backup og meta

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ဓာတ်ဆားဓာတ် ဖြည့်ချင်ပေမယ့် ဓာတ်ဆားရည် မသောက်ချင်ဘူး။ Sport drinks တွေလည်း မသောက်ချင်ဘူး ဆိုတဲ့သူတွေအတွက် ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ ကတော့

ရေထဲထည့်လိုက်ရင် ဆူတက်လာတဲ့ ရေဆူဆေးပြားတွေ တွေ့ဖူးမှာပါ။ ဗီတာမင်စီပါတာကတော့ အတော်များပါတယ်။ ဒီလို ဆေးပြားတွေကို ဓာတ်ဆားဖြည့်ထားတဲ့ဟာ သောက်ပေးနိုင်ပါတယ်။ အရသာလည်း ပါတဲ့အတွက် ရိုးရိုးဓာတ်ဆားထက်စာရင် သောက်ရအဆင်ပြေပါတယ်။

အုန်းစိမ်းရည်က သဘာဝ ဓာတ်ဆားရည် တစ်မျိုးပါ။ သကြားဓာတ် ပါဝင်မှု နည်းပြီး အာဟာရပြည့်ဝတဲ့ လူကြိုက်အများဆုံး သောက်စရာပါ။ ရေဓာတ်ဖြည့်ပေးနိုင်သလို ဓာတ်ဆားဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ပြည့်ပြည့်ဝဝ ဖြည့်ပေးနိုင်မယ့် သောက်စရာပါ။

နွားနို့၊ ဆိတ်နို့တို့မှာ ပရိုတင်း နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစလို ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်တို့လိုမျိုး electrolytes တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ထိခိုက်သွားတဲ့ ကြွက်သားတစ်ရှူးတွေ ကျန်းမာစေဖို့ အားဖြည့်ပေးသလို ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကိုလည်း အားဖြည့်ပေးမှာပါ။

အဆီထုတ်ထားတဲ့ နို့ကို သောက်သုံးလို့ ရသလို  ဝိတ်တက်ချင်သူတွေကတော့ အဆီပါတဲ့ နို့ကိုလည်း သောက်လို့ ရပါတယ်။

အပင်ကနေ ထုတ်ထားတဲ့ ပဲနို့၊ အယ်လ်မွန်နို့တို့ကို သောက်ပေးလို့လည်း ရပါတယ်။ ရေဓာတ်ဖြည့်ပြီး အဆီ မတက်ချင်ဘူးဆိုရင်တော့ အဆီထုတ် နို့က သင့်တော်ပါတယ်။

  • စွပ်ပြုတ်

စွပ်ပြုတ်ကို များသောအားဖြင့် နေထိုင်မကောင်းချိန်မှ သောက်ကြတာ များပါတယ်။ စွပ်ပြုတ်က အမှန်တကယ် အာဟာရ ပြည့်သလို ရေဓာတ်ကိုလည်း ထိထိရောက်ရောက် ဖြည့်ပေးနိုင်ပါတယ်။ ပရိုတင်းပါဝင်နေသလို အစာခြေစနစ် ကျန်းမာစေနိုင်တဲ့ အမိုင်နို အက်ဆစ်လည်း ပါဝင်နေပါတယ်။ ဓာတ်ဆားဓာတ်တွေ ဖြစ်ကြတဲ့ phosphorus၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်နေပါတယ်။

စွပ်ပြုတ်ကို ဒီတိုင်းသောက်တာထက် အသားပါ စားပေးတာက ပိုပြီး အာဟာရပြည့်ပါတယ်။

  • သစ်သီးဖျော်ရည်

သဘာဝ သစ်သီးဖျော်ရည်တွေကလည်း electrolytes ကြွယ်ဝပါတယ်။ ဥပမာ – ဖရဲသီး ဖျော်ရည်မှာဆိုရင် နေ့စဉ်လိုအပ်တဲ့ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏရဲ့ ၆ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ဒါဆင် မကသေးပါဘူး။ ကယ်လ်ဆီယမ် နဲ့ phosphorus၊ L-citrulline လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေတာကြောင့် အောက်ဆီဂျင် သယ်ပို့မှု ကောင်းစေပါတယ်။

ဒါ့အပြင် သံပုရာရည်၊ ချယ်ရီသီး ဖျော်ရည်၊ လိမ္မော်ရည်တို့မှာလည်း ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ phosphorus၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေ ပါဝင်နေပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။

  • Smoothies

Smoothies တွေကလည်း ဓာတ်ဆားရည် အစားသောက်ပေးလို့ ရပါတယ်။ Smoothies တွေမှာလည်း ဓာတ်ဆားဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်းဓာတ်လည်း ပါဝင်နေပါတယ်။ လေ့ကျင့်ခန်းလုပ်မယ့်သူတွေဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ သောက်ပေးလို့ ရပါတယ်။

တစ်ခုရှိတာက ဒါတွေက ဓာတ်ဆားအစားထိုး သောက်စရာတွေပဲ ဖြစ်တာကြောင့် ဓာတ်ဆားလောက် အာနိသင်ကောင်းမှာ မဟုတ်ပါဘူး။ တကယ်ကို ဆားဓာတ်ဖြည့်ဖို့ လိုအပ်နေတဲ့ ချွေးထွက်များချိန်၊ ဝမ်းလျှောချိန်၊ အန်တဲ့အချိန်ဆိုရင်တော့ ဓာတ်ဆားကိုပဲ သောက်ဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is the Best Drink to Replace Electrolytes? https://www.medicinenet.com/what_is_the_best_drink_to_replace_electrolytes/article.htm Accessed Date 24 August 2022

What are electrolyte drinks and how to make them https://www.medicalnewstoday.com/articles/electrolytes-drinks Accessed Date 24 August 2022

6 Best Electrolyte Drinks to Rejuvenate You https://www.healthifyme.com/blog/electrolyte-drinks/ Accessed Date 24 August 2022

Top 8 Electrolyte Drinks, Their Benefits & How to Make Them https://draxe.com/nutrition/electrolyte-drinks/ Accessed Date 24 August 2022

4 Easy Homemade Electrolyte Drink Recipes https://mommypotamus.com/diy-electrolyte-sports-drink/ Accessed Date 24 August 2022

ယခုပုံစံ

05/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဓာတ်ဆားရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement