ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!

စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ ဒီတော့ စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား! မသိချင်ဘူးလား ……. စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီးပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။ စားသုံးမှု မြင့်တက်နေဆဲ စားအုန်းဆီ  မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။   အခုနောက်ပိုင်းမှာ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီဆိုပြီး ဆီအမျိုးအစားတွေ အမျိုးမျိုး ရှိလာကြပေမယ့် စာအုန်းဆီ စားသုံးမှုကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒီတော့ ကိုယ်တွေ နေ့တိုင်း စားသုံးမိနေတဲ့ အစားအစာတွေထဲမှာ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ

သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကျန်းမာတဲ့ စိတ်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပမာဏနဲ့အတူ ကျန်းမာစေမယ့် နေထိုင်စားသောက်မှုပုံစံ လိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် တချို့လူတွေက ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ သစ်သီးတွေဖက်ကို စိတ်ရောက်ကြပါတော့တယ်။ တိတိကျကျပြောရရင် သစ်သီးဖျော်ရည်တွေပါ။ ဒီဖျော်ရည်တွေက digestive drain မဖြစ်စေဘဲ အစာချေဖျက်မှုစနစ်ဆီ တိုက်ရိုက်သွားမယ့် probiotics ၊ enzymes ၊ nutrients ပမာဏ အတော်များများ ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးတွေအပြင် ဆိုးကျိုးတချို့လဲ သစ်သီးဖျော်ရည်တွေမှာ ရှိပါတယ်။ သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ ကတော့ ၁။ ဈေးကြီးခြင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်း စားတာနဲ့ ယှဉ်ရင် ဖျော်ရည်တွေက ဈေးပိုကြီးပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

အခုခေတ်မှာ အိမ်ရှင်မတွေအနေနဲ့ ဆီကုန်သက်သာပြီး အိုးမကပ်တဲ့ ဒယ်အိုးတွေ၊ ဟင်းချက်အိုးတွေအပြင် သတ္တုအမျိုးအစားအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ အကင်အိုး၊ ပေါင်းအိုးတွေကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး ရွေးချယ်စရာအမျိုးအစာတွေကလည်း စုံလင်လှပါတယ်။ အမြင်လှအောင် ပြင်ဆင်ထားတဲ့ အိုးလေးတွေက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နေသလဲဆိုတာကိုတော့ သေသေချာချာသိရှိတဲ့သူက ရှားမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်နဲ့အညီ အပြိုင်အဆိုင်တီထွင်ထုတ်လုပ်လာတဲ့ အိုးလေးတွေရဲ့ နောက်ကွယ်က ကျွန်မအပါအဝင် အိမ်ရှင်မတော်တော်များများသတိမထားမိသေးတဲ့ သတိပြုစရာအချက်လေးတွေကို သိရှိနိုင်စေဖို့ လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။ မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ် ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ်မှာ နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်တွေက တော်တော်လေးကို လွှမ်းမိုးထားပါတယ်။ အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေက အပူချိန်အလွန်အကျွံပေးမှုကြောင့် အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။ ချက်ပြုတ်အပူပေးတဲ့ အခါမှာ အသုံးပြုတဲ့ အိုးတွေမှာပါတဲ့ ဓာတ်သတ္တုတွေက အစားအသောက်တွေထဲကို စိမ့်ဝင်သွားတာမျိုးတွေကြောင့်လည်း အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်ပါတယ်။ ချက်ပြုတ်ရာမှာ သုံးတဲ့အိုးတွေရဲ့ ကိုယ်အတွင်းပါတဲ့ သတ္တုဓာတ်တွေက အစားအသောက်တွေထဲမှာပါတဲ့ အင်ဇိုင်းတွေနဲ့ အစားအသောက်တွေရဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစားအသောက်ထဲက အန္တရာယ်

ကမ္ဘာတလွှားမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်က တော်တော်လေးကို များလာနေပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာတွေက ကင်ဆာဖြစ်ပေါ်ခံစားရတဲ့ အဓိကအကြောင်းရင်းခံပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေမှုက ကင်ဆာခံစားရသူဦးရေ တိုးလာရတဲ့ကိစ္စနဲ့ ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ များပြားလာရခြင်းနဲ့ ဆက်စပ်နေပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှုရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့အခြေခံကျတဲ့ ကာစီနိုဂျင် အမျိုးအစား ၄ မျိုးရှိပါတယ်။ ပထမဆုံးတစ်ခုက အစားအသောက်တွေထဲမှာ သဘာဝအတိုင်းပါနေတဲ့ ကာစီနိုဂျင်ဖြစ်ပြီး အဆိုပါ ကာစီနိုဂျင်ဓာတ်က ရှောင်လွှဲလို့မရပါဘူး။ ဥပမာပေးရရင် ငါးခြောက်တွေမှာ ပါနေတဲ့ ကာစီနိုဂျင်ဓာတ်ကိုရှောင်လွဲ စားသုံးလို့မရပါဘူး။ ဒုတိယတစ်ခုကတော့ ဆန်တို့၊ ဂျုံတို့မှာ ကပ်ညှိနေတဲ့ မှိုသတ်ဆေးတွေကနေဖြစ်တဲ့ ကာစီနိုဂျင်ပါ။ ဆန်စေ့နဲ့ ဂျုံစေ့ သိုလှောင်မှုပုံစံကို ကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင်တော့ အဆိုပါ ကာစီနိုဂျင်ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ တတိယမြောက်တစ်ခုကတော့ အရန်သင့်အစားအသောက်တွေကို တာရှည်ခံအောင်လုပ်ဆောင်ရာမှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နံနက်စာအတွက် အကောင်းဆုံးအစားအစာ

နံနက်စာအတွက် အကောင်းဆုံးအစားအစာ မနက်စာဟာ ကောင်းမွန်တဲ့ကျန်းမာရေးကို ရဖို့အတွက် အရေးကြီးတယ်ဆိုတာ လူအတော်များများ သိကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မနက်စာအတွက် မှန်ကန်တဲ့ အစာတွေကို စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို လူအချို့ကသာ သိရှိကြပါတယ်။ မနက်ပိုင်းမှာ အချိုပါတဲ့ အစာတွေ၊ အသင့်စား အစားအသောက်တွေ စားသုံးခြင်းဟာ သင့်အတွက် ကောင်းကျိုးရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ မနက်စာကနေ ကောင်းကောင်း အကျိုးရှိချင်တယ်ဆိုရင် အောက်ပါအစားအသောက်တွေကို စားသင့်ပါတယ်။   ကြက်ဥ လူတိုင်းက ကြက်ဥကို ကြိုက်ကြပါတယ်။ သူတို့ဟာ အရသာရှိရုံမက အာဟာရဓာတ်လည်း ကြွယ်ဝပါတယ်။ ကြက်ဥဟာ ဗိုက်ပြည့်စေပြီး နောက်တစ်ကြိမ်အစာစားချင်စိတ်ကို လျှော့ချပေးပြီး သွေးသကြားဓာတ်နဲ့ အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ကြက်ဥမှာပါတဲ့ antioxidants တွေဖြစ်တဲ့ lutein နဲ့ zeaxanthin ဟာ သင့်ကို မျက်လုံးရောဂါတွေဖြစ်တဲ့ အတွင်းတိမ်နဲ့ macular degeneration ကနေ ကာကွယ်ပေးပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အန္တရာယ်ကင်းတဲ့အစားအစာတွေဖြစ်ဖို့ အချက် (၁၀) ချက်

အစားအသောက်ကို မှားယွင်းစွာစားသောက်ရင် အန္တရာယ်ရှိပြီး တစ်ချို့အခြေအနေတွေမှာဆို သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ယခုဆောင်းပါးမှာတော့ အစားအစာတွေကို ဘယ်လိုသန့်ရှင်းအောင် လုပ်မလဲဆိုတဲ့ အရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။   (၁) လက်ကို ဆပ်ပြာနှင့် စင်အောင်ဆေးပါ။ လက်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အစားမစားမီ ဒါမှမဟုတ် အစားအသောက်တွေ ပြင်ဆင်နေတဲ့အချိန်မှာ လက်ကို စင်အောင်ဆေးခိုင်းတာဖြစ်ပါတယ်။ ရေနွေးရယ် ဆပ်ပြာရယ်သုံးတာ ပိုကောင်းပါတယ်။ ရေနွေးထဲ စက္ကန့် ၂၀ လောက် စိမ်ပြီးဆေးပါ။ လက်ကိုခြောက်အောင်သေချာစွာထားပါ။   (၂) ပိုးသတ်ပါ။ ကလိုရင်း စတီးဇွန်းတစ်ဇွန်းနဲ့ ရေတစ်ဂါလံက သင်ချက်ပြုတ်မယ့် နေရာတွေကို ဆေးကြောဖို့ အကောင်းဆုံးပါ။   (၃) ရေခဲသေတ္တာကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပါ။ အနည်းဆုံးတစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စားလက်စ အစာတွေကို ရေခဲသေတ္တာထဲမှာ ၄ ရက်ထက် ပိုထားပြီး မစားသင့်ပါဘူး။ ပြုထားတဲ့အသားနဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ

ဈေးမှာ သဘာဝထွက်အသီးအနှံဝယ်ရင်း ရွေးရခက်တာမျိုး သင်ကြုံဖူးပါသလား။ သဘာဝသီးနှံတွေက သဘာဝအတိုင်း မဟုတ်တဲ့ဟာတွေထက် ဈေးပိုကြီးပါတယ်။ အခုခေတ်မှာတော့ ပိုမိုကျန်းမာတဲ့ နေထိုင်မှုစနစ်ကို လူတွေက ရှာဖွေလာကြတဲ့အတွက် သဘာဝထွက်တွေက ဈေးပိုတက်လာနေပါတယ်။ လူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေ ဂျုံနဲ့ အသားဓာတ်ပါတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝထွက် အသီးအနှံအကြောင်း သင်သိသင့်တာလေးတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ သဘာဝထွက်အသီးအနှံဆိုတာ ဘာလဲ သဘာဝထွက်လို့ ဆိုလိုက်တာက အသီးအနှံ၊ အစေ့အဆံ၊ နို့ထွက်ပစ္စည်းနဲ့ အသားတွေ ပါဝင်ပြီး ဒါတွေအားလုံးကို စိုက်ပျိုးမွေးမြူတဲ့နေရာမှာ မြေသြဇာကောင်းဖို့သော်လည်းကောင်း အထွက်တိုးဖို့သော်လည်းကောင်း လူတွေ တီထွင်ဖန်တီးထားတဲ့ ဓာတုပစ္စည်းတွေ မသုံးဘဲ၊ ဂေဟစနစ်ကို မျှတစေပြီး […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဇူချီနီ နဲ့ muffin ပြုလုပ်နည်း

ဒါက သွားရင်းလာရင်း မနက်စာအတွက် အဆင်ပြေပါတယ်။ သင့်အနေနဲ့ ဒီချက်နည်းအညွှန်းကို သင်ဆန္ဒရှိလျှင် zucchini (ဘူးသီးနွယ်ဝင် အသီးငယ်တစ်မျိုးဇူချီနီ) ပေါင်မုန့်အလုံးလုပ်လည်းရပါတယ်။ ချက်တဲ့အချိန်ကိုသာ မိနစ် ၅၀-၆၀ အထိသာ တိုးပေးပါ။ အစားအစာအမျိုးအစား။ ။ အဆာပြေမုန့် ပြင်ဆင်ချိန်။ ။၁၅မိနစ် ပါဝင်သောပစ္ခည်းများ • muffin ဖျန်းဆေးဘူး spray • muffin (မက်ဖင်)ခွက်၁၂ခု • Splendaသကြားညိုခွက်ရဲ့သုံးပုံတစ်ပုံ • အချိုမပါတဲ့ပန်းသီးဆော့စ်ခွက်တစ်ဝက် • Canola ဆီခွက်ရဲ့ လေးပုံတစ်ပုံ • ကြက်ဥလေးလုံး • ဗနီလာလက်ဘက်ရည်ဇွန်းတစ်ဇွန်း • ဂျုံတစ်ခွက် • Old fashioned rolled oats တစ်ခွက် • မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်း • မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း • ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် • သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း • စွံပလွန်သီးလှီးပြီးသားခွက်ရဲ့ လေးပံတစ်ပုံ • Zucchini (ဇူချီနီ) နုတ်နုတ်စင်းပြီးသား ခွက်နှစ်လုံး အာဟာရ အချက်အလက်များ Muffin (မက်ဖင်၊ ပေါင်မုန့်ငယ်) တစ်လုံးမှာ • ၁၄၅ကယ်လိုရီ • ကာဗွန်ဟိုက်ဒရိတ်၂၁ဂရမ် • ပရိုတိန်း၄ဂရမ် • […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆားလျှော့စားနိုင်မယ့် နည်းလမ်းကောင်းတွေ

သင်လျှော့စားဖို့ အချိန်တန်ပြီလား။ ဒီဆောင်းပါးမှာတော့ မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ မုန့်တွေ၊ ဖျော်ရည်တွေ အတွက် ဆိုဒီယမ်နည်းပါးတဲ့ အစားတွေကို သွေးပေါင်မတက်စေပဲ ဘယ်လိုစားရမလဲဆိုတာ ဖေါ်ပြမှာဖြစ်ပါတယ်။ မနက်စာ - ငှက်ပျောသီး အခွံမာသီး အုတ်ဂျုံမှုန့် ပါဝင်ပစ္စည်းများ အုတ်ဂျုံမှုန့် တစ်ခွက်ခွဲ ရေ တစ်ခွက် ငှက်ပျောသီး လှီးပြီး တစ်လုံး သစ်ကြားသီး အမှုန့်ကြိတ်ပြီး စားပွဲတင်ဇွန်း တစ်ဇွန်း သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း   ပြုလုပ်ပုံ အုတ်ဂျုံမှုန့်နဲ့ ရေတို့ကို သေးငယ်ပြီး microwave မှာ သုံးလို့ရတဲ့ ပန်းကန်လုံးအတွင်းထည့်ပါ။ အပူချိန်အမြင့်မှာ သုံးမိနစ်ခန့်ထားပါ။ အပေါ်က ငှက်ပျောသီး လှီးပြီးသား၊ သစ်ကြားသီးနဲ့သစ်ကြံပိုးခေါက်တို့ အုပ်ပါ။   နေ့လည်စာ - မှိုဘာဂါ ပါဝင်ပစ္စည်းများ နှမ်းပါတဲ့ဘာဂါ ပေါင်မုန့်လုံး တစ်ခု ဆလပ်ရွက် တစ်ရွက် အမဲသား ၅၀ ဂရမ် မှိုအကြီး လှီးပြီးသား လေးပွင့် ကြက်သွန်နီ အလယ်အလတ် လှီးပြီး တစ်လုံး ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ခရမ်းချဉ်သီး အလယ်အလတ် တစ်ပြား ဆိုဒီယမ်နည်းတဲ့ ချီးစ် တစ်ပြား   ပြုလုပ်ပုံ မှိုနဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ခံတွင်းမြိန်စေသော နည်းလမ်းများ

သင်က ကိုယ်အလေးချိန်တက်ချင်နေပြီး စားနေသော အစားအစာကလည်း စွဲဆောင်မှု မရှိလျှင် ခံတွင်းကောင်းအောင်လုပ်ရသည်မှာ မလွယ်ကူပါ။ သို့သော်လည်း သင့်အနေဖြင့် ဟင်းလျာချက်ပြုတ်နည်းများ၊လူမှုရေး နှင့် သွင်ပြင်ပိုင်း ဆိုင်ရာနည်းလမ်းများဖြင့် သင်၏ စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။ အောက်ပါတို့မှာ ကျန်းမာရေးနှင့် ညီညွတ်သော ခံတွင်းကောင်းစေခြင်း နည်းလမ်း ၈ ခုဖြစ်ပါသည်။ နည်းနည်းနှင့် ခဏခဏစားပါ ထမင်းအနပ်ကြီး ၃ ခါစားခြင်းထက် နည်းနည်းနှင့် ခဏခဏစားခြင်းက ပိုမိုစွဲဆောင်မှုရှိသည့် အတွက် ကျင့်သုံးပါ။ ထမင်းအနပ်သေးများသည် ပြင်ဆင်ရလွယ်ကူသည်။ တစ်နေ့လျှင် ၆ ကြိမ် ၇ ကြိမ် ခန့်ခွဲ၍ အာဟာရပြည့်ဝသော မြေပဲထောပတ်၊သစ်သီးခြောက်၊အစေ့အဆန်၊လတ်ဆတ်သော အသီးအနှံ၊ဒိန်ချဉ် နှင့် နွားနို့တို့ပါဝင်အောင် စားပေးပါ။ နည်းနည်း သာစားသော်လည်း ကယ်လိုရီပြည့်ဝနိုင်ပြီး ပြည့်အင့်ခြင်းကိုလည်း မခံစားရတော့ပါ။ အစားစားချင်စိတ် လုံးဝ မရှိပါကလည်း အာဟာရဖြည့်ထားသော အချိုရည်များသောက်ပေးနိုင်သည်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အသင့်စားခေါက်ဆွဲ များကိုပိုမိုအာဟာရပြည့်ဝအောင်ပြုလုပ်နည်းများ

အသင့်စားခေါက်ဆွဲ (သို့မဟုတ်) ခေါက်ဆွဲခြောက်ထုပ်များသည် ကောလိပ်ကျောင်းသားများ၊ မိမိဝမ်းမိမိ ကျောင်းနေရသောကျောင်းသားများနှင့် တစ်နေကုန်အလုပ်လုပ်ပြီး အစားအစာချက်ပြုတ်ရန် အချိန်မရှိသူများအတွက် အရသာရှိသော အဓိကအစားအစာဖြစ်လာသည်။ ခေါက်ဆွဲခြောက်တွေရဲ့ အားသာချက်ကလည်း စားသောက်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းခြင်း၊ အလွန်လွယ်ကူစွာ ပြလုပ်စားသုံးနိုင်ခြင်းတို့ဖြစ်ခြင်းကြောင့် တဖြည်းဖြည်းနှင့် အသင့်စားခေါက်ဆွဲတွေအပေါ် လူတွေရဲ့ မှီခိုမှု၊ အားကိုးမှု ပိုမို များပြားလာခဲ့ခြင်းဖြစ်ပါသည်။ တာရှည်ခံအောင် ပြုလုပ်ထားရသည် ဖြစ်၍ အချို့သော ပါဝင်ပစ္စည်းများမှာ လူတွေအတွက် ကျန်းမာရေးကို အနည်းနဲ့အများတော့ ထိခိုက်စေနိုင်သည်ဖြစ်သော်လည်း လူအတော်များများ ဂရုထားကြခြင်း မရှိကြပါ။ ထို့အပြင် ဗိုက်ပြည့်ရုံ အဆာပြေရုံသာ အဆင်ပြေ၍ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရပမာဏကို ၎င်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များက ဖြည့်တင်းပေးနိုင်မည်လည်း မဟုတ်ပါ။ သို့သော်လည်း အသင့်စားခေါက်ဆွဲတွင် ပါဝင်သည့် အာဟာရဆိုင်ရာအချက်အလက်များ ကို သင်လေ့လာဖူးပါသလား။ အသင့်စားခေါက်ဆွဲတွင် ပါဝင်သောဆားသည် ခန္ဓာကိုယ်အတွက် လိုအပ်သောပမာဏထက်ပိုသည်။ ဆားနှင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)