ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 26, 2020 . 2 mins read
Share now

“An apple a day keeps the doctor away” ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ အဲဒီစကားလေးအတိုင်း ပန်းသီး ဟာ တစ်နေ့တစ်လုံး ပုံမှန်လေးစားပေးမယ် ဆိုရင် ကျန်းမာရေးကောင်းကျိုးတွေကို အများကြီးရရှိစေနိုင်တဲ့ သစ်သီးလေး တစ်မျိုး ဖြစ်ပါတယ်။ အဲဒီလို ကျန်းမာရေးကောင်းစေနိုင်တဲ့ အစွမ်းထက် ပစ္စည်းလေးတွေက ပန်းသီးအသားထက် အခွံမှာ ပိုပြီးအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဆိုရင် တချို့သူတွေက အခွံနွှာပြီးမှ စားကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသီးကို အခွံမနွှာဘဲစားသင့်တဲ့ အကြောင်း ပြောပြပေးသွားချင်ပါတယ်။

ပန်းသီးလေးတွေဟာ ဆားဓာတ်နဲ့ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီး မှာ ပါဝင်တဲ့ flavonoid လို့ခေါ်တဲ့ ပစ္စည်းလေးက ကျန်းမာရေးအတွက် အင်မတန်အထောက်အကူ ပြုနိုင်ပါတယ်။ တကယ်လို့ သင်က ပန်းသီးအခွံကို နွှာလိုက်ပြီး အထဲက အသားကိုပဲ စားမယ်ဆိုရင်တော့ အဲဒီ flavonoid နဲ့ အမျှင်ဓာတ်ပမာဏတွေ အများကြီး လျော့နည်းသွားမှာပါ။

ပန်းသီး ကို အခွံမနွှာဘဲ စားမယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။

၁။ အစာမကြေတဲ့ ပြသနာတွေ၊ ဝမ်းရောဂါတွေကို ကူညီကာကွယ်ပေးနိုင်တယ်။

ပန်းသီးအခွံမှာပါဝင်တဲ့ pectin လို့ခေါ်တဲ့ အမျှင်ဓာတ်လေးဟာ အစာမကြေဖြစ်တာတွေကို ကူညီပေးနိုင်တဲ့အပြင် ပုံမှန်စားပေးမယ်ဆိုရင် အစာခြေလမ်းကြောင်းအတွက်ကောင်းတဲ့ ဘက်တီးရီးယားလေးတွေကို အားဖြစ်စေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနဲ့ အခြားအစာခြေလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ကူညီပေးနိုင်တယ်။

ပန်းသီးတွေမှာ ကြွယ်ဝတဲ့ အမျှင်ဓာတ် နဲ့ ရေဓာတ် ပါဝင်တာကြောင့် ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ သဘာ၀ ပစ္စည်းလေးတွေလည်း ပါဝင်တဲ့အတွက် ဝိတ်ချနေတဲ့ သူတွေလည်း စားနိုင်တဲ့ သစ်သီးလေးတစ်မျိုးပဲ ဖြစ်ပါတယ်။

၃။ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ကောင်းမွန်စေတယ်။

လေ့လာတွေ့ရှိချက်တွေအရ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များတဲ့ မှတ်ဉာဏ်ချို့ယွင်းလာခြင်း ပြသနာတွေ ကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

၄။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

Antioxidant စွမ်းအင်တွေရှိတဲ့ polyphenol လို့ခေါ်တဲ့ ပစ္စည်းလေးတွေဟာ ပန်းသီးအခွံမှာ ပိုပြီးများတာကြောင့် ပန်းသီးစားတဲ့အခါမှာ အခွံပါစားပေးမယ်ဆိုရင် polyphenol တစ်မျိုးရဲ့ သွေးပေါင်ချိန်ကို ချပေးနိုင်တဲ့ အစွမ်းကိုပါ ရနိုင်မှာ ဖြစ်ပါတယ်။ လေဖြတ်ခြင်းဖြစ်နိုင်ချေကိုလည်း ၂၀% လောက် လျှော့ချနိုင်တဲ့ အပြင် သွေးကြောလေးတွေကို ကာကွယ်နိုင်ခြင်း၊ ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်ကို လျှော့ချပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေရှိတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

၅။ ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်။

ပန်းသီးစားခြင်းဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ insulin ဟော်မုန်းထုတ်ပေးတဲ့ pancreas gland လေးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ပန်းသီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးတဲ့ သူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုနည်းတာကိုလည်း တွေ့ရပါတယ်။

၆။ ဒါ့အပြင် ပန်းသီးကို အခွံမနွှာဘဲ ပုံမှန်လေး စားပေးမယ်ဆိုရင် ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေခြင်း၊ ပန်းနာရင်ကြပ်ရောဂါကို ကူညီတိုက်ထုတ်ပေးနိုင်ခြင်း၊ အရိုး၊ အဆစ်တွေ သန်မာအောင် ကူညီပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေအများကြီးကိုလည်း ရရှိစေနိုင်ပါတယ်။

ဒါ့ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီး ပန်းသီးစားတဲ့အခါ အခွံပါစားပေးကြဖို့ တိုက်တွန်းပါရစေ။

ရေးသားသူ- Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read