ကယ်လိုရီဆိုတာ
ကယ်လိုရီဆိုတာ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့လောင်စာတွေပါ။ လူ့ခန္ဓာကိုယ်မှာ အမြဲမပြတ်အားပြည့်နေဖို့လိုအပ်နေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေဆက်ပြီးလည်ပတ်နိုင်ဖို့ အစားအသောက်တွေကနေရရှိတဲ့ ကယ်လိုရီကို သုံးရပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ကယ်လိုရီကြောင့် လှုပ်ရှားဖို့အားရှိနေတာဆိုတာ သိထားသင့်ပါတယ်။
ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေနဲ့ ပရိုတင်းတွေက ကယ်လိုရီပါဝင်တဲ့ အာဟာရဓာတ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် အဓိကခွန်အားအရင်းအမြစ်တွေဖြစ်ပါတယ်။ ဘယ်အစားအသောက်ကနေပဲရရ ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေက ခွန်အားအဖြစ် သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။
ခွန်အားအဖြစ်မလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ အဆီပိုအဖြစ်ကျန်ရစ်မှာဖြစ်လို့ ကယ်လိုရီလွန်ကဲအောင်မစားသုံးဖို့ ဒါမှမဟုတ် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လှုပ်ရှားမှုပိုလုပ်သင့်ပါတယ်။
ကယ်လိုရီဘယ်လောက်စားသုံးသင့်သလဲ
ကိုယ်စားလေ့ရှိတဲ့ အစားအသောက်တွေရဲ့ကယ်လိုရီပါဝင်မှုပမာဏကို သိထားမယ်ဆိုရင် တစ်နေ့တာစားသုံးသင့်တဲ့ အတိုင်းအတာနဲ့ နှိုင်းဆချင့်ချိန်လို့ရနိုင်ပါတယ်။ ကိုယ်အလေးချိန်အတက်အကျအတွက်က ရှင်းပါတယ်။ ကယ်လိုရီစားတာများပြီးလောင်ကျွမ်းတာနည်းရင် ဝိတ်တက်လာမယ်၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ပိုလောင်ကျွမ်းစေရင် ဝိတ်ကျမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။