အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေသောက်လွန်ကဲပြီး ရေဆိပ်သင့်ခြင်း (Water Intoxication)

ဒါက ရေဓာတ်ခမ်းခြောက်တာလိုမျိုး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ ရေသောက်တဲ့ နေရာမှာလည်း တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ နည်းရင်လည်း ဘေးဖြစ်သလို များလွန်းရင်လည်း ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်သွားတတ်ပါတယ်။ ခုပြောပြမယ့် အကြောင်းအရာကတော့ ရေသောက်များခြင်းကြောင့် ဆန့်ကျင်ဘက် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်သွားတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ရေဆိပ်သင့်ခြင်း ဆိုတာ ဘာလဲ။ ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်ပြီး ရေအများအပြား သောက်မိလိုက်တဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ရေကို အလွန်အကျွံ သောက်မိတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရေပမာဏ အလွန်များသွားပြီး သွေးထဲက ဆိုဒီယမ်ဓာတ်ကို ကျဲသွားစေပါတယ်။ ဆိုဒီယမ်ဓာတ်သည် ခန္ဓာကိုယ်တွင်း ဆဲလ်တွေရဲ့ အတွင်းဘက်နဲ့ အပြင်ဘက်မှာ ရှိတဲ့ အရည်ပမာဏကို ထိန်းညှိပေးတာကြောင့် ဆိုဒီယမ်ဓာတ် ကျဲ (နည်း) သွားတဲ့အခါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံး အတိုင်းအတာအရ နေ့စဉ် အများဆုံး သောက်နေကြတဲ့ ဖျော်ရည်စာရင်းမှာ ကော်ဖီဟာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူ့မှာ ပါတဲ့ ကဖင်းဓာတ်ကြောင့် စိတ်ကို နိုးကြားတက်ကြွစေသလို အိပ်ချင်တာ၊ ခေါင်းမူးတာတွေ ပြေစေပြီး စိတ်ကို ရွှင်လန်းစေတယ်။ တချို့တွေကျတော့လည်း ကော်ဖီကို ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုပြီး ရှောင်ကြတယ်။ ကော်ဖီ သောက်သင့်လား၊ မသောက်သင့်ဘူးလား။ တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားပုံကို အမြဲတမ်း လက်စွဲကျင့်သုံးဖို့သာ လိုအပ်ပါတယ်။ ကော်ဖီမှာလည်း သူ့ရဲ့ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနေနိုင်တာကြောင့် တစ်နေ့ တစ်ခွက်၊ အများဆုံး နှစ်ခွက်လောက်ပဲ သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ နေ့တိုင်း သောက်နေတာထက်လည်း တစ်ရက်ခြားစီ သောက်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ ဒီနေရာမှာတော့ ထူးခြားခြား ကော်ဖီနဲ့ ဓာတ်မတည့်တာမျိုး၊ ကော်ဖီ သောက်လို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အမျှင်ဓာတ်များသော အစားအစာများ အကြောင်း

အမျှင်ဓာတ် ဟာ လူတို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း၊ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျှင်ဓာတ်များသော အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။ နေ့စဉ် စားသုံးသင့်တဲ့ ပမာဏကတော့ အမျိုးသမီးများအတွက် ၂၅ ဂရမ်ဖြစ်ပြီး အမျိုးသားများအတွက် ၃၈ ဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ တစ်ရက်မှာ ၁၅-၁၇ ဂရမ်လောက်ပဲ စားဖြစ်ကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ အမျှင်ဓာတ်ကို ပိုမိုစားသုံးနိုင်ဖို့ဆိုတာ မခက်ခဲပါဘူး။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။ အမျှင်ဓာတ်များသော အစားအစာများ အကြောင်း အမျှင်ဓာတ်များသော အစားအစာများ ၁။ သစ်တော်သီး (၃.၁ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓာတ် အကြွယ်ဝဆုံး ဖြည့်တင်းပေးနိုင်မယ့် အစားအစာ ၈ မျိုး

လူတစ်ယောက်ဟာ အနည်းဆုံး တစ်ရက်မှာ ရေ ၈ ခွက်လောက် ဖြည့်တင်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သင့်အနေနဲ့ ကြားဖူးရင် ကြားဖူးမှာပါ။ ဒီလိုမှမဟုတ်ရင် သင် ရေဓာတ် ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်တဲ့။ ဒါပေမယ့် လူအတော်များများက ဒီအချက်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားတတ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်ရေဓာတ်လိုအပ်နေတာမှန်ပေမယ့် ဒီလိုဆိုလာလို့ တစ်နေကုန်တစ်နေခန်း ရေတွေချည်းထိုင်သောက်နေဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ ရေဓာတ်ပါဝင်မှုများတဲ့၊ ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ အစားအစာတွေကိုလည်း စားသောက်ပြီးလည်း တစ်ဖက်တစ်လမ်းကနေ ရေဓာတ်ဖြည့်တင်းလို့ရပါသေးတယ်။ အစားအစာကနေတဆင့် ရေဓာတ်ကို ဖြည့်တင်းတာကလည်း မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်အစားအစာတွေက ရေဓာတ် အကြွယ်ဝဆုံးလဲ National Academies of Science, Engineering and Medicine ရဲ့ အကြံပေးချက်အရဆိုရင်တော့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်အတွက် တစ်နေ့ကို ရေ အောင်စဝက်ကနေ တစ်အောင်စအထိ ဖြည့်တင်းပေးဖို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသင့်စား ခေါက်ဆွဲတွေက အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါ

ကိုရီးယားကားတွေကို ကြည့်လိုက်တိုင်း စားချင်မိတဲ့ ခေါက်ဆွဲပြုတ်၊ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူဆိုပြီး ကလေးက လူကြီးတွေအထိ အလွယ်တကူ စားမိနေတဲ့ အသင့်စားခေါက်ဆွဲပြုတ်တွေက ပြင်ဆင်ရတာ လွယ်ကူသလို စားရတာ ပူပူနွေးနွေးနဲ့အရသာရှိပေမယ့် ကျန်းမာရေးအတွက်တော့ တကယ်ကို မသင့်တော်ပါဘူး။ တာရှည်ခံဆေးတွေ နဲ့ အသွင်အပြင်လှလှပပ အရသာပြည့်ပြည့်ဝဝ ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေကို အချို့သော သားသားမီးမီးတွေက မပြုတ်ဘဲ ဒီအတိုင်းချိုးခြေ၊ အမှုန့်တွေနဲ့ နယ်ပြီး စာနေကြတာတွေရှိပါတယ်။ ဒါက ကလေးတွေမစားသင့်တဲ့ အစားအစာတစ်မျိုးပါ။ လတ်တလောတော့ ဘာမှ မဖြစ်လို့ သတိမထားမိပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။ အသင့်စားခေါက်ဆွဲ တကယ်ပဲ ဆိုးသလား......... အသင့်စားခေါက်ဆွဲတွေက အာဟာရမပြည့်ရုံတင် မဟုတ်ပါဘူး။ ခေါက်ဆွဲ အစားများတဲ့သူတွေမှာ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာ ကြီးကြီးမားမားတွေ ခံစားရနိုင်ပါတယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖင်းနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးများ

ကော်ဖီလေး ကြိုက်တယ် ကော်ဖီလေးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီးသောက်တယ်။ အသားလေးလည်း ကြည်တယ်ဆိုပြီး သောက်မိနေသလား။ ဒါဆိုရင် ဒီအချက်လေးတွေကိုရော သိထားပြီးပြီလား...... ကော်ဖီနဲ့ သိထားတာလေးတွေ မှန်လား ........... အယူအဆ (၁) - ကော်ဖီသောက်တာက အရေပြားကင်ဆာ ကာကွယ်တယ် ဒီအယူအဆက မမှန်ပါဘူး။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အမျိုးသား ကင်ဆာဌာနက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအယူအဆက အပြည့်အဝမမှန်တော့ဘူးလို့ပဲ ပြောပါရစေ။ နောက်ပိုင်း လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု ရလဒ်တွေ အရကတော့ ကော်ဖီသောက်တာက အရေပြားကင်ဆာကို မကာကွယ်ပေးနိုင်ပဲ ကော်ဖီ စွဲလမ်းမှုကိုသာ ဖြစ်စေနိုင်တယ် ဆိုတာပါ။ အရေပြားကင်ဆာ ဖြစ်ရတာက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း

လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း လေ့လာလိုက်ရအောင်နော်။ လက်တို့စ် ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့ သကြားဓာတ် ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါ ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ဒီပြဿနာကြောင့် လူတချို့ဟာ နွားနို့အပါအဝင် နို့များကို ရှောင်ကြဉ်လာရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လက်တို့စ်မပါဝင်တဲ့နို့တွေ ထုတ်လုပ်လာကြပါတယ်။ ဒါဟာ လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose intolerance) ကြောင့် ကြုံလာရမယ့် ဝေဒနာတွေကို ကာကွယ်လာနိုင်ပါတယ်။ ဒါပေမယ့် လူအများဟာ လက်တို့စ်မပါတဲ့နွားနို့ဆိုတာ ဘယ်လိုမျိုးလဲ၊ ပုံမှန်နွားနို့နဲ့ ဘာကွာသလဲ၊ သုဲးစွဲဖို့ သင့်မသင့် သေချာစွာ မသိကြသေးပါဘူး ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ

ကြာရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။ တာရှည်ခံအောင် ပြုပြင်ရာမှာ ဓာတုဆေးဝါးတွေပါဝင်လို့ အခုလို ယူဆတာပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ တာရှည်ခံအသားတွေရဲ့ ကျန်းမာရေးပေါ် အကျိုးသက်ရောက်ပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ တာရှည်ခံအသား ဆိုတာ ဘာလဲ တာရှည်ခံအသားဆိုတာ အသားငါးများကို တာရှည်ခံနိုင်အောင် ဆားစိမ်ခြင်း၊ ကြပ်တိုက်ခြင်း၊ အခြောက်ခံခြင်း၊ စည်သွတ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ပြုပြင်ထားခြင်းပဲ ဖြစ်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေကတော့ - ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဆလာမီ - ဝက်ပေါင်ခြောက် - အမဲသားဆားရေစိမ် - ကြပ်တိုက်သား - အမဲခြောက် - စည်သွတ်ဗူး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ အေးခဲထားခြင်း၊ ခုတ်ထစ်ပြုပြင်ထားခြင်း စတဲ့အသားတွေကိုတော့ မဆိုလိုပါဘူး။ ကျန်းမာရေးနှင့် မညီညွတ်ခြင်း တာရှည်ခံအောင်ပြုပြင်ထားတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ တာရှည်ခံ အစားအစာတွေကို ရေရှည်စားသုံးသူတွေကို လေ့လာကြည့်ရာမှာ ရောဂါမျိုးစုံ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးသောက်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်း

ရေသောက်တဲ့ အလေ့အထဟာ ကျန်းမာရေးအတွက် အထူး အထောက်အကူဖြစ်စေတဲ့ အလေ့အထတစ်ခုပါ။ နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ။ ဒီနေရာမှာ ပြောစရာရှိတာက တချို့အေးမြမြ ရေခဲရေလေးကိုမှ နှစ်သက်တက်ပြီး တချို့တွေကတော့ လက်ဖက်ခြောက်လေးဖြစ်ဖြစ် ခတ်ထားတဲ့ ရေနွေးကြမ်းမျိုးကိုမှ နှစ်သက်တတ်ကြပါတယ်။ ဘယ်ရေကို သောက်သည်ဖြစ်စေ သူ့လုပ်ဆောင်ချက်နဲ့သူ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမယ် ရေနွေးကို ပိုပြီးသောက်ပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်နော်။ ရေနွေးသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရုံသာမကပဲ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းတို့ကို အထောက်အကူပြုတာနဲ့ လူကို လန်းဆန်းစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။ နေ့စဉ် မနက်စောစောနဲ့ အိပ်ရာဝင်ခါနီးတွေမှာ ရေနွေးတစ်ခွက်စီလောက် သောက်ပေးမယ်ဆိုရင် ကျန်းမာရေးကို အထူးပဲ အထောက်အကူဖြစ်စေနိုင်ပါသေးတယ်။ သံပုရာသီးနည်းနည်းရောနှော မှီဝဲမယ်ဆိုရင် ဗီတာမင် C ပါ ရရှိဦးမှာပါ။ ဒါတင်ပဲလားဆိုတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား ...... ရာသီဥတုက သိပ်ပူလာတဲ့အခါ တစ်နေ့တစ်နေ့ ရေတွေ မကြာခဏသောက်မိကြတာ သဘာဝပါပဲ။ ချွေးတွေမကြာခဏထွက်တာမို့ ရေဓာတ်ဖြည့်တင်းပေးဖို့ ရေ မကြာခဏသောက်ပေးတာဟာ မှန်ကန်သင့်လျော်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ခုလို ပူပြင်းတဲ့ရာသီဥတုမျိုးမှာ အေးမြနေတဲ့ ရေခဲရေတွေ၊ ရေခဲသေတ္တာထဲမှာ အချိန်အတော်ကြာ အအေးခံထားတဲ့ အချိုရည်တွေကို သောက်သုံးရတာကို လူအတော်များများက နှစ်သက်တတ်ကြပါတယ်။ အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား ဆိုတော့ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း မတူပါဘူး။ တချို့ကလည်း သောက်လို့ရတယ်လို့ ပြောတာ ရှိသလို တချို့ကလည်း သောက်တဲ့အခါ လည်ချောင်းနာမယ်တို့၊ အပူလျှပ်မယ်တို့ ပြောကြတာလည်း ရှိပါတယ်။ လူအများစုက ရေခဲရေသောက်တဲ့အခါ အောက်ပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း