backup og meta

ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ

    ဦးနှောက် ၏ ၆၀ % ကို အဆီများဖြင့် ဖွဲ့စည်းထားပြီး အာရုံကြောများသည် ခန္ဓါကိုယ်၏ မည်သည့် စနစ်တွင်မဆို ဖြန့်ကျက်ထားသည်။

    ထို့ကြောင့် နေ့စဉ်စားနေသော အစားအစာများတွင် ကောင်းသော အဆီများပါလေလေ သင့်ဦးနှောက်အတွင် ကောင်းမွန်လေလေဖြစ်ပါသည်။ ဦးနှောက်သည် အဆီဓါတ်ကိုလုံလောက်စွာရရှိနေသော်လည်း များသောအားဖြင့် ကျွန်ုပ်တို့စားနေသော အဆီများသည် ကောင်းကျိုးမပြုသော အဆီများဖြစ်နေကြသည်။ ဒီတော့ ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ အကြောင်း  နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။

    ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ

    ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ ကတော့ အဆီဓာတ်ပါ။ ဦးနှောက်အတွက် လိုအပ်သည့် ကောင်းသော အဆီများမှာ Omega 3 နှင့် DHA တို့ဖြစ်သည်။ Omega 3 နှင့် DHA အဆီဓါတ်များသည် ဦးနှောက်အတွက် ကောင်းမွန်ကြောင်း နားလည် သဘောပေါက်ရမည်။

    ကျွန်ုပ်တို့ ဦးနှောက်သည် ခန္ဓါကိုယ်အနှံ့တွင် မည်သည့်အစိတ်အပိုင်းများတွင် လိုအပ်ချက်များရှိကြောင်းကို ဓါတုသတင်းပို့လွှတ်ချက်များထုတ်လွှတ်ကာ ဆက်သွယ်ပေးနေသော အဓိကကျသည့် အစိတ်အပိုင်းဖြစ်ပါသည်။

    အဆိုပါ ဓါတုဆက်သွယ်ရေးပစ္စည်းများမှာ Prostaglandin ဟုခေါ်သော ဓါတ်ပေါင်းများဖြစ်ပြီး ယင်းတို့သည် ကိုယ်ခန္ဓါ၏ ပြူပြင်ပြောင်းလဲမှုစနစ်တွင်ပါဝင်သည်။

    ကိုယ်ခန္ဓါသည် ကောင်းမွန်သော အဆီဓါတ်၂ မျိုး (Omega 3, Omega 6) နှင့် အတူ ဆက်သွယ်ပေးသောပစ္စည်း ၂ မျိုး (ဦးနှောက်ဆဲလ်များ နှင့် Prostaglandin )ကို လိုအပ်သည်။

    omega 6 အဆီဓါတ်ကို ဆူးပန်း၊ နေကြာပန်းနှင့် နှမ်းစေ့တို့မှရရှိနိုင်သည်။

    omega ၃ အဆီဓါတ်ကို နှမ်းကြတ်စေ့၊ ဖရုံစေ့၊ သစ်ချစေ့၊ ရေချိုငါး၊ ဆာလမွန်ငါး နှင့်တူနာငါးတို့မှ ရရှိနိုင်သည်။

    ထိုအဆီဓါတ်များသည် ဦးနှောက်ဆဲလ်များအတွက် အရေးကြီးသော အရာများဖြစ်ပြီး ခန္ဓါကိုယ်တွင်ရှိသော ဆဲလ်များ၏ အတွင်းနှင့် အပြင်ကိုအာဟာရဓါတ်များသယ်ပေးသော ဆဲလ်အလွှာများအတွက်လည်း အရေးကြီးသော အဆီဓါတ်များဖြစ်ပါသည်။

    ဦးနှောက်အတွက် အရေးကြီးသော အစာများမရရှိခြင်း

    လူ့ခန္ဓါကိုယ်တွင်ရှိသော ဆဲလ်များနှင့် ဦးနှောက်တို့သည် အမှန်တကယ်လိုအပ်သော အဆီဓါတ်ကို မရရှိသောအခါ ဆဲလ်များသည် ထိုအဆီဓါတ်နှင့်တူသော အဆီဓါတ်တမျိုးကို ဖွဲ့စည်းလိုက်သည်။ ထိုသို့ ဖွဲ့စည်းလိုက်သော အဆီဓါတ်များသည် လူကို အန္တရာယ်ဖြစ်စေပါသည်။

    ထိုသို့အစားထိုးဖွဲ့စည်းလိုက်သော အဆီဓါတ်များသည် ဟိုက်ဒြိုဂျင် အဆီဓါတ်အများအပြားပါသော အစားအစာများနှင့် Omega 6 အဆီဓါတ်လွန်ကဲစွာပါသော အစားအစာများတွင် အများဆုံးပါရှိပြီး စိတ်ဓါတ်ကျခြင်း နှင့် စိတ်အာရုံစုစည်းမရခြင်းစသည်တို့ကို ဖြစ်စေပါသည်။

    Omega 3 အဆီဓါတ်များစွာပါဝင်သော ငါးကြီးဆီနှင့် DHA တို့သည် ကိုယ်ထဲတွင် ကျန်းမာစေသော အဆီဓါတ်ကို ရရှိစေရုံမျှမက လူကို အန္တရာယ်ဖြစ်စေသော သွေးထဲရှိ ကိုလက်စထရောကို ကျဆင်းစေပြီး ခန္ဓါကိုယ်တွင် မကောင်းသော အဆီများအစားထိုးဝင်ရောက်ခြင်းကိုလည်းဟန့်တားပေးသည်။

    ဦးနှောက်ကြီးထွားမှုအတွက် ကောင်းမွန်သော အဆီများ

    အဆီဓါတ်သည် အထူးသဖြင့် ကြီးထွားနေသော ကလေးငယ်များနှင့် သက်ကြီးပိုင်းများတွင် ဦးနှောက် ဖွံ့ဖြိုးမှုနှင့် ဦးနှာက်၏ စွမ်းဆောင်ရည်ကို မြင့်မားစေသည်။ ဦးနှောက်သည် အာဟာရဓါတ်ပြည့်ဝစွာရရှိရန် အလိုအပ်ဆုံးအချိန်မှာ ဦးနှောက် ကြီးထွားမှု ဖြစ်နေသည့် အသက် ၂ နှစ်အရွယ်အထိ နှင့် သက်ကြီးပိုင်းများပင်ဖြစ်သည်။ အစာအာဟာရမှရရှိသော အဆီဓါတ်များသည် ဦးနှောက်ကြီးထွားလာခြင်း နှင့် အိုမင်းလာခြင်းကိုပါ အကျိုးပြုစေသည်။

    အဆီဓါတ်သည် ဦးနှောက်တွင် ရှိသော ဆဲလ်များနှင့် အာရုံကြောများကို ကာရံထားသော အဆီလွှာများအတွက် အရေးကြီးပါသည်။ ထို့ကြောင်း ကောင်းမွန်သော အဆီဓါတ်ကို လုံလောက်စွာရရှိမှသာ ဦးနှောက်၏ လုပ်ဆောင်ရည်များကောင်းမွန်မည်ဖြစ်သည်။

    DHA သည် ဦးနှောက်တွင် ရှိသော အချိန်အပိုင်းအခြားလိုက်မှတ်ဉာဏ်များကို ကောင်းမွန်စေသည်။ ငါး၊ အသားနှင့် ရေမှော်များကို မစားနိုင်သူများအတွက် အရေးပါသော ဖြည့်စွက်စာအနေနှင့် တနေ့လျှင် DHA ၁ ဂရမ်စားသုံးသင့်သည်ဟုဆိုသည်။

    ငါးကြီးဆီများသောက်သုံးရာတွင်လည်းဆေးဘူးမှာကပ်ထားသော အညွှန်းတွင် တနေ့လျှင် DHA ၁ ဂရမ် (1000 mg) ရရှိရန် ဆေးတောင့် အရေအတွက် မည်မျှသောက်သုံးရမည်ကို ကြည့်ပြီးသောက်သုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement