backup og meta

မျှတသော စားသောက်မှုပုံစံဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျှတသော စားသောက်မှုပုံစံဆိုတာ ဘာလဲ

    မိဘတို့သည် အသား၊ ငါး၊ ဥ၊ နွားနို့တို့ များများပါသော အစားအစာသည် ကလေးအတွက် “အာဟာရ အပြည့်ဆုံး” ဟု ထင်ကြ၏။ အာဟာရသိပ္ပံတွင်တော့ အားရှိတဲ့အစာကို ရွေးစားတာထက် အစာအုပ်စုစုံလင်စွာပါပြီး သင့်တင့်မျှတအောင် စားဖို့ အကြံပြုထားပါသည်။

    မဟုတ်လျှင် အာဟာရနှင့်ဆိုင်သောရောဂါများဖြစ်သည့် ဗီတာမင်ချို့တဲ့ခြင်းများ၊ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းများကို ဦးတည်သွားနိုင်ပါသည်။

    မျှတသော အစားအသောက်ဆိုတာဘာလဲ။

    အာဟာရဆိုသည်မှာ ကလေးငယ်၏ဦးနှောက် ဖွံဖြိုးမှုနှင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အဓိကအချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကျိုးကြောင်းညီညွှတ်သည့် အစားအသောက်တစ်ခုတွင် လုံလောက်သော စွမ်းအင်၊ လုံလောက်သော အာဟာရဓာတ်များကို ညွှန်းဆိုထားသည့် အာဟာရလိုအပ်မှုနှင့် မျှတမှုအတိုင်း ပါဝင်ရမည်ဖြစ်သည်။ ကလေး၏အသက်နှင့် လိင်ပေါ်လိုက်၍ အာဟာရမျှတမှုနှင့် ထောက်ပံ့မှု သင့်လျော်ရမည်ကို သိထားပါ။

    မျှတသောအစာအစာဆိုသည်မှာ-

    • အစားအစာတွင် စွမ်းအင်ရင်းမြစ်သုံးခု မျှတရမည် (ပရိုတင်း၊ အဆီနှင့် ကာဗိုဟိုက်ဒြိတ်မှရသော စွမ်းအင်)
    • ပရိုတင်းမျှတရမည် (ပရိုတင်းစုစုပေါင်းနှင့် တိရစ္တာန်မှရသော ပရိုတင်းအချိုး)
    • လစ်ပစ်အဆီ မျှတရမည် (လစ်ပစ်အဆီစုစုပေါင်းနှင့် လစ်ပစ်အချိုး၊ မပြည့်ဝအဆီပမာဏ)
    • ဗီတာမင်နှင့်သတ္တုဓာတ်များ မျှတရမည်။

    ကျိုးကြောင်းဆီလျော်သော် အစားအသောက်တစ်ခု ဖြစ်စေရန် အစာအမျိုးအစား စုံရန် လိုအပ်ပါသည်။ (အနည်းဆုံး အစာအမျိုးအစား ၅-၈ ခုထိပါရပြီး အဆီလည်းပါရန် လိုအပ်ပါသည်။) ကလေးအတွက် အစားအသောက် ပြင်ဆင်ရတွင် အမျိုးစုံအောင် သင့်လျော်စွာပြင်ဆင်ပေးပြီး များစွာသော အာဟာရဓါတ်များလည်း ပါဝင်ရမည်ဖြစ်သည်။

    အစားအစာမျှတစေရန်သေချာစေမည့် အစာအမျိုးမျိုးများ

    မျှတာသော အစားအစာသည် သင့်ခန္ဓာကိုယ်အား စွမ်းအင်နှင့် အာဟာရဓာတ်များကို ရရှိစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကျန်းမာစေရန် အထောက်ကူပေးပါသည်။

    မျှတစွာ မစားသောက်ရသော ကလေးများတွင် အလွယ်တကူ မောပန်းလွယ်ခြင်း၊ တက်ကြွမှုမရှိခြင်း၊ ကြီးထွားမှုနှေးခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် တချို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေများခြင်းတို့ ဖြစ်စေနိုင်ပါသည်။ အစားလွန်သော ကလေးများကြတော့လည်း ကိုယ်အလေးချိန်တိုးခြင်းနှင့် အဝလွန်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

    သင့်ကလေးမှာ မျှတတဲ့အစားအစာ စားရရဲ့လား။

    မိဘအများစုသည် ကလေး၏ကိုယ်အလေးချိန်ကိုသာ အာရုံစိုက်နေမိပြီး အရပ်အမောင်းကို အာရုံမစိုက်မိတာမျိုး ဖြစ်နိုင်ပါသည်။ တချို့တွင် ကလေးများ၏ အသက်အရွယ်လိုက် လိုအပ်သော အာဟာရအကြောင်းကိုတောင် နားမလည်ကြပါ။ အမျိုးမျိုးအစားအစာများကို ရွေးချယ်လေ့ရှိကြသည်။ ထိုမှနေ၍ ကလေးသည် ချေးများခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စားရမှာကြောက်ခြင်းတို့ ခံစားလာရပြီး ကလေး၏ စိတ်ရောကိုယ်ပါ ကြီးထွားဖွံဖြိုးမှုကို ထိခိုက်စေနိုင်ပါသည်။

    တချို့သောမိဘများသည် မသင့်လျော်သည့် အစားအစာများကျွေးတတ်သောကြောင့် ကလေးအတွက် မမျှတ အချိုးမကျသော အစာကိုသာ ရရှိစေသည်။ ကလေး၏အလေးချိန်သည် WHO မှ သတ်မှတ်ထားသည့် စံပြအလေးချိန်ထက် ကျော်လွန်နေသည့်တိုင် များစွာသော မိဘများကတော့ အစာများကို ပြွတ်သိပ်ကျွေးနေဆဲ၊ ကလေးကို သင့်လျော်စွာ မစားသောက်ခြင်းကို ခွင့်ပြုဆဲပင်။

    သရေစာ၊ အမြန်စာ၊ ပြုပြင်ထားသော သကြား (ချိုချဉ်၊ အအေး) တို့စားသောက်ခွင့်ပြုကြသလို အစာတစ်ခုနှင့်တစ်ခုကြား ကွာဟသည့်အချိန်တွင် ဘာမှမကျွေးကြတာမျိုးလည်းရှိ၏။ ထိုသို့ဆိုလျှင် ကလေး၏ဗိုက်ပြည့်မှုကို ထိန်းချုပ်ရန်ခက်ပြီး ကလေးများလည်း လိုအပ်သည်ထက် ပိုပြီးစားမိနေမည်ဖြစ်သည်။

    ထို့ကြောင့် မမျှတသည့် အစားစာကြောင့်ဖြစ်လာနိုင်မည့် ပြင်းထန်သော အာဟာရဆိုင်ရာ ပြဿနာများ- အဝလွန်ခြင်း၊ အဟာရချို့တဲ့ခင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း၊ ဖွံဖြိုးမှုနောက်ကျခြင်း စသည်တို့ကို ရှောင်လွှဲစေနိုင်ရန် ကလေးအတွက် မျှတသောအစားအစာပေးနိုင်ရန် အရေးကြီး၏။ အစာအမျိုးအစားစုံစွာပါခြင်း၊ မျှတသော အာဟာရပေးခြင်းနှင့် စားချင်စိတ်ကို လှုံ့ဆော်ပေးခြင်းတို့ ပြုလုပ်ပေးရပါမည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement