backup og meta

ဘေဘီလေးက မာလကာသီး စားလို့ရလား ........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးက မာလကာသီး စားလို့ရလား ........

    မာလကာသီး က အတော်လေး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပေးပါတယ်။  ဒီလို ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ မာလကာသီးလေးကို ဘေဘီလေးတွေရော စားလို့ရရဲ့လားလို့ သိချင်နေပြီလား မေမေတို့ရေ …..

    ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။ ဆေးဖက်ဝင်ပြီး စားရတာ အရသာရှိတဲ့ မာလကာသီးလေးက ဘေဘီလေးကိုရော ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်လားဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

    ဘေဘီလေးက မာလကာသီး စားလို့ရလား …….

    ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ မာလကာသီးက ဘေဘီလေးတွေ စားဖို့ စိတ်ချရတဲ့ အသီး တစ်မျိုးပါ။ အများကြီး မကျွေးမိဖို့တော့ လိုတာပေါ့။ ဘေဘီလေး နေ့စဉ် စားသုံးမှုထဲမှာ နည်းနည်းချင်း ထည့်ကျွေးပေးလို့ ရပါတယ်။ အစေ့တွေ မပါအောင် သေချာလေး ဖယ်ဖို့တော့ လိုပါမယ်။

    ဘေဘီလေးက ဘယ်အရွယ်ဆို မာလကာသီး စားလို့ ရပြီလဲ …..

    ဘေဘီလေးက အသက် ၆ လ ပြည့်ပြီဆိုရင်တော့ ဘေဘီလေးကို မာလကာသီး စကျွေးလို့ ရပါပြီ။ မာလကာသီးက မှည့်မှည့်လေးဆိုရင်တော့ ပိုကောင်းပါတယ်။

    ထမင်း၊ အာလူးတို့ကို ကြိတ်ခြေသလို သေချာလေး ကြိတ်ခြေပေးဖို့တော့ လိုပါမယ်။ အခွံနဲ့ အစေ့တွေကို သေချာလေး ကြိတ်ခြေပြီး ကျွေးပေးတာက အကောင်းဆုံးပါ။ နောက်တစ်ချက်ကတော့ မာလကာသီးကို နူးနူးအိအိလေး ချက်ကျွေးတာပါ။

    သတိထားရမှာ တစ်ချက်က ဘေဘီလေးက အသက် ၁ နှစ် မပြည့်သေးဘူးဆိုရင် မာလကာသီး ဖျော်ရည် မတိုက်ပါနဲ့။

    မာလကာသီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ……

    စားလို့ကောင်းတဲ့ မာလကာသီးလေးမှာ ဘေဘီလေးအတွက် လိုအပ်မယ့် အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

  • ဗီတာမင် A
  • ဗီတာမင် E
  • ဗီတာမင် B
  • ဗီတာမင် C
  • ဖောလစ်အက်ဆစ်
  • phytochemicals
  • အမိုင်နိုအက်ဆစ်
  • အမျှင်ဓာတ်
  • မဂ္ဂနီဆီယမ်
  • ဖော့စဖရိတ်
  • သံဓာတ်
  • ပိုတက်ဆီယမ်
  • copper တို့ ပါဝင်နေပါတယ်။ ဒါတွေအပြင် ဘေဘီလေးရဲ့ ကျန်းမာရေးကို ထောက်ကူပေးတဲ့ အခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။
  • မာလကာသီး စားရင်း ရမယ့် ဘေဘီလေးရဲ့ ကျန်းမာရေး

    မာလကာသီး စားရင်း ရမယ့် ဘေဘီလေးရဲ့ ကျန်းမာရေး

    ဘေဘီလေးကို မာလကာသီး ကျွေးပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေနိုင်တယ်

    လေ့လာမှုတွေအရ မာလကာသီးမှာ အမျှင်ဓာတ် နဲ့ အူတွေရဲ့ ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အူမကြီးကိုလည်း ထိထိရောက်ရောက် သန့်စင်ပေးနိုင်မှာပါ။

    ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုကလည်း အစာခြေ စနစ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေနိုင်တယ်

    မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ စားသုံးလိုက်တဲ့ အာဟာရတွေကို ခန္ဓာကိုယ်အတွက် အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ကိုယ်ခံအား ကောင်းစေနိုင်တယ်

    မာလကာသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ကာရိုတီးနွိုက်လိုမျိုး မရှိမဖြစ် လိုအပ်တဲ့ bioactive  ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မှာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း ဓာတ်တိုးပစ္စည်းတွေကြောင့် ကိုယ်ခံအားကို မထိခိုက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

    အမြင်အာရုံ ကျန်းမာစေနိုင်တယ်

    ကာရိုတီးနွိုက်ပါတဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးတာက အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။ မာလကာသီးမှာ အမြင်အာရုံ ကောင်းစေဖို့နဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ကာရိုတီးနွိုက် ပါဝင်နေပါတယ်။

    ဘေဘီလေးရဲ့ အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်သလို မျက်လုံး ထိခိုက်မှုတွေ ကင်းစေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။

    ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်

    မာလကာသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ ဗီတာမင် A အပြင် မာလကာသီးမှာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ ဗီတာမင် B1၊B3၊ B6 တို့လည်း ပါဝင်နေပါတယ်။

    မာလကာသီးက ဘေဘီလေးအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ များတယ်ဆိုပေမယ့် မာလကာပင် အရွက်ကနေရတဲ့ အဆီအနှစ်က ဘေဘီလေးကို ဓာတ်မတည့်မှု ခံစားရစေနိုင်ပါတယ်။ နောက်တစ်ချက်က မာလကာသီးကနေ ထုတ်ထားတဲ့ ဖြည့်စွက်စာတွေကို မကျွေးမိဖို့လည်း လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement