ကိုယ်တွင်းမှာ အောက်ဆီဂျင်စီးဆင်းမှုကို ကောင်းမွန်စေနိုင်တယ် သွေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပါဝင်ဖွဲ့စည်းထားတဲ့အရာက ရေပါ။ သွေးကအောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကိုပို့ဆောင်ပေးတာပါ။ ဒါကြောင့် ရေသောက်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကောင်းစေမှာပါ။
ရေဓာတ်မပြည့်ဝလို့ အသားတွေမွဲခြောက်တာက ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဒီတော့ အသားအရေကိုရေဓာတ်ဖြည့်ဖို့ဆိုရင် အစိုဓာတ်ထိန်းခရင်မ်လူးတာထက် ရေသောက်တာကပိုထိရောက်ပါတယ်။ အရေပြားပြဿနာကင်းပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကိုကာကွယ်ဖို့ဆို ရေသောက်ပါ။
ရေဓာတ်ခမ်းခြောက်မှုက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး အတွေးစိတ်ကူးတွေဆန်းသစ်စေဖို့ရေသောက်ပေးပါ။ တွေးရကြပ်လာရင် ရေသောက်လိုက်ပါ။
ရေကို အရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်က ပူလာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေက ချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ အပူလျှပ်တာတွေ မဖြစ်စေဖို့ဆိုရင်လည်း ရေကိုလုံလောက်အောင်သောက်သုံးဖို့လိုပါမယ်။
အူမကြီးကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့ ကရေဓာတ်လုံလောက်စွာရရှိဖို့လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ဝမှုမရှိတဲ့အခါ အစာအိမ်အက်ဆစ်တွေက ပြင်းနေတာမျိုး၊ အူတွေက အာဟာရစုပ်ယူနိုင်စွမ်းကျတာနဲ့ ဝမ်းချုပ်တာတွေ ခံစားရနိုင်ပါတယ်။ ရေသောက်နည်းတာက အစာမကြေတာ၊ ရင်ပူတာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
ရေက ချွေး၊ ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိချင်တယ်ဆိုရင် ရေကို လုံလောက်တဲ့ပမာဏရအောင် သောက်ပါ။
ရေဓာတ်ခမ်းခြောက်တဲ့အခါ အသက်ရှူလမ်းကြောင်းတလျှောက်ခြောက်သွေ့မှုတွေဖြစ်ပြီး ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။