ထိကရုန်း အရွက်၊ ပင်စည်၊ အမြစ် အားလုံးမှာ အဆိပ်ပြေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပျား၊ ပုရွက်နီ တို့လိုမျိုး အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်ခံရတဲ့အခါ ထိကရုန်း ပြုတ်ရည်ကို အသုံးပြုပေးမယ်ဆိုရင် အဆိပ်ပြေစေမှာပါ။
ထိကရုန်းကို စိတ်ဖိစီးမှု ပြေလျော့ပြီး မှတ်ဉာဏ်ကောင်းစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်သလို စိုးရိမ်ပူပန်မှု များတာကိုလည်း ပြေလျော့ စေနိုင်ပါတယ်။
မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
လိပ်ခေါင်းကြောင့် စအိုက သွေးကျနေတာကို သက်သာစေဖို့ဆိုရင် ထိကရုန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဒီကုထုံးကို ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။
အရွက်ကို ရေစင်အောင်ဆေးလို့ အနှစ်ရအောင်ကြိတ်ပြီး အသုံးပြုပေးရမှာပါ။ အရောင်ကျစေနိုင်သလို လိပ်ခေါင်းကြောင့် သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။
ပါးစပ်ထဲမှာ ဖြစ်လေ့ရှိတဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက်လည်း ထိကရုန်း အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ရေစင်အောင် ဆေးပြီး ကြိတ်လို့ အသုံးပြုပေးရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။