backup og meta

ပန်းသီးအစေ့များတွင် ဆိုင်ယာနိုဒ် အဆိပ် ပါဝင်သည်။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းသီးအစေ့များတွင် ဆိုင်ယာနိုဒ် အဆိပ် ပါဝင်သည်။

    လူတိုင်းနီးပါး ပန်းသီးကြိုက်ကြသည်။ ပန်းသီးမှာ မကြိုက် စရာ ဘာရှိလို့လဲ။ သူတို့သည် အရသာရှိပြီး free radicals များကို တိုက်ထုတ်ပေးသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ သို့သော်လည်း ချိုသော အသီးကိုစားပြီးပါက amygdalin ပါသော အနက်ရောင် အစေ့သေးများ တွေ့ပါ လိမ့်မည်။ Amygdalin သည် လူ၏ အစာခြေလမ်းကြောင်း ထဲရောက်သွားပါက အင်ဇိုင်းများနှင့် ဓါတ်ပြုပြီး ဆိုင်ယာနိုဒ် အဆိပ်ထွက်စေသည်။

    ဆိုင်ယာနိုဒ်အဆိပ် ဆိုတာဘာလဲ။

    ဆိုင်ယာနိုဒ်သည် သေစေတတ်ဆုံး အဆိပ်တစ်မျိုး ဖြစ်သည်။ စစ်သုံး ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး သေကြောင်း ကြံသော နည်းတစ်မျိုးလည်း ဖြစ်သည်။ ဆိုင်ယာနိုဒ်၏ ဒြပ်ပေါင်းများ ( amygdalin အပါအဝင်) ကို သဘာဝအားဖြင့် သစ်သီးအစေ့များတွင် တွေ့ရသည်။ ပန်းသီးအစေ့များကို အစာခြေအင်ဇိုင်းများ မဖောက်နိုင်သော မာသော အပြင်လွှာ ဖြင့် ဖုံးအုပ်ထားသည်။

    သို့သော် သင်သည် မြိုမချမီ အစေ့ကို ဝါးစားပါက ဆိုင်ယာနိုဒ်အဆိပ် ရနိုင်သည်။ သင့်ခန္ဓါကိုယ် သည် ဆိုင်ယာနိုဒ် ပမာဏ အနည်းငယ်ကို ဖယ်ရှားပစ်နိုင် သည်။ သို့သော် ဆိုင်ယာနိုဒ်များလာပါက အန္တရာယ် ရှိနိုင် သည်။ ဆိုင်ယာနိုဒ်အဆိပ်သင့်ခြင်းသည် လျင်မြန်စွာ ဖြစ်ပွား သည်။ အဓိကလက္ခဏာများမှာ အသက်မရှူနိုင်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်သည်။

    ပန်းသီးအစေ့များကြောင့် သေနိုင်ပါသလား။

    ဆိုင်ယာနိုဒ်ကို သေနိုင်သော ပမာဏရအောင် သင်သည် ပန်းသီးအစေ့ပေါင်း ၂၀၀ လောက် ဝါးစားရမည်။ သို့မဟုတ် ပန်းသီး အလယ်အူတိုင် ၂၀ လောက် စားရမည်။ သေနိုင်သော စားသုံးမှုသည် ၁-၂ မီလီဂရမ်/ကီလိုဂရမ် ဖြစ်ပြီး သင်သည် ၇၀ ကီလိုဂရမ် အလေးချိန်ရှိပါက ထိုမျှလောက် စားရမည် ဖြစ်သည်။ ထို့ကြောင့် ပန်းသီးအစေ့ဖြင့် သင့်ကိုယ်သင် အဆိပ် ခတ်ခြင်းသည် လွယ်ကူသောအရာ မဟုတ်ပါ။ ထိုသို့ စားပြီး အဆိပ်သင့်သွားသော လူမှတ်တမ်းလည်း မရှိသေးပါ။ သင်သည် မတော်တဆ တစ်စေ့ နှစ်စေ့စားမိပါက ဘာမှမဖြစ်ပါဟု စိတ်ချယုံပါ။

    အသက်အန္တရာယ် မစိုးရိမ်ရပါက ပန်းသီးအစေ့ စားခြင်းကို ရှောင်ကြဉ်သင့်သလား။

    အဖြေမှာ ရှောင်ကြဉ်သင့်ပါသည်။ သင်သည် ပန်းသီး အစေ့ကြောင့် မသေနိုင်သော်လည်း မစားခြင်းဖြင့် ဘေးကင်း အောင် နေခြင်းမှာ အကောင်းဆုံးဖြစ်သည်။ လေ့လာမှုများအရ ဆိုင်ယာနိုဒ်အနည်းငယ်သည်ပင် ဦးနှောက်နှင့် နှလုံးကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။ ပန်းသီးသာမက အခြား အသီးများ၏ အစေ့မှလဲ ဆိုင်ယာနိုဒ်ရနိုင်သည်။

    Amygdalin ကို ဇီးချိုသီး ( 14.4 mg/g) ၊ အနီရောင် ချယ်ရီသီး ( 3.9 mg/g) ၊ အနက်ရောင် ချယ်ရီသီး ( 2.7 mg/g) ၊ မက်မွန်သီး ( 2.2 mg/g) ၊ ဆီးသီး ( 2.2 mg/g) ၊ သစ်တော်သီး ( 1.3 mg/g) နှင့် nectarines မက်မွန် ( 0.1 mg/g) တို့တွင်လည်း တွေ့ရသည်။ အစေ့များသည် အရသာလည်း မရှိသော ကြောင့် စားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

    ပန်းသီးအစေ့ဆီသည် ဘေးကင်းပါသလား။

    ပန်းသီးအစေ့ဆီကို ပန်းသီးဖျော်ရည် ထုတ်ရာတွင် ဘေးထွက်ပစ္စည်း အဖြစ်ရသော ပန်းသီးဖတ်မှ ပြုလုပ်သည်။ ပန်းသီးအစေ့ဆီသည် အသားရည်နှင့် ဆံပင်အတွက် အကျိုး ရှိသည်။ ရနံ့၊ ဆံပင် ပျော့ဆေး သို့မဟုတ် အရေပြားလိမ်းဆေး အဖြစ် အသုံးပြုနိုင်သည်။ လေ့လာမှုများအရ ပန်းသီးအစေ့ ဆီသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဘတ်တီးရီးယား သေစေသော ပစ္စည်းများ ကြွယ်ဝသည်ဟု ဆိုသည်။ Amygdalin သည် ပန်းသီးအစေ့ဆီတွင် ပမာဏ အနည်းငယ် သာ ပါဝင်သည်။ ထို့ကြောင့် ၎င်းသည် ယေဘုယျအားဖြင့် အန္တရာယ် မရှိပါ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement