အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ

မိုးရာသီက တုပ်ကွေးရာသီဖြစ်တာကြောင့် အအေးမိ၊ ဖျားနာဖြစ်ကြတာတွေ များပါတယ်။ ဒါ့ပြင် ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်တတ်တော့ လူကြီးတွေက လမ်းဘေးစာတွေ မစားနဲ့။ ဟိုဟာ မစားနဲ့၊ ဒီဟာ မစားနဲ့ဆိုပြီး တားမြစ်တာတွေ ကြုံဖူးမှာပါ။ ဒီလိုနဲ့ ရှောင်ရင်း ရှောင်ရင်း စားစရာတောင် မကျန်တော့ဘူးဟုတ်။ ဒီလိုဆို မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ ။ အာဟာရလည်းရှိပြီး ဝမ်းပျက်ဝမ်းလျှော မဖြစ်တဲ့ စားစရာမျိုးပေါ့။ မိုးရာသီမှာ ဘယ်လိုအစားအစာတွေကို ဦးစားပေး စားသင့်သလဲ။ မိုးရာသီမှာဆိုရင် ရာသီဥတုအေးတာရယ်၊ လေထုစိုထိုင်းဆ များတာရယ်ကြောင့် တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ်ခံအား ကောင်းစေဖို့ အစားအစာတွေကို ရွေးချယ်စားသောက်ရမှာပါ။  ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်လွယ်တာကြောင့် အစာသန့်၊ ရေသန့်၊ လက်သန့် ဒီ၃ခုကိုလည်း ဂရုစိုက်ရမှာပါ။ တတ်နိုင်သမျှ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ!

မနက်စောစော အိပ်ရာနိုးလာချိန်မှာ သောက်သင့်တဲ့ အရာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ချင်း ( ဂျင်း) ရေနွေးကြမ်း နွေးနွေးလေးပါ။ ဒီလို ပြောရတာ ဘာကြောင့်လဲ! မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ! ဆိုတာလေးကို ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးလိုက်ပါတယ်။  ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာ ဘာလဲ! ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာက ရေစင်စင် ဆေးပြီး ပါးပါးလေး လွှာထားတဲ့ ချင်း ကို ခွက်တစ်ခုထဲကို ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်လို့ ၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေး အခြေအနေလေးမှာ သောက်ချလိုက်ရုံပါ။ ချင်းကို ထောင်းပြီး ထည့်လို့လည်း ရပါတယ်။ ချင်း (ဂျင်း) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း တို့က မျိုးရင်း တူတူပဲ ဆိုပေမယ့် ပန်းဂေါ်ဖီ မျိုးရင်းဝင်တွေပါပဲ။ မျိုးရင်းတူသလို အာဟာရတန်ဖိုးလည်း သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပန်းဂေါ်ဖီထက် ပန်းဂေါ်ဖီစိမ်းကို ဆေးဖက်ဝင်တယ်လို့ ထင်မှတ်ကြသူက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။  ပန်းဂေါ်ဖီ  ကောင်းကျိုး များသလား! ပန်းဂေါ်ဖီ ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကတေ့ အဖြူရောင် အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ဘဲဥလေး၊ ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။  ပန်းဂေါ်ဖီက အဖြူရောင် ဒါမှမဟုတ် စိမ်းဖန့်ဖန့် အရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ‌တော်တော်များများက လက်နဲ့ ထမင်းစားတဲ့ အကျင့်ရှိပါတယ်။ အနောက်တိုင်းက  လူတွေကတော့ ဇွန်းနဲ့ ခရင်းနဲ့ စားကြတာပေါ့။ အာရှနွယ်ဖွားတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကတော့ တူကို အသုံးပြုကြပါတယ်။ ခုနောက်ပိုင်းမှာတော့ လက်နဲ့ စားတဲ့ အလေ့အထက နည်းလာပါပြီ။ သင်ရော လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ လို့ ထင်ပါသလဲ။ လက်နဲ့ စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး လက်နဲ့ စားတာက ပြောရမယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ခုချိန်ထိ တချို့သော ပွဲလမ်းအခမ်းအနားတွေမှာ လက်နဲ့ စားတဲ့ ဓလေ့ထုံးစံတွေ ရှိနေကြပါသေးတယ်။ အာယုဗေဒနဲ့ သိပ္ပံလေ့လာချက်တွေအရ ပြောရမယ်ဆိုရင် လက်နဲ့ စားတာက လက်ချောင်း‌လေးတွေကို လေ့ကျင့်ခန်း လုပ်ဖြစ်စေပါတယ်။ အစားအစာတွေကို လက်နဲ့ နယ်ဖတ်စားသောက်တာ၊ ဖဲ့တာက လက်ချောင်းတွေကို လေ့ကျင့်ခန်း လုပ်ပြီးသား […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ

ကိုယ်ခံအားကို ထိခိုက်လို့ အအေးမိ၊ ဖျားနာပြီဆိုရင် အစားအသောက်ကို သေချာလေး ဂရုစိုက်လိုက်ရုံနဲ့ သက်သာသွားတတ်တယ်ဆိုတာကို သတိထားမိပါရဲ့လား! အအေးမိဖျားနာတာနဲ့ ချောင်းဆိုးတာတွေကို သက်သာစေဖို့အတွက် အစားအသောက်က အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ အချို့သော အစားအစာတွေက ကျန်းမာရေးကို ကောင်းစေပြီး အချို့သော အစားအစာတွေကတော့ ကျန်းမာရေးကို ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ အခုတစ်ခေါက်တော့ ချောင်းဆိုးတတ်သူတွေ သိထားဖို့ လိုမယ့် ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/respiratory-health/bronchitis/home-remedies-for-bronchitis/ ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ ကတော့ နို့ထွက် ပစ္စည်းများ ချောင်းဆိုးနေချိန်မှာ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင် နို့ထွက် ပစ္စည်းတွေ ဖြစ်ကြတဲ့ နွားနို့၊ ရေခဲမုန့်၊ ချိစ် စတာတွေကို မစားပါနဲ့။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့် ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာ တော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ! ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ဆောင်းရာသီမှာ ရေများများ သောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ!  ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်း စိုထိုင်းဆတွေ နည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲ ချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။ ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ

သရက်သီးမှည့်တွေ လှိုင်လှိုင်ပေါနေပြီနော်။ ဘယ်နားသွားသွား သရက်သီးမှည့်နံ့ ချိုချိုအီအီလေးကို ရနေတာပဲနော်။ ဒီသရက်သီး ချိုချိုလေးက စားရတာ ရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ အခုတစ်ခေါက် ပြောပြပေးချင်တာကတော့ သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ  က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-eating/nutrition-facts/mango-health-benefits/   သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ သရက်သီးမှည့် အာဟာရတန်ဖိုး ပြည့်ပြည့်ဝဝ ရရှိစေဖို့ သရက်သီးမှည့်စားရင် သတိထားရမယ့်အချက်လေးများ ကို လေ့လာလိုက်ရအောင်နော်။ ယင်နားထားတဲ့ သရက်သီး ယင်နားထားတဲ့  သရက်သီးကို စားတာက ဝမ်းပျက်တာ ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်သလို အစာအဆိပ်သင့်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သရက်သီးမှည့်ကို စားမယ်ဆိုရင် ယင်မနားအောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ယင်ကောင်လေးတွေမှာ ကပ်ပါလာတဲ့ ရောဂါပိုးတွေက ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သရက်သီးကို ခွဲပြီးတာနဲ လတ်လတ်ဆတ်ဆတ် စားတာ အကောင်းဆုံးပါ။ မစားနိုင်သေးရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !

ရေခဲသေတ္တာလို့ ဆိုလိုက်ရင် လူတော်တော်များများ ယူဆထားတာက အစားအစာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပုပ်သိုးမှု မဖြစ်အောင် သိမ်းဆည်းထားလို့ ရတဲ့ အရာရယ်လို့ပေါ့။ ဒီတော့ ရေခဲသေတ္တာထဲကို အသားစိမ်း၊ ငါးစိမ်း၊ ကြက်ဥဘဲဥတွေကစလို့ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ဟင်းရံတွေနဲ့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေကို သူ့အကန့်လေးနဲ့ သူ၊ ဘူးနဲ့ ထည့်တန်တာ ထည့်ပြီး သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါနဲ့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ! တကယ်ကတော့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေတာ မကောင်းပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားလို့ မပုပ်မသိုးတာ မှန်ပေမယ့် အချို့သော အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တဲ့အခါ အာဟာရ တန်ဖိုး ပျက်သွားတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘာလာလာ ရေခဲသေတ္တာရှိတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ဘာတွေကိုတော့ ရေခဲသေတ္တာထဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား!

ရေနွေးကြမ်း သောက်တာကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသတော်တော်များများမှာ တွေ့ရပါတယ်။ ရေနွေးကြမ်းကို အပျင်းပြေ အမောပြေ အနေနဲ့ သောက်ကြသလို စကားဝိုင်းတွေမှာ ဧည့်ထောက်ခံတဲ့ အနေနဲ့လည်း သောက်ကြပါတယ်။ ရေနွေးကြမ်းကို လက်ဖက်၊ အကြော်၊ မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်းစတာတွေနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။ ဒီလို တစ်နေ့တာမှာ တော်တော်များများ သောက်ဖြစ်နေတဲ့ ရေနွေးကြမ်းကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်ဖြစ်ရဲ့လား! ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား! ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း ကိုယ်တိုင်ဆန်းစစ် လိုက်ရအောင်နော်။ ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား! တစ်နေ့တာရဲ့ စားသောက်မှုမှာ ပါဝင်လေ့ရှိတဲ့ ရေနွေးကြမ်းသောက်တဲ့အခါ အခုလို အချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေနွေးကြမ်း မသောက်သင့်တဲ့အချိန်က ဘယ်အချိန်၊ ဘယ်လိုတွေ သောက်သင့်တယ်ဆိုတာကို နားလည်ထားမှ ကျန်းမာရေးကို မထိခိုက်မှာ ဖြစ်ပါတယ်။   […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်!

ပဲပင်ပေါက်လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို အားလုံး သိထားပြီး ဖြစ်မှာပါ။ ပဲပင်ပေါက်ကို အချဉ်တည်စားသလို၊ ပဲတီချဉ်ကို သုပ်စားတာလည်း ရှိပါတယ်။ နောက်ပြီး ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်တွေထဲမှာ ထည့်စားကြသလို ကွေ့သယို၊ ဆီချက်၊ မြေအိုးမြီးရှည် စတာတွေထဲလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အစိမ်းလိုက်လေး တို့စားရတာ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်ပြောချင်တာကလည်း အဲ့လိုစားတာနဲ့ ပတ်သက်ပြီး ပဲပင်ပေါက်ကို အစိမ်းစားသင့်၊ မစားသင့်! အကြောင်းလေးပါ။ ပဲပင်ပေါက် ကျန်းမာစေသလား! ပဲပင်ပေါက် ပဲပြားကြော်က ကလေးဘဝကတည်းက ကျန်းမာအောင် ဆိုပြီး စားခဲ့ရတယ်နော်။ ပဲပင်ပေါက်က ကျန်းမာစေလို့လား ဆိုတော့ ဟုတ်ပါတယ်။ ပဲပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အခုလို ထောက်ကူပေးနေပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထများ

အပူချိန်မြင့်တက်လာတာနဲ့အတူ နွေအပူချိန်ကို အံတုဖို့အတွက် လူတိုင်းလူတိုင်းက အေးမြမယ့် နည်းလမ်းလေးတွေကို ရှာဖွေကြပါတယ်။ ဒီလို နွေပူပြင်းချိန်မှာ လူတော်တော်များများက အပူကြောင့် ခြေကုန်လက်ပမ်း ကျတာ၊  အပူလျှပ်တာ တွေကို ခံစားကြရပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ထိခိုက်မှု ကင်းစေဖို့အတွက် နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထလေးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့နွေရဲ့ အပူချိန်ကို အလူးအလဲ ခံကြရတာက အသက်အရွယ် ရနေကြပြီ ဖြစ်တဲ့ လူကြီး မိဘတွေနဲ့ ကလေးငယ်လေးတွေပါ။ ဒီလိုဆိုတာနဲ့ အပူဒဏ်ပြဿနာကို လူကြီးတွေနဲ့ ကလေးတွေမှာပဲ ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ နွေရာသီရဲ့ အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာ၊ အပူလျှပ်တာတွေကို အရွယ်တိုင်း ခံစားရနိုင်ပါတယ်။ နွေရဲ့ ပူပြင်းတဲ့ အပူချိန်အောက်မှာ ဘာတွေ ခံစားရနိုင်လဲ! နွေရဲ့ ပူပြင်းတဲ့ အပူချိန်အောက်မှာ ချွေးထွက်များတာ၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း