အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင် ကော်ဖီနဲ့ တည့်ရဲ့လား

လူ တစ်ယောက်က သင့်ကို ကော်ဖီနဲ့ တည့်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ? ဒီမေးခွန်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖိန်းဓာတ်မတည့်မှု (Caffeine Sensitivity) က လူတိုင်းမှာ ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီမှာ မေးစရာရှိတာက လူတိုင်းမှာ ရှိနေရင် ဘာလို့ လူတိုင်း အဆင်ပြေပြေ ကော်ဖီသောက်နေနိုင်တာလဲပေါ့။ ဟုတ်ပါတယ်။ လူအများစုဟာ ကော်ဖီကို နေ့စဉ် အဆင်ပြေပြေ သောက်လို့ရနေပါတယ်။ အကြောင်းကတော့ Caffeine Sensitivity ဟာ ရောဂါလက္ခဏာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကဖိန်းဓာတ်ပမာဏကို လက်ခံနိုင်စွမ်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ကော်ဖီထဲက ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်းမတူညီကြပါဘူး။ တစ်ချို့က တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးနိုင်ကြပြီး တစ်ချို့က တစ်နေ့ကို ၄၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာစားရမလဲ............

ခေါင်းကိုက်တာကိုမှ ခေါင်းမထောင်နိုင်အောင် ကိုက်နေတာမဟုတ်ဘဲ၊ ခေါင်းတစ်ခြမ်းတည်းကနေ ကိုက်နေတာက တော်တော်လေးတော့ ခံရခက်တယ်နော်။ ဒီပြဿနာက ဘာမှသာ မဟုတ်တယ် တစ်နေ့တာ လုပ်စရာကိစ္စတွေကို အာရုံစိုက်ဖို့ ခက်ခဲပြီး ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ ဒီပြဿနာကို အစားအသောက်လေးတွေ စားရင်း အတူတူဖြေရှင်းရအောင်လား.............. ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဒါတွေစားပါ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက်ဆိုရင်တော့ ရေ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကို များများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုး ဒီအစားအစာတွေထဲမှာ​ အပင်ကနေရတဲ့ အက်စထရိုဂျင်တွေ ပါဝင်နေပါတယ်။ ဒီလိုပါဝင်နေမှုက အမျိုးသမီးတွေကို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ပြဿနာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရုတ်တရက် အက်စထရိုဂျင်ပမာဏကျဆင်းမှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြော်င့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ အခါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ...........

ပူပြင်းတဲ့ နွေရာသီ ကာလကို ရောက်လာပြီဆိုရင် ပူပြင်းတဲ့ နေရောင်က တမျိုး၊ ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးမှုက တသွယ်၊ ပြင်းထန်ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တစ်ဖုံ အမျိုးမျိုးအထွေထွေ ဒုက္ခတွေများလှတဲ့ ကာလပါ။ ဒီလို ဥတုရာသီကာလမျိုးရောက်ပြီဆိုရင် ရင်ကို အေးစေမယ့်၊ ရေဓာတ်လည်း ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ၊ အသီးအနှံတွေစားဖို့ မှီဝဲဖို့ ခေါင်းထဲ တန်းစီ စိတ်ကူးမိကြမယ်ထင်ပါတယ်။ ပူပူလောင်လောင် နေ့ခင်းနေ့လည် အချိန်မျိုးမှာ အရည်ရွှမ်းရွှမ်း၊ အရသာရှိရှိနဲ့ သစ်သီး ချိုချိုမွှေးမွှေးလေးတွေကို အားရပါးရ ကိုက်စားလိုက်ရရင် ဆိုပြီးတွေးကြည့်စမ်းပါ။ တကယ် အရသာရှိမှာနော်။ နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ........... နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့  ဘာတွေစားရမလဲ။ ဒီလို နွေပူပူမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ရေဓာတ်လည်း ဖြည့်ဆည်းပေးနိုင်၊ အရသာလည်းရှိပြီး လွယ်လွယ်ကူကူလည်း လက်လှမ်းမှီမှီရှာဖွေ ဝယ်ယူလိုရတဲ့ သစ်သီးလေးတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တင်ပါး ပြည့်ပြည့်လေး ဖြစ်စေဖို့ ဘာစားမလဲ............

လေဒီလေးတွေက တင်ပါး ပြည့်ပြည့်လေး နဲ့ဆိုရင် ဘာဝတ်ဝတ်လှတယ်လို့ ထင်တတ်ကြတယ်နော်။ ဒီတော့ တင်ပါးပြည့်ပြည့်လေးနဲ့ လှအောင် ဘာတွေစားကြမလဲ....... ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ တင်ပါး ပြည့်ပြည့်လေး နဲ့လှစေဖို့ ဘာစားမလဲ.............. တင်ပါးလေးက ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ လှစေဖို့ဆိုရင် ပရိုတင်း ရှိတ် ခန္ဓာကိုယ် အနေနဲ့ တစ်နေ့ကို ပရိုတင်း ၁.၆ ဂရမ် ကနေ ၁.၈ ဂရမ်အထိ လိုအပ်ပါတယ်။ ဒါပေမယ့် လေဒီအများစုက ပရိုတင်းကို အလုံအလောက်စားမိခဲကြပါတယ်။ ဒီတော့ ပရိုတင်း လုံလောက်ပြည့်ဝစွာရရှိစေဖို့ဆိုရင် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ပေးရင်း ပရိုတင်း ရှိတ်ကို တစ်ခွက်လောက် မှန်မှန်သောက်ပေးပါ။ Chia seeds Chia seeds မှာ ပရိုတင်း နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါဝင်နေပါတယ်။ Chia seeds ၁၀၀ ဂရမ်မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပူပြင်းလှတဲ့ နွေမှာ ကျန်းမာအောင် စားသောက်ကြမယ်

တစ်နေ့တစ်နေ့တိုးလာတဲ့အရာတစ်ခုကို သိသိသာသာ ခံစားနေကြရတယ်ဟုတ်။ ဒါကတော့ အပူချိန်ပါ။ အပူချိန် တိုးလာတာနဲ့အမျှ အစားအသောက်တွေကို ပိုဆင်ခြင်ဖို့လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ မတက်မှာလေ။ ဒီတော့ ပူပြင်းလှတဲ့ နွေမှာ ကိုယ်တိုင်ရော မိသာစုဝင်တွေပါ ကျန်းမာနေစေဖို့ ဘာတွေစားကြမလဲ.......... ပူပြင်းတဲ့နွေ နဲ့ ကျန်းမာရေး နွေရာသီရဲ့ အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။ အပူလျှပ်မယ် ရေဓာတ်ဆုံးရှုံးမယ် ဝမ်းပျက်ဝမ်းလျှောဖြစ်မယ် ဖျားနာ အစာအဆိပ်သင့် ခေါင်းကိုက် နေလောင်တာ မိတ် အရေပြား ပြဿနာ ဝက်ခြံ စတာတွေဖြစ်နိုင်ပါတယ်။ နွေရာသီ ရဲ့ အပူချိန်ကြောင့် ဆီးချို၊ သွေးတိုးတို့လိုမျိုး ရောဂါအခံရှိသူတွေမှာလည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ပူပြင်းလှတဲ့ နွေမှာ ကျန်းမာအောင် စားသောက်ကြမယ် ပူပြင်းလှတဲ့ နွေမှာ ကျန်းမာနေစေဖို့အတွက် အရည်များများ သောက်ပါ နွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘာကြောင့် ခဏခဏ ဗိုက်ဆာနေတာလဲ

လူ့ခန္တာကိုယ်ဆိုတာမျိုးက အစားအစာတွေကို စွမ်းအင်အဖြစ် အသုံးချနေတဲ့ အရာတစ်ခုပါ။ ပုံမှန် အစာစားသုံးမှုဟာ အသက်ရှင်သန်နေထိုင်ဖို့အတွက် လိုအပ်တဲ့ လောင်စာတွေကို ဖြည့်တင်းပေးတာဖြစ်ပါတယ်။ အစားအစာဆိုတဲ့ ခန္တာကိုယ်အတွက် လောင်စာတွေကို လျှော့ချစားသောက်တာက ကောင်းမွန်တဲ့ အပြုအမူမဟုတ်သလို အလွန်အမင်း လွန်လွန်ကျွံကျွံစားနေမိတာကလည်း သင့်လျော်မှန်ကန်တဲ့ အပြုအမူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာ အစာစားပြီး နာရီအနည်းငယ်အတွင်းမှာတင် ဗိုက်ပြန်ဆာလာတာမျိုး၊ အစာစားချင်စိတ် အလွန်အမင်းဖြစ်လာတာမျိုးတွေ ကြုံရနေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ သင့်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ချို့ရှိနေပြီဖြစ်ပြီးတော့ ဂရုစိုက်ဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ မကြာခန ဗိုက်ဆာတတ်ခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ချေ အကြောင်းတရား အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအကြောင်းတရားမျိုးတွေလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်။ အစာစားချင်စိတ် ခဏခဏ ပေါ်လာအောင် တွန်းအားပေးသည့် အကြောင်းအရင်းများ လုံလောက်စွာ မအိပ်စက်ခြင်း - အိပ်ရေးပျက်တာကြောင့်လည်း မလိုအပ်ပဲ ဗိုက်ပိုဆာအောင် တွန်းအားပေးပါတယ်။ အိပ်စက်မှုနည်းလမ်းဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း

လူတစ်ယောက်ရဲ့ ကျန်းမာမှုအပေါ် သက်ရောက်နေတဲ့ အချက်တွေက အများကြီးပါ။ ဒီအချက်တွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမှုက အရေးအပါဆုံး အချက်တွေထဲက တစ်ခုပေါ့။ ဒီတော့ တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း က ဘာတွေများလဲဆိုတာကို ပြောပြပေးချင်ပါတယ်။။ တစ်​နေ့တာမှာ ဘာတွေစားပေးသင့်လဲ ......... တစ်နေ့တာမှာ ကျန်းမာပြီး အာဟာရပြည့်စေဖို့ဆိုရင် ထမင်း ပေါင်မုန့် အသား (အဆီမပါ) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ ငါး ဥအမျိုးမျိုး နို့ နဲ့ နို့ထွက်ပစ္စည်း ရေ သစ်သီး အသီးအရွက် အစေ့အဆန် စတာတွေကို စားပေးလို့ရပါတယ်။ တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ သစ်သီးတွေက အမျိုးအစား အရောင်အသွေးစုံလင်သလို ပါဝင်နေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သစ်သီးတွေများ အစားများနေပြီလား......

သစ်သီးစားတာက ကျန်းမာရေးအတွက် ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် အများကြီး စားရင်တော့ မကောင်းဘူးနော်။ မြန်မာစကားပုံ တစ်ခုလိုပေါ့။ အရာရာတိုင်းမှာ တန်ဆေး လွန်ဘေး ဆိုသလိုပေါ့။ သစ်သီးစားတာက ကောင်းပါတယ် အလွန်အကျွံ မဖြစ်စေဖို့ဘဲ လိုတာပါ။ ဒီတော့ သစ်သီးကို ကျန်းမာချင်လို့ စားကာမှ အများကြီးစားမိတာမျိုး မဖြစ်စေဖို့ ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေလား........... သစ်သီးစားတာ ကောင်းလား........ ကောင်းပါတယ်။ ဒီလိုပြောရတာက သစ်သီးစားတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက မနည်းဘူးလေ။ နေ့စဉ်မှာ သစ်သီးကို သင့်တင့်တဲ့ပမာဏ စားသုံးပေးခြင်းက ဆီးကျောက်တည်တာ ဝမ်းချုပ်တာ သွေးတွင်းသကြားဓာတ် အတက်အကျမြန်တာ သွေးတိုးတာ အမျိုးအစား (၂) ဆီးချိုရောဂါ အရေပြား ပြဿနာ နှလုံးရောဂါ လေဖြတ်တာ အဝလွန်တာ တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သစ်သီး အစားများနေပြီလား....... သစ်သီးကို ပုံမှန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ

နေ့စဉ်နေ့တိုင်း မှီဝဲစားသုံးနေတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိနေပါတယ်။ ဒါပေမယ့် ဒီလို ကြွယ်ဝစွာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးမသွားဖို့၊ လျော့ပါးမသွားဖို့ဆိုရင် အဆိုပါ ဟင်းသီးဟင်းရွက်တွေကို စတင်ဆေးကြောစဉ် အချိန်မှာကတည်းက ဂရုတစိုက် ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ အိမ်ထောင်ရှင်မ အများစုဟာ နေ့စဉ် အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင် နေကြပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆေးကြောသန့်စင်တာမျိုးကတော့ နည်းပါးကြပါတယ်။ စားဖိုဆောင် တစ်ခုကနေ ချက်ပြုတ်ဖန်တီးလိုက်တဲ့ အစားအသောက် ဟင်းလျာတွေဟာ နေအိမ် တစ်အိမ်လုံးက မိသားစုဝင်တွေ ဗိုက်ပြည့်ရုံတင် မဟုတ်ပါဘူး၊ ကျန်းမာကြံ့ခိုင်ပြီး အာဟာရ ပြည့်ဝနေစေဖို့လည်း အထောက်အကူ ပြုပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်ဖို့ဆိုရင် စတင် ဆေးကြောချိန်ကနေစတင်ပြီး ဂရုတစိုက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိပ်ရာပေါ်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် အစားအစာ ၇ မျိုး

ပျော်ရွှင်စရာ ကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကျန်းမာကြံ့ခိုင်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စိတ် အလိုဆန္ဒအတိုင်း စွမ်းဆောင်နိုင်မှ ကျေနပ်ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်လား။ လိင်စွမ်းဆောင်ရည် မပြည့်ဝတာ၊ ကျေနပ် နှစ်သက်မှု မရတာ၊ အထွတ်အထိပ် မရောက်တာတွေဟာ ချစ်သူ၊ အိမ်ထောင်ဖက်တွေနဲ့ ဆက်ဆံရေးမှာ ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်စေလေ့ ရှိပါတယ်။ ချစ်ခြင်း မေတ္တာတွေ၊ အပြန်အလှန် နားလည်မှုတွေ ဘယ်လောက်ပဲ ထားရှိနေတယ် ဆိုသော်ငြားလည်း အိပ်ယာပေါ်မှာ ကျေနပ်စရာတွေ မရှိဘူးဆိုရင် ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်ဖို့ ရာခိုင်နှုန်း အတော်များများ သေချာနေတတ်ပါတယ်။ ဒါကြောင့်လည်း (အထူးသဖြင့် အမျိုးသားတွေဟာ) စိတ်ကျေနပ်စရာ လိင်မှုစွမ်းဆောင်ရည်ကို ပုံမှန် စွမ်းဆောင်ပြနိုင်ဖို့၊ ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း