backup og meta

အချိုစားချင်စိတ်ကို ဘယ်လို ထိန်းချုပ်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိုစားချင်စိတ်ကို ဘယ်လို ထိန်းချုပ်မလဲ

    သွားပိုးစားခြင်းကို ထိန်းချုပ်ရခက်ပါတယ်။ အောက်ပါနည်းတွေက သကြားဓါတ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်ပါတယ်။

    အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ သကြားဓါတ် အလွန်အမင်းစားချင်မှုကို ရပ်တန့်ပေးနိုင်ပါတယ်။

    နည်းနည်းစီစားပါ

    သင်ကြိုက်တဲ့ ပမာဏ အနည်းငယ် (ကွတ်ကီးတစ်ချပ်၊ သကြားလုံ တစ်လုံး) စားနိုင်ပါတယ်။ လုံးဝမစားခြင်းထက် နည်းနည်းစီစားနိုင်ပါတယ်။ ၁၅၀ ကယ်လိုရီ ကန့်သတ်ချက် လုပ်ထားပါ။

    အစာတွေကို ရောစားပါ

    တကယ်လို့ ကွတ်ကီး (သို့) သကြားလုံးစားခြင်းကို မရပ်တန့်နိုင်ရင် ကျန်းမာတဲ့ အစားအသောက်နဲ့ ပေါင်းစားခြင်းအားဖြင့် အချိုဓါတ်လိုချင်မှုကို ကျေနပ်စေနိုင်ပါတယ်။

    အစိမ်းဖြတ်ဖြတ်ပါ

    အချိုဓါတ်လုံးဝမစားခြင်းဟာ အချို့လူတွေအတွက် ပထမနှစ်ရက်၊ သုံးရက်အတွက် အတော်ကို ခံရခက်စေပါတယ်။ ဒါပေမယ့် လူအချို့ကတော့ ဒီလိုအစိမ်းဖြတ်ဖြတ်ခြင်းဟာ ရက်အနည်းငယ်အကြာမှာ သူတို့ရဲ့ တောင့်တမှုတွေကို ပျောက်သွားစေတယ်လို့ ဆိုပါတယ်။

    အချို့ကတော့ သကြားဓါတ်ကို တောင့်တဆဲဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အရသာခံတဲ့ အစေ့လေတွေဟာ အနည်းငယ်ရရုံနဲ့ ကျေနပ်သွားကြပါတယ်။

    ပီကေ ဝါးပါ

    တကယ်လို့ သကြားဓါတ် တောင့်တခြင်းကို လက်လျှော့ခြင်း မဖြစ်လိုဘူးဆိုရင်တော့ ပီကေဝါးနိုင်ပါတယ်။ သုတေသနတွေက ပီကေ ဝါးခြင်းဟာ အစားအသောက် တောင့်တခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

    အသီးကို ရှာဖွေပါ

    သကြားစားလိုစိတ် ဖြစ်တာနဲ့ လက်လှမ်းမီတဲ့နေရာမှာ အသီးကိုထားပြီး ယူစားသင့်ပါတယ်။ အမျှင်ဓါတ်နဲ့ အာဟာရဓါတ်တွေကို အချိုဓါတ်နဲ့အတူ ရရှိမှာ ဖြစ်ပါတယ်။ အခွံမာသီး၊ အစေ့၊ အသီးခြောက် အစရှိတဲ့ အစားအစာတွေကို လှောင်ထားသင့်ပါတယ်။

    သကြားပါတဲ့ အစာတွေကို သွားစားခြင်းထက် သူတို့ကို လက်လှမ်းမီနိုင်တဲ့နေရာမှာ ထားပြီး စားသင့်ပါတယ်။

    ထပြီး လမ်းလျှောက်ပါ

    အချိုစာစားချင်စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် လမ်းလျှောက်နိုင်ပါတယ်။ အဆောက်အဦးကို တစ်ပတ်လျှောက်ခြင်း၊ ဒါမှမဟုတ် အစာစားချင်စိတ်ကို အပြောင်းအလဲဖြစ်စေတဲ့ ရှုခင်းပြောင်းလဲမှုတွေ ရှိအောင် ပြုလုပ်နိုင်ပါတယ်။

    အစားအသောက် ပမာဏထက် အရည်အသွေးကို ဦးစားပေးပါ

    အချိုစားချင်ရင် သကြားဓါတ်များတဲ့ အစားအသောက်ကို ရွေးချယ်ပါ။ ဒါပေမယ့် အနည်းငယ်သာ စားပါ။ ဥပမာ ကြီးမားတဲ့ သကြားလုံးတောင့်ကို စားမယ့်အစား အနက်ရောင်ချောကလက် အသေးကိုသာ ရွေးချယ်ပါ။ ပြီးရင်တော့ ဖြည်းဖြည်းချင်း စားသောက်ပါ။

    အစားအသောက်ထဲမှာ ပါဝင်တဲ့ ပမာဏ အနည်းငယ်ကို နှိုင်းယှဉ်နိုင်ဖို့ ကြိုးစားပါ။ ဒါပေမယ့် အစာအိမ်ကို သကြားနည်းပြီး ကျန်းမာတဲ့ အစားအသောက်တွေနဲ့ ဖြည့်တင်းဖို့ အာရုံစိုက်သင့်ပါတယ်။

    မကြာခဏ စားပါ

    အစားအစာတွေကြား ကြာရှည်စွာ စောင့်နေရခြင်းဟာ ဗိုက်ဆာတဲ့ ခံစားချက်ကို ကျေနပ်စေဖို့အတွက် သကြားဓါတ်များတဲ့ အဆီပါတဲ့ အစားအသောက်တွေကို စားသောက်ချင်တဲ့ အခြေအနေကို ရောက်ရှိစေပါတယ်။

    ဒီလိုဖြစ်မယ့်အစား သုံးနာရီကနေ ငါးနာရီကြားတစ်ခါ စားသောက်ခြင်းဟာ သွေးသကြားဓါတ်ကို တည်ငြိမ်စေပြီး ပုံမှန်မဟုတ်တဲ့ စားသောက်ပုံတွေကနေ ကာကွယ်ပေးပါတယ်။ ပရိုတင်း၊ အမျှင်ဓါတ် ကြွယ်ဝတဲ့ whole grains လိုမျိုးကို စားသောက်သင့်ပါတယ်။

    သကြားဓါတ်စားလိုခြင်းကို ထိန်းချုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မစခင် ရပ်တန့်ခြင်းပဲ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။

    သဘာဝအတိုင်းမဟုတ်တဲ့ အချိုတွေကို ရှောင်ကျဉ်ပါ

    သဘာဝအတိုင်းမဟုတ်တဲ့ အချိုတွေဟာ သကြားဓါတ်စားလိုခြင်းကို မလျှော့ချပေးနိုင်ပဲ အဝလွန်ခြင်းအတွက်လည်း ကောင်းမွန်ခြင်း မရှိပါဘူး။

    သကြားဓါတ်စားသုံးလိုမှုကို ထိန်းချုပ်နိုင်ခြင်းအတွက် သင့်ကိုယ်သင် ဆုချသင့်ပါတယ်

    ဆုဟာ သေးသေး (သို့) ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို မမေ့သင့်ပဲ အောင်မြင်တဲ့ အဆင့်တစ်ခုစီအတွက် ကိုယ့်ကိုယ်ကို ဆုချသင့်ပါတယ်။

    ဖြည်းဖြည်းစီလုပ်ပါ

    တစ်ပတ်စီအတွက် သကြားဓါတ်တောင့်တ မှုတွေကိုသာ အာရုံစိုက်ပြီး ဘာစားရမလဲဆိုတာကိုတွေးပါ။ စီစဉ်မှုမရှိခြင်းဟာ မကောင်းပါဘူး။ ဒါကြောင့် ဖြည်းညင်းစွာလုပ်ပါ။ အစီအစဉ်ဆွဲပါ။ စိတ်ပျက်လို့စားခြင်းထက် သင်စားသင့်တဲ့ စားလိုတဲ့အရာကို စားပါ။

    လှုံ့ဆော်မှု ရှိပါ

    လူအတော်များများဟာ သူတို့ စိတ်ဖိစီးချိန်၊ စိတ်ကျချိန်၊ ဒေါသထွက်ချိန်တွေမှာ အချိုစားတတ်ကြပါတယ်။ ဒါပေမယ့် အစားအသောက်ကတော့ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။

    ဘယ်လို ခံစားမှုတွေက သကြားဓါတ်လိုအပ်မှုတွေနဲ့ ဆက်နွယ်နေလဲဆိုတာ စဉ်းစားပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေသင့်ပါတယ်။

    ပေါင်းစပ်ပါ

    သကြားဓါတ် စားသုံးလိုခြင်းကို တောင့်ခံနိုင်ဖို့ နည်းလမ်းတစ်ခုထက်မနည်း လိုအပ်နိုင်ပါတယ်။ တစ်ပတ်မှာ နည်းတစ်မျိုးနဲ့ အောင်မြင်နိုင်ပေမယ့် နောက်တစ်ပတ်မှာ နောက်တစ်မျိုး လိုအပ်နိုင်ပါတယ်။

    သကြားဓါတ် တောင့်တခြင်းတွေကို ထိန်းချုပ်ဖို့ သင့်အတွက် ဘယ်နည်းအကောင်းဆုံးလဲဆိုတာ ရှာဖွေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement