အေးခဲထားတာက သစ်သီးတွေရဲ့ အာဟာရတန်ဖိုးကို မလျော့စေနိုင်ပါဘူး။ ဘယ်ရီသီးတွေကို freezing လုပ်ထားတာက ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဒါပေမယ့် စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီးတို့လိုမျိုး အသီးတွေကိုတော့ အေးခဲတာမျိုး မလုပ်ဘဲ အေးမြတဲ့ အပူချိန်မှာ သိမ်းဆည်းထားတာက ပိုကောင်းပါတယ်။
တကယ်လို့ အခဲခံချင်တယ်ဆိုရင်တော့ အခွံသင်၊ ဆေးကြောပြီး အရွယ်တော်လေးတွေ တုံးလို့ ရေသေချာ စစ်ပြီး လေလုံအိတ်၊ ဗူးတို့နဲ့ထည့်လို့ အေးခဲထားသင့်ပါတယ်။ အေးခဲတဲ့အခါ ဗူး၊ ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်း ၄ ချိုး ၁ ချိုးစာလောက်ကို နေရာလွတ် ချန်ထားရပါတယ်။
ဒါမှ အာဟာရတန်ဖိုး မပျက်ဘဲ တာရှည်ခံမှာပါ။ ရေစင်အောင် စစ်ခိုင်းရတာက အရမ်းခဲတောင့်နေတာမျိုး မဖြစ်စေဘဲ မူလအရသာလေး မပျက်စေဖို့ပါ။
ဟင်းသီးဟင်းရွက်တွေကလည်း သစ်သီးတွေလိုပါပဲ။ အေးခဲထားတာကြောင့် အာဟာရတန်ဖိုးမပျက်ပါဘူး။ အရွက်တွေကိုလည်း သေချာလေး သန့်စင်ပြီး လေသလပ်ခံလို့ လေလုံအိတ်ထဲ ထည့်ပိတ်ပြီး သေချာလေး သိမ်းဖို့လိုပါမယ်။
သိမ်းတဲ့အခါမှာလည်း လေလုံအိတ် ဒါမှမဟုတ် ဗူးရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်း ချိန်ပေးဖို့ပါ။ ဒါမှလည်း အထားခံပြီး အာဟာရတန်ဖိုး မပျက်မှာပါ။
ဟင်းသီးဟင်းရွက်တွေကို အာဟာရ မပျက်အောင် အေးခဲ သိမ်းဆည်းလို့ရတဲ့ အခြား တစ်နည်းက ဟင်းသီးဟင်းရွက်တွေကို သေချာလေး သန့်စင်ပြီးတဲ့အခါ ဆူနေအောင်တည်ထားတဲ့ ရေနွေးထဲမှာ ၄၅ စက္ကန့်ကနေ စက္ကန့် ၆၀ လောက်ဆေးလို့ ချက်ချင်းဆယ်ပြီး ရေခဲရေထဲကို နှစ်လိုက်ပါ။
ပြီးရင် ရေစင်အောင် စစ်ပြီး လေလုံအိတ် ဒါမှမဟုတ် ဗူးထဲထည့်ပြီး အပေါ်ပိုင်းမှာ ၄ ချိုး ၁ ချိုးစာလောက် နေရာလွတ်ထားပြီး အေးခဲ ထားလိုက်ရုံပါ။
ဒီလို လုပ်တာက အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး မပျက်သလို သဘာဝ အရောင်အဆင်းလည်း မပျက်ပါဘူး။
အေးခဲတာကြောင့် အာဟာရတန်ဖိုးတွေ မပျက်ပါဘူး။ ဒါပေမယ့် အေးခဲထားတဲ့ အစားအစာတွေကို တစ်ပတ်ထက်ပိုပြီးတော့တော့ မထားသင့်ပါဘူး။ နောက်တစ်ချက်က freezer ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။