ်များအကြောင်းဖြစ်ပါသည်။ ထို အကျိုးပြုကာဗွန်ဟိုက်ဒြိတ်များမရှိဘဲလျှင် အကျိုးုပြု ဘက်တီးရီးယားများအတွက် အာဟာရမရရှိသောကြောင့် ယင်းတို့သည်လည်း အူထဲတွင် အသက်မရှင်နိုင်ကြောင်းလေ့လာရပါသည်။ အင်္ဂလန်တွင်ရှိသော တက္ကသိုယ်တခုက အမျိုးသား ၈ ယောက်ကို အုပ်စု […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချိုစားချင်စိတ်ကို ဘယ်လို ထိန်းချုပ်မလဲ

သွားပိုးစားခြင်းကို ထိန်းချုပ်ရခက်ပါတယ်။ အောက်ပါနည်းတွေက သကြားဓါတ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်ပါတယ်။   အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ သကြားဓါတ် အလွန်အမင်းစားချင်မှုကို ရပ်တန့်ပေးနိုင်ပါတယ်။ နည်းနည်းစီစားပါ သင်ကြိုက်တဲ့ ပမာဏ အနည်းငယ် (ကွတ်ကီးတစ်ချပ်၊ သကြားလုံ တစ်လုံး) စားနိုင်ပါတယ်။ လုံးဝမစားခြင်းထက် နည်းနည်းစီစားနိုင်ပါတယ်။ ၁၅၀ ကယ်လိုရီ ကန့်သတ်ချက် လုပ်ထားပါ။   အစာတွေကို ရောစားပါ တကယ်လို့ ကွတ်ကီး (သို့) သကြားလုံးစားခြင်းကို မရပ်တန့်နိုင်ရင် ကျန်းမာတဲ့ အစားအသောက်နဲ့ ပေါင်းစားခြင်းအားဖြင့် အချိုဓါတ်လိုချင်မှုကို ကျေနပ်စေနိုင်ပါတယ်။   အစိမ်းဖြတ်ဖြတ်ပါ အချိုဓါတ်လုံးဝမစားခြင်းဟာ အချို့လူတွေအတွက် ပထမနှစ်ရက်၊ သုံးရက်အတွက် အတော်ကို ခံရခက်စေပါတယ်။ ဒါပေမယ့် လူအချို့ကတော့ ဒီလိုအစိမ်းဖြတ်ဖြတ်ခြင်းဟာ ရက်အနည်းငယ်အကြာမှာ သူတို့ရဲ့ တောင့်တမှုတွေကို ပျောက်သွားစေတယ်လို့ ဆိုပါတယ်။ အချို့ကတော့ သကြားဓါတ်ကို တောင့်တဆဲဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အရသာခံတဲ့ အစေ့လေတွေဟာ အနည်းငယ်ရရုံနဲ့ ကျေနပ်သွားကြပါတယ်။   ပီကေ ဝါးပါ တကယ်လို့ သကြားဓါတ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ

ဦးနှောက် ၏ ၆၀ % ကို အဆီများဖြင့် ဖွဲ့စည်းထားပြီး အာရုံကြောများသည် ခန္ဓါကိုယ်၏ မည်သည့် စနစ်တွင်မဆို ဖြန့်ကျက်ထားသည်။ ထို့ကြောင့် နေ့စဉ်စားနေသော အစားအစာများတွင် ကောင်းသော အဆီများပါလေလေ သင့်ဦးနှောက်အတွင် ကောင်းမွန်လေလေဖြစ်ပါသည်။ ဦးနှောက်သည် အဆီဓါတ်ကိုလုံလောက်စွာရရှိနေသော်လည်း များသောအားဖြင့် ကျွန်ုပ်တို့စားနေသော အဆီများသည် ကောင်းကျိုးမပြုသော အဆီများဖြစ်နေကြသည်။ ဒီတော့ ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ အကြောင်း  နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။ ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ ကတော့ အဆီဓာတ်ပါ။ ဦးနှောက်အတွက် လိုအပ်သည့် ကောင်းသော အဆီများမှာ Omega 3 နှင့် DHA တို့ဖြစ်သည်။ Omega 3 နှင့် DHA အဆီဓါတ်များသည် ဦးနှောက်အတွက် ကောင်းမွန်ကြောင်း နားလည် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာခြေစနစ်အတွက် အမျှင်ဓါတ်က ဘယ်လိုအကျိုးပြုတာလဲ

သင်က ဟင်းသီးဟင်းရွက်တွေကို မနှစ်သက်တတ်သူလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ ထူးဆန်းတဲ့အရသာတွေကို မကြိုက်တတ်တဲ့သင့်ကြောင့်ဖြစ်နိုင်သလို တစ်ခါတလေမှာလည်း အစားအစာရဲ့ အရသာမရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့မှာတော့ အမျှင်ဓါတ်တွေအများကြီးပါနေပါတယ်။ ဒီအမျှင်ဓါတ်တွေက သင့်ရဲ့ အစာခြေစနစ်အတွက် အရမ်းကိုကောင်းတာပါ။ အမျှင်ဓါတ်ဆိုတာဘာလဲ။ သင့်ရဲ့ အစာခြေစနစ်ကို ဘယ်နည်းဘယ်ပုံအကျိုးပြုနေသလဲဆိုတာကတော့..   အမျှင်ဓါတ်ဆိုတာဘာလဲ။ Dietary fiber (အစားအသောက်မှာပါတဲ့အမျှင်ဓါတ်)ကို roughage ဒါမှမဟုတ် bulk လို့လည်း သိကြပါတယ်။ ဒီအမျှင်ဓါတ်ဟာ သင့်ခန္ဓါကိုယ်က အစာမခြေနိုင်တဲ့ ဒါမှမဟုတ် မစုပ်ယူနိုင်တဲ့ အပင်တွေရဲ့အစိတ်အပိုင်းမှာ ပါပါတယ်။ အမျှင်ဓါတ်ကို ယေဘုယျအားဖြင့် အုပ်စု ၂စု ခွဲခြားနိုင်ပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင် ဒီအမျှင်ကတော့ ရေနဲ့ပျော်ဝင်နိုင်ပြီး ဂျယ်လ် ပုံစံဖြစ်သွားပါတယ်။ ဒီအမျှင်တွေကိုတော့ အများအားဖြင့် အုတ်ဂျုံ၊ ပဲပိစပ်၊ ပဲအမျိုးမျိုး၊ အက်စစ်ဓါတ်ပါတဲ့အသီးတွေ စတာတွေမှာ တွေ့ရတတ်ပါတယ်။ သူကတော့ သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်လယ်ဗယ်နဲ့ ကိုလက်စထရောကို လျှော့ချပေးတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း