အဝလွန်ခြင်း

အဝလွန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုအခါမှာ အဝလွန်ခြင်းကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တချို့သောကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဝလွန်ခြင်း

ထမင်းစားရင်း ဖုန်းသုံး ရင် ဘာဖြစ်တတ်သလဲ။

ဒီနေ့ခေတ်မှာ ဖုန်းက အသုံးဝင်လွန်း‌တော့ လက်က မချနိုင်ဖြစ်တာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထမင်းစားလည်း ဖုန်း၊ အိမ်သာတက်လည်း ဖုန်း ဖြစ်နေရင်တော့ ရေရှည်မှာ သတိထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းစားရင်း ဖုန်းသုံး တာက ဘာဖြစ်တတ်သလဲ ဆိုတာကို ပြောပြသွားမှာပါ။ ထမင်းစားရင်း ဖုန်းသုံး ရင် ဒါတွေ ဖြစ်တတ်ပါတယ်။ အရင်တုန်းကတော့  TVကြည့်ရင်း ထမင်းစားတဲ့ အလေ့အကျင့်တွေ ခေတ်စားခဲ့ပါတယ်။ အခုတော့ ဖုန်းကြည့်ရင်း ထမင်းစားတဲ့ခေတ် ရောက်လာပြီပေါ့။ အထူးသဖြင့်တော့ ဒီခေတ်မှာ ကိုယ်စီ အလုပ်ရှုပ်ကြတော့ အရင်လို ဝိုင်းဖွဲ့ပြီး ထမင်းမစားဖြစ်တော့ဘဲ တစ်ယောက်တည်း စားဖြစ်ကြတာ များပါတယ်။ ဒီလိုနဲ့ ပျင်းပြီး လုပ်စရာမရှိတော့ ထမင်းစားရင်း ဖုန်းသုံးမိကြတာပေါ့။ ထမင်းရင်း ဖုန်းသုံး တဲ့အခါ မပြီးသေးတဲ့ မက်ဆေ့လေး တစ်ကြောင်းလောက် ပို့လိုက်တာ၊ […]

အဝလွန်ခြင်း ကို ရှာဖွေမည်။

အဝလွန်ခြင်း

အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ

အဝလွန်ခြင်း ဆိုတာကတော့ ကိုယ်ခန္ဓာမှာ အဆီပိုတွေ အလွန်အကျွံစုဝေးတဲ့ ပြဿနာဖြစ်ပါတယ်။ မျိုးရိုးဗီဇ၊ စားသောက်နေထိုင်ပုံ၊ ရောဂါအခံရှိမရှိ စတာတွေပေါ် မူတည်ပါတယ်။ အဝလွန်ခြင်းဟာ ကမ္ဘာတလွှားမှာ ဖြစ်ပွားတာ များပြားလာတာနဲ့အမျှ သူနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများ ၊ အယူအဆအမှားတွေလည်း ပေါ်လာပါတယ်။ အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ အထူးသဖြင့် အောက်ပါအတိုင်း ယုံတမ်းစကားတွေကြားရတာ များပါတယ်။ ယုံတမ်းစကား ၁။ အဝလွန်ခြင်းဟာ နေထိုင်မှုပုံစံ နုံချာလွန်းတဲ့အတွက် ဖြစ်လာရတယ် အဝလွန်ခြင်းနဲ့ ပတ်သက်ရင် စားသောက်ပုံကို ဖြစ်ကတတ်ဆန်း စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတာတွေကိုပဲ ယိုးမယ်ဖွဲ့ကြပါတယ်။ အဝလွန်သူအများစုကို ပျင်းရိသူများ၊ လှုပ်ရှားမှုနည်းသူများအနေနဲ့ပဲ မြင်ကြပါတယ်။ တကယ်တော့ အဝလွန်ခြင်းမှာ အကြောင်းပေါင်းစုံ ရှိပါတယ်။ စားသောက်ပုံ စနစ်မကျခြင်း၊ လှုပ်ရှားမှုနည်းခြင်း စတာတွေဟာ အဓိကကျပေမယ့် […]


အဝလွန်ခြင်း

အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ

အဝလွန်ခြင်း ဆိုတာ ကိုယ်ခန္ဓာမှာ အဆီဓာတ်တွေ အန္တရာယ်ရှိလောက်အောင် စုပုံလာခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိပါတယ်။ အဆီဓာတ်များလာခြင်းဟာ အရိုးနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအပေါ်  ဖိအားဖြစ်စေရုံသာမဟုတ်ဘဲ ဟော်မုန်းနဲ့ ဇီဝဖြစ်ပျက်နေမှုတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ အဝလွန်ခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ BMIအ ညွှန်းကိန်းဟာ ၃၀ နဲ့အထက် ရှိနေခြင်းကို ဆိုလိုပါတယ်။ BMI ဆိုတာ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်ချက်ခြင်း ဖြစ်ပါတယ်။ အဝလွန်မယ်ဆိုရင် အောက်ပါပြဿနာတွေ ရှိလာနိုင်ပါတယ်။ တမျိုးထက်ပိုပြီးလည်း ကြုံရနိုင်ပါတယ်။ အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ ကတော့ ၁။ အမျိုးအစား ၂ ဆီးချို သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်ပိုမြင့်နေရင် အမျိုးအစား ၂ ဆီးချို ဖြစ်တတ်ပါတယ်။ အဲဒီကတဆင့် အချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါ၊ အာရုံကြောထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံပြောင်းလဲခြင်း စတာတွေ […]


အဝလွန်ခြင်း

အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

ဒီလို တုပ်ကွေးရာသီ နီးလာပြီဆို "အာဟာရရှိအောင်စား။ အားရှိအောင်နေ။ ကိုယ်ခံအား ကောင်းမှ ရောဂါကို တိုက်ထုတ်နိုင်မှာ" လို့ လူကြီးတွေက မှာလေ့ရှိပါတယ်။ တကယ်လည်း ကိုယ်ခံအား ကောင်းနေရင် တော်ရုံ ရောဂါပိုးလောက်က အသာလေးပါပဲ။ ဒါပေမယ့် စားရင်း စားရင်းနဲ့ ဝိတ်တွေ တက်လာရင်ရော ကိုယ်ခံအားက လိုက်တက်လာမှာလား။  ကိုယ့်ရဲ့ ကိုယ်အလေးချိန် ပိန်ခြင်း၊ ဝခြင်းက ကိုယ်ခံအား အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိနေပါတယ်။ ဒီတော့ အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ပိန်တဲ့သူက ရောဂါဒဏ်ကို ခံနိုင်ရည် မရှိဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် ဝတာကလည်း ကိုယ်ခံအား ကျစေတယ်ဆိုတာ သိကြပါရဲ့လား။ ဒီအကြောင်းကို ဆက်ကြည့်ကြ […]


အဝလွန်ခြင်း

ဝတာ က လှမှာလား ကြွမှာလား

အရင်တုန်းက တွေ့တာနဲ့ နှုတ်ဆက်လိုက်ရင် "ဝလို့ လှလို့ပါလား" လို့ နှုတ်ဆက်တတ်ကြပါတယ်။ ခုနောက်ပိုင်း တိုးတက်လာပြီး ဗဟုသုတရှိလာကြတဲ့အခါ ဝတာက တကယ်ပဲ လှသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တကယ်တော့ ဝတာ ပိန်တာက အဓိက မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အကောင်းဆုံးပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိသလားဆိုတာကို BMI လို့ခေါ်တဲ့ ခန္ဓာကိုယ် ထုထည် ညွှန်းကိန်းနဲ့ ပြောပါတယ်။ (BMI ကို  ဤနေရာတွင် တွက်ပါ။) အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်မထားတဲ့ ဒီကိန်းဂဏန်းဟာ သာမန် ပေါင်ချိန်တာထက် ပိုပြီး တိကျပါတယ်။ တွက်လိုက်လို့ BMI ၂၅နဲ့ ၂၉.၉ ဆိုရင် ဝတယ်လို့ သတ်မှတ်ပါတယ်။ ၃၀ကျော်သွားရင်တော့ အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ အဝလွန်တာက ကျန်းမာရေးအတွက် […]


အဝလွန်ခြင်း

ဘီယာသောက် လို့ ဗိုက်ပူတာလား

ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဗိုက်ထွက်လာတဲ့ ပြဿနာမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် ချစ်သူခင်သူ ရင်းနှီးသူတွေက ဘီယာသောက် တဲ့ အမျိုးသားကို ဘီယာဗိုက် လို့ စနောက်ကျမှာ မလွဲဧကန်ပါပဲ။ အသောက်အစားလေးကလည်းရှိ မအားမလပ်လို့ လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင် ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။ တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက် လို့ ရလာတာလား။ ကြည့်ရအောင်။ ဘီယာသောက် တာဟာတကယ် ဗိုက်ပူစေသလား ဘီယာသောက် တာကြောင့် ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဗိုက်ထွက်စေတာတော့ ဟုတ်ပါတယ်၊၊တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် […]


အဝလွန်ခြင်း

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

ငါက ပိန်တာပဲ အဆီ တွေ စားလို့ ရတယ်၊ လေ့ကျင့်ခန်းလည်း လုပ်စရာ မလိုဘူး၊ ပိန်တော့ ကျန်းမာတယ် လို့ လေမကျယ်ကြပါနဲ့နော်။ ပိန်တဲ့သူလည်း ဗိုက်အဆီ၊ ဗိုက်ခေါက် ရှိနိုင်ပါတယ်။ ယောကျာ်းလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ် ။ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ဗိုက်မှာ အဆီ ရှိနေရင် ကြည့်မကောင်းရုံတင်မက ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုး ယူဆောင်လာနိုင်လို့ပါ။ ဒါဆို ကျန်းမာရေးအတွက် စိတ်မပူသင့်ပေဘူးလား… အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ် အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ် ..... ဒီလို ပြောရတာက ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို မတည်ဆောက်နိုင်ဘူးဆိုရင် ဗိုက်အဆီကြောင့် - နှလုံးရောဂါ ရုတ်တရက်နှလုံးရပ်တာ သွေးတိုးရောဂါ လေဖြတ်တာ […]


အဝလွန်ခြင်း

ပြောပြောနေကျ BMI ဆိုတာ ဘာလဲ

Body mass index (BMI) ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီ (body fat) ပမာဏကို အနီးစပ်ဆုံးသိရဖို့ သုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွက်ရတာလည်း အလွန်လွယ်ကူပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကို တည်ပြီး မိမိရဲ့အရပ် (m2) နဲ့ စားလိုက်ရုံပါပဲ။ အခုခေတ်မှာဆို BMI ကို အလွယ်တကူတွက်ပေးတဲ့ mobile application တွေ၊ ပေါင်ချိန်စက်တွေလည်း ပေါပေါများများရှိနေပါပြီ။ BMI ကို ဘယ်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲဆိုရင်တော့ body builders (ခန္ဓာကိုယ် အချိုးအစားကျနစွာလှပအောင် ကြိုးစားနေသူများ) အားကစားသမားများ ကိုယ်ဝန်ဆောင်မိခင်များပဲဖြစ်ပါတယ်။ BMI interpretation အရွယ်ရောက်ပြီးသူတွေ (young and middle-aged adults) အတွက် healthy BMI range ကတော့ 18.5 […]


အဝလွန်ခြင်း

အဝမလွန်အောင် ကာကွယ်ကြမယ်

ပြောင်းလဲတိုးတက်လာတဲ့ခေတ်စနစ်ကြောင့် ထိုင်ရာကမထဘဲ အလုပ်တွေလုပ်လို့ရလာသလို အွန်လိုင်းမှာ လိုတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက်မှာယူလို့ရနေတာကကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ ဆိုးတဲ့အချက်တွေလည်း ရှိနေပါတယ်။ ကောင်းတာက အချိန်ကုန်သက်သာသွားတာပေါ့။ ဆိုးတာက အထိုင်များတဲ့အလုပ်တွေ၊ အလှုပ်အရှားနည်းလာစေတဲ့ လူနေမှုပုံစံတွေကြောင့် လူတွေ တဖြည်းဖြည်းချင်း အဝလွန်လာကြတာပါပဲ။ အဝလွန်တာက ရောဂါတစ်ခုဖြစ်တာကြောင့် အဝမလွန်အောင် ကာကွယ်ကြဖို့ အရေးကြီးပါတယ်။ အဝလွန်တယ်ဆိုတာ အဝလွန်တယ်ဆိုတာက နေထိုင်မှုပုံစံ၊ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာတာပါ။ အဝလွန်လာတယ်ဆိုတာက အလှတင်ပျက်တာမဟုတ်ပါဘူး။ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ အဝလွန်တာကြောင့် ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဝလာလေလေ ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းပြီး ကိုယ်အလေးချိန်ပိုတိုးလာလေပါ။ ။ မပြီးဆုံးနိုင်တဲ့သံသရာပေါ့။ ဝလာတာရဲ့နောက်မှာ ကပ်ပါလာတာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ တခြားသောရောဂါဆိုးတွေအများကြီး ပါလာတာပါ။ အချို့သောရောဂါတွေက ဝတာကနေ အစပျိုးလာတာပါ။ အဝလွန်နေလားဆိုတာကို BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းကိုတိုင်းတာတဲ့နည်း) […]


အဝလွန်ခြင်း

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMI ပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။ မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။ မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။ အကြောင်းရင်းက ကိုယ့်ရဲ့ အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ […]


အဝလွန်ခြင်း

သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

သွေးတွင်းကိုလက်စထရောများတာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ခံစားရနိုင်ခြေတော်တော်လေးများစေပါတယ်။ သွေးတွင်းကိုလက်စထရောများရတဲ့ အဓိကအချက်ထဲမှာ အစားအသောက်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောမများရလေအောင် ဘာတွေကို ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေ။ သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ ကိုလက်စထရောက ဆဲလ်တွေတိုင်းရဲ့ လုပ်ဆောင်မှုအတွက် အရေးပါပါတယ်။ ဒါပေမယ့် ကိုလက်စထရောအရမ်းများသွားရင်တော့ မကောင်းပါဘူး။ ဒါကြောင့် ကိုလက်စထရောကို သင့်တင့်မျှတစွာ စားသုံးမိစေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားတာက အဆင်ပြေဆုံးဖြစ်မှာပါ။ သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ ဆိုတော့ ဥအမျိုးမျိုး အာဟာရဓာတ်ကြွယ်ဝသလို ကိုလက်စထရောပါဝင်မှုလည်း များပါတယ်။ ဒါပေမယ့် ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိတော့ မမြင့်တက်စေနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်ဥ ၁ လုံးကနေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း