အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သာကူ စားတာ ကျန်းမာစေသလား.........

ထန်းလျက် အညိုလေး၊ ကန်စွန်းဥတို့နဲ့ ကျိုထားတဲ့ သာကူလေးကို အုန်းနို့လေး ဆမ်းပြီး စားလိုက်ရတဲ့ ခပ်ဆိမ့်ဆိမ့် အရသာလေးက ထိထိမိမိ ရှိလှပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နွားနို့၊ နို့စိမ်း၊ ပြောင်းဖူးစေ့ ဝါဝါလေးထည့်ပြီး ချိုဆိမ့်လေး ကျိုထားတဲ့ သာကူ ကလည်း အရသာ တစ်မျိုးနဲ့ စားကောင်းပါတယ်။ နောက်ထပ် စားနည်း တစ်မျိုးကတော့ သာကူပြင်ပါ။ အုန်းနို့ပြင် တစ်ထပ်၊ သာကူပြင် တစ်ထပ်နဲ့ ဆိမ့်ဆိမ့်မွှေးမွှေး သာကူပြင်ကို အုန်းဆီချက်လေးနဲ့ တွဲဖက်ပြီး ကော်ဖီပူလေး တစ်ခွက်နဲ့ စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင် ကောင်းလှပါတယ်။ ဒါဆို သာကူက စားကောင်းရုံပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ သာကူက အခုလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးပါတယ်။ သာကူ စားတာ ကျန်းမာစေသလား......... ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဇင့်ဓာတ် ပြည့်ဝစေဖို့ ဘာတွေစားကြမလဲ............

ဇင့်ဓာတ် ဆိုတာ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ပါ။ ဇင့်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တွေအတွက် အဓိက ဇာတ်လိုက် တစ်ဦးပေါ့။ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ စွမ်းဆောင်ပေးသလို ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး ခန္ဓာကိုယ်က တစ်သျှူးတွေ ဖြစ်ပေါ်စေဖို့နဲ့ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်က ဇင့်ဓာတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဇင့်ဓာတ်ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ တစ်နေ့တာ ဇင့် လိုအပ်ချက် ပြည့်ဝအောင် ပါဝင်နေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာ ဇင့်ဓာတ် လိုအပ်ချက် ပမာဏ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို လိုက်ပြီး တစ်နေ့တာ ဇင့်လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့တာမှာ ဇင့် ၁၁ မီလီဂရမ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ....... malted milk လား....... မုယော အားဖြည့်အချိုရည်တွေလား...... ဘီယာလား.... liquor လား........ ဒါတွေကို မုယောကနေ ထုတ်လုပ်တာပါ။ ဒါတွေ အပြင် မုယောကို သုံးထားတဲ့ ကွတ်ကီးတွေတောင် ရှိပါတယ်။ ဒီပစ္စည်းတွေက ထုတ်လုပ်ပုံတွေ ကွာခြားသွားပေမယ့် မုယောကိုပဲ အသုံးပြုထားတာပါ။ ဒီတစ်ခေါက်တော့ ဒီလောက် အမျိုးအမည် များစွာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မုယော က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ပြောပြပေးသွားပါမယ်။ မုယော (Malt) ဆိုတာ မုယောဆိုတာ ဆန်၊ ဂျုံတို့လိုမျိုး ကောက်နှံတစ်ခုပါပဲ။ မုယောကို ခူးဆွတ်ပြီးတဲ့အခါ ကောက်နှံတွေကို အရင်ဆုံး ရေစိမ်ရပါတယ်။ အပင်ပေါက်လာစေဖို့ပါ။ ပြီးရင်တော့ လေပူနဲ့ အခြောက်ခံပြီး အပင်မပေါက်အေင်လုပ်ရပါတယ်။ ဒီလုပ်ဆောင်မှုကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ပူပူစပ်စပ် အရသာကိုမှ ခံတွင်းတွေ့သူတွေ ရှိလား... ဒါဆိုရင်တော့ အခုပြောပြမယ့် အရွက်ကလေးက စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါကတော့ ပူစပ်စပ် ဟင်းလျာတိုင်းမှာ ထည့်ချက်လေ့ ရှိတဲ့ အာပူရွက် ပါ။ အာပူရွက် ကို ရှေးယခင်ကာလတွေကတည်းက သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အာပူရွက်ကို ခန္ဓာကိုယ် နွေးထွေးစေဖို့ အသုံးပြုကြသလို အဆစ်ရောင်တာ၊ ခါးနာတာတွေ သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ အာပူရွက် ဆိုတာ အာပူရွက်ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကတော့ အာပူရွက်က ထိရင်၊ စားမိရင် ခေတ္တခဏလောက် ပူနွေးစေတဲ့ ခံစားမှုကို ရရှိလို့ပါပဲ။ အာပူရွက်မှာ အမွေးပါးလေးတွေ ပါပြီး ထိမိရင် ယားယံသလို ခံစားရနိုင်ပါတယ်။ အရေပြားမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး တွက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ အာလူးဆိုတာ အလွယ်တကူဝယ်ယူလို့ရသလို လူကြိုက်လည်းများတဲ့ အစားအစာတစ်ခုပါ။ ပေါပေါလောလော လွယ်လွယ်ကူကူရနိုင်တော့ တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။ တကယ်တော့ အာလူးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာလူးက ဆိုလာနေစီအီးမျိုးရင်းဝင်ဖြစ်ပြီးတော့ ရုက္ခဗေဒအလိုအားဖြင့် အာလူးပင်ကို ဆိုလေနမ် တျူဗာရိုဆမ် (Solanum Tuberosum) လို့ ခေါ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အာလူးတစ်လုံးရဲ့ ၄ ပုံ ၃ ပုံလောက်က ရေဓာတ်ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေက ကစီဓာတ်တွေပါ။ ဒါကြောင့်လည်း အာလူးက ကျန်းမာရေးကို ကောင်းကောင်းအထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ အာလူးမှာ အသားဓာတ်နည်းနည်းနဲ့ အဆီဓာတ်နည်းနည်းလည်းပါရှိပါတယ်။ သတိထားရမယ့်အချက်တစ်ချက်ကတော့ အာလူးတစ်လုံးရဲ့ အာဟာရအဖြစ်ထွန်းဆုံးအစိတ်အပိုင်းတွေက အခွံရဲ့ အောက်ခြေကပ်လျက်နေရာမှာရှိနေတာမို့ အာလူးခွံသင်ရင် ခပ်ပါးပါးလှီးသင်ပေးဖို့ လိုအပ်တာပါပဲ။ တကယ်တော့ အာလူးဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး

စပျစ်သီးလို့ဆိုလိုက်ရင် ခရမ်းရောင်လေးတွေကိုပဲ ပေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ စပျစ်သီးက ခရမ်းရောင်၊ အနီရောင် နဲ့ အစိမ်းရောင်ဆိုပြီး အမျိုးမျိုး ရှိတာပါ။ ဒီထဲကမှ စပျစ်သီး စိမ်းစိမ်းလေး ကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီး စိမ်းစိမ်းလေး က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးပါရစေ။ စပျစ်သီး စိမ်းစိမ်း စပျစ်သီး စိမ်းစိမ်း ဆိုတာ စပျစ်သီး တစ်မျိုးပါ။ ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မျောမျောလေးတွေလည်း ရှိပါတယ်။ အတွင်းသားကတော့ အဖြူပါ။ စားရတာ ချိုပါတယ်။ စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး စပျစ်သီး စိမ်းစိမ်းလေး ကို စားသုံးပေးတာက သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ် စပျစ်သီး စိမ်းစိမ်းလေး တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ............

ဟင်းချက်တဲ့အခါတိုင်း အရောင်လေး လှအောင်၊ အရသာလေး ကောင်းအောင်ဆိုပြီး ငရုတ်သီးမှုန့် လေး ထည့်ထည့်ချက်ကြတယ်ဟုတ်။ အရောင်တင်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်လေ။ ဒီငရုတ်သီးမှုန့်လေးက ဟင်းတွေကို အရောင်လှ အရသာတိုးစေတာ မှန်ပေမယ့် သေချာ သိမ်းဆည်းမှု မရှိရင် မှိုတက်တာ၊ အစိုပြန်တာတွေ ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အရသာတိုးစေမယ့် ငရုတ်သီးမှုန့်လေး​ကြောင့် ရောဂါ မတိုးစေဖို့ ဘယ်လိုများ သိမ်းဆည်းကြမလဲ။ ငရုတ်သီးမှုန့် သိမ်းဆည်းနည်း မှန်ရဲ့လား ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ငရုတ်သီးမှုန့်က သက်တမ်းရှိသလို ပုပ်သိုး ပျက်စီးနိုင်ပါတယ်။ သေချာ မသိမ်းဆည်းဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ အိမ်မှာ ငရုတ်သီးမှုန့် သိမ်းထားတာကရော နည်းစနစ်မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်ဆီလေး သိမ်းဆည်းနည်း မှန်ရဲ့လား............

ဆီ (ဟင်းချက်ဆီ) ဆိုတာက ဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ဟင်းတစ်ခုကို ချက်ပဲ ချက်ချက်၊ ကြော်ပဲ ကြော်ကြော်၊ အသုပ်ပဲ သုပ်သုပ် ဆီမပါရင် မရပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ငါးခြောက်လေး မီးကင်ပြီးရင်လည်း စားကောင်းအောင်ဆိုပြီး ဆီဆမ်းတယ်၊ လက်ဖက်လေး ထောင်းပြီးရင်လည်း ဆီလေး မြုပ်နေအောင် စိမ်ထား တတ်သေးတယ်နော်။ အကြောင်းကတော့ ဆီက ဟင်းလျာတွေရဲ့ အရသာကို တိုးစေလို့ပါ။ ဒီလို ဟင်းလျာတိုင်းရဲ့ အရေးပါတဲ့ ဇာတ်ဆောင် ဟင်းချက်ဆီလေးကို သိမ်းဆည်းတဲ့နည်း မှန်ရဲ့လား........... ဟင်းချက်ဆီကို ဘယ်လို သိမ်းလေ့ရှိလဲ............. ဟင်းချက်ဆီက ဟင်းလျာတွေကို အရသာတိုးစေသလို ဟင်းချက်ဆီက ထိန်းသိမ်းပုံ မမှန်တာကြောင့် ပျက်စီးသွားရင်လည်း ဟင်းလျာတွေရဲ့ အရသာကို ပျက်စီးစေပါတယ်။ ဟင်းချက်ဆီက ပျက်စီးတတ်လား......... ဟင်းချက်ဆီက သက်တမ်း ကြာတဲ့အခါ ပျက်စီးတတ်သလို ထားသိုပုံ မမှန်တဲ့အခါမျိုးမှာလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

နံနံပင်အမြစ် စားလို့ရလား ... ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး နံနံပင်အမြစ် ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ အမြစ်က မြေကြီးတွေ ပေနေတာကြောင့်ဖြစ်သလို ဝါးစားဖို့ခက်တာ၊ ပစ်စရာရယ်လို့ ငယ်ကတည်းက သိလာတဲ့အသိကြောင့်ပါ။ တကယ်ကတော့ နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။ တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင် ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ နံနံပင်အမြစ် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုသလဲ............ နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။ အကြောင်းကတော့ နံနံပင် အမြစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။ နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။  နံနံပင်အမြစ်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေး စားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူး သုပ်ကို စားဖူးတယ်ဟုတ်။ ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။ ဒီ မယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မယ်ဇလီဖူး ဆိုတာ မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။ မယ်ဇလီဖူးမှာ ဘာတွေပါ ဆေးပေါင်းခဖို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း