ဆီးချိုရှိသူတွေ အနေနဲ့ရော ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ချင်သူတွေပါ နေ့စဉ် သစ်သီးစားသုံးပေးလို့ရပါတယ်။
တစ်နေ့တာမှာ ဘယ်လောက်စားမလဲ………
တစ်နေ့တာ ကျန်းမာစေဖို့ဆိုရင် သစ်သီးကို နည်းနည်းလောက်ဖြစ်ဖြစ်တော့ စားပေးဖို့ လိုပါမယ်။ တစ်နေ့မှာ စားသုံးသင့်တဲ့ သစ်သီးပမာဏက အနည်းဆုံးအနေနဲ့ ၄၀၀ ဂရမ် ဖြစ်ပြီး တစ်နေ့တာမှာ တစ်ခါပြင်စာ သစ်သီးကို ၅ ကြိမ်လောက်အထိ စားပေးလို့ရပါတယ်။
ဒီလိုလေး ပုံမှန် စားသုံးပေးတာက ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ရောဂါတွေ နာတာရှည်ရောဂါတွေ ဖြစ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
ဘာကြောင့် တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားသုံးပါလို့ ပြောရလဲဆိုတာကို သိကြပြီလား…. ကဲ..ဘယ်လိုလဲ….. နေ့စဉ် စားသုံးမှုမှာ သစ်သီးပါအောင် စားသုံးမယ် မဟုတ်လား Helloဆရာဝန် ပရိတ်သတ်ကြီးတို့ရေ……….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။