ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!

စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ ဒီတော့ စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား! မသိချင်ဘူးလား ……. စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီးပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။ စားသုံးမှု မြင့်တက်နေဆဲ စားအုန်းဆီ  မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။   အခုနောက်ပိုင်းမှာ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီဆိုပြီး ဆီအမျိုးအစားတွေ အမျိုးမျိုး ရှိလာကြပေမယ့် စာအုန်းဆီ စားသုံးမှုကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒီတော့ ကိုယ်တွေ နေ့တိုင်း စားသုံးမိနေတဲ့ အစားအစာတွေထဲမှာ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

ဆီပြန်ဟင်း တွေကနေ ရုန်းထွက်ပြီး ကျန်းမာတဲ့နည်းနဲ့ ချက်စားကြရအောင်

နေ့စဉ်စားတဲ့အခါ စားတဲ့ အစားအစာ၊ ပမာဏကလည်း အရေးကြီးသလို ချက်ပြုတ်တဲ့ပုံစံကလည်း အရေးကြီးပါတယ်၊၊ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ဆီပြန်ဟင်း ကို နေ့တိုင်းနီးပါး စားတဲ့အတွက် ကြာလာရင် အဝလွန်ပြီး ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာပါ၊၊ အာဟာရပြည့်ဝအောင်ဆိုပြီး နေ့စဉ် အသီးအရွက်တွေ၊ အသားငါးတွေ ပါဝင်အောင် စားပေမယ့် ချက်ပြုတ်နည်း မမှန်ဘူးဆိုရင် ရေရှည်မှာ ဆီးချို၊ သွေးတိုးလိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒါကြောင့် နေ့စဉ်စားနေကျ ဆီပြန်ဟင်းတွေကနေ ရုန်းထွက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်စားကြည့်ရအောင်၊၊ ဆီပြန်ဟင်း မဟုတ်ဘဲ ဘယ်လိုတွေ ချက်စားကြမလဲ၊၊ Baking ဖုတ်စားတယ်လို့ ပြောကြပါတယ်၊၊ ဥပမာ ပေါင်မုန့်ဆို bakeလုပ်ထားတယ်ပေါ့၊၊ ပေါင်မုန့်အပြင် ပင်လယ်စာတွေ၊ အသီးအရွက်တွေ၊ အသားတွေကိုလည်း ဖုတ်စားလို့ ရပါတယ်၊၊ ဒယ်ထဲကို ဆီပါလေကာထည့်ပြီးတော့ မီးနဲ့ ဖုတ်စားကြည့်လို့ရပါတယ်၊၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှမြောစာ များနဲ့ အဝလွန်ခြင်း

နှမြောစာ ဆိုတာက စားလို့မကုန်တဲ့ အစားအစာတွေပါ။ အထူးသဖြင့် မနက်ဆို တစ်အိုးကြီး ချက်ပြီး ညဆို စားမနိုင်ဘဲ ကျန်နေတာမျိုးပေါ့။ ဒီလိုမျိုး ကျန်နေတဲ့အခါ လွှင့်ပစ်ရမှာလည်း နှမြောတဲ့အတွက် အတင်းသွပ်ပြီး စားမိတာမျိုးပေါ့။ ဒါမျိုးက ရေရှည်မှာ မကောင်းပါဘူး။ နှမြောစာ တွေ ဘယ်ကရ မိုးလင်းပြီဆိုတာနဲ့ အိုးကြီး အိုးငယ်နဲ့ ချက်၊ အိမ်မှာ ရှိတဲ့ သူထက် ပိုပိုသာသာ ချက်မိတဲ့အခါ ညဘက်လောက်ဆို ဟင်းတွေ ပိုလာပါပြီ။ အဓိက အကြောင်းရင်းကတော့ အိမ်ရှိလူထက် ပိုချက်ထားတာ ဟင်းစားတွေ တန်တယ်ဆိုပြီး လိုလိုမလိုလို ဝယ်ပြီး ပိုချက်ထားတာ ဧည့်သည်လာခဲ့ရင်  ကျွေးစရာ မရှိမှာစိုးလို့ ပိုချက်ထားတာ တစ်ခါတလေ ဘာရယ်မဟုတ် ဟင်းနည်းနေတဲ့အခါ သူစားနိုး၊ ကိုယ်စားနိုးနဲ့ အချင်းချင်း ညှာပြီး ညကျ ဟင်းတွေ  […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား.........

တိုးတက်လာတဲ့ခေတ်မှာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီး လတ်လတ်ဆတ်ဆတ် စားဖို့ထက် freezer ကောင်းကောင်း တစ်လုံးဝယ်ပြီး တစ်ပတ်စာလောက် အေးခဲ စားကြတာ ပိုများပါတယ်။ တိုးတက်လာတဲ့အလျောက် အိမ်ရှင်မတွေကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အလုပ်တွေ လုပ်လာရတာကြောင့်လည်း ပါပါတယ်။ ဒီလို အေးခဲထားတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ သိချင်နေနိုင်မယ့် အကြောင်းအရင်း တစ်ခုက အေးခဲထားတဲ့ အသီးအရွက်တွေ အသားငါးတွေက အာဟာရတန်ဖိုး လျော့သွားလား၊ ပျက်သွားလား ဆိုတာပါ။ တကယ်လို့သာ ဒီလိုမျိုး အာဟာရတန်ဖိုး လျော့မယ်၊ ပျက်မယ်ဆိုရင် စားလိုက်ပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးမပြုတာမျိုးတွေ ဖြစ်လာမှာကိုး။ ဒီတော့ ဒီအချက်လေးကို ဆောင်းပါးလေးထဲမှာ သေသေချာချာ ဖတ်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-you-should-stop-putting-in-your-fridge/ အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား......... အခုပြောပြမယ့် အစားအစာဆိုတဲ့နေရာမှာ အသား၊ ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အေးခဲခြင်းဆိုင်ရာ myths များစွာ

အစားအစာတွေကို တာရှည်ခံအောင် အေးခဲပြီး သိမ်းဆည်းတာနဲ့ ပတ်သက်လို့ သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေလည်း ရှိသလို မှားသိထားတာတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေက မှန်ပြီး ဘာတွေက မှားနေလဲဆိုတာကို အေးခဲခြင်းဆိုင်ရာ myths များစွာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အေးခဲခြင်းဆိုင်ရာ myths များစွာ အစားအစာတွေ အေးခဲခြင်းနဲ့ ပတ်သက်လို့ ဒီအချက်တွေကို မှားသိထားနိုင်ပါတယ်။ Myth #1 - အစားအစာတိုင်းကို အေးခဲလို့ရတယ် ဒီယူဆချက်က များသောအားဖြင့်တော့ မှန်တယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ အေးခဲလို့ မရပါဘူး။ ဥပမာ - ကော်ဖီမှုန့်ကို အေးခဲလို့ မရသလို ကြက်ဥ၊ ဘဲဥတွေကိုလည်း အေးခဲလိုက်ရင် စားလို့ အဆင်မပြေတော့ပါဘူး။ နောက်တစ်ခုကတော့ ဆီသွပ်ဘူးတွေပါ။ ဆီသွပ်ဘူးတွေကို အေးခဲလိုက်မယ်ဆိုရင်လည်း စားဖို့ တော်တော်လေး အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ Myth #2 […]


ကျန်းမာစွာချက်ပြုတ်ခြင်း

စရိတ်သက်သာ အာဟာရပြည့်ပြည့် စားနိုင်ဖို့ ရိက္ခာ စုနည်း

သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ငလျင်တွေ ဖြစ်အပြီးမှာ ဒါမှမဟုတ် ဖြစ်မယ် သတိထားကြပါလို့ ကြေညာအပြီးမှာ ရိက္ခာ ဝယ်ယူစုဆောင်းကြတာ သဘာဝပါ။ အပြင်ထွက်လို့ အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်တဲ့အတွက် စုလည်း စုထားသင့်ပါတယ်။ တတ်နိုင်တဲ့သူက ခြင်းကြီးခြင်းငယ် အသွယ်သွယ်နဲ့ ဝယ်ကြပေမယ့် မတတ်နိုင်တဲ့သူကျ အတော်ဒုက္ခရောက်ပါတယ်။ ဝယ်လိုအား များလာလို့ စျေးပါတက်လာရင် ပိုဆိုးပါတယ်။ ဒီလိုဆိုပြီး ဆန်နဲ့ ဆီပဲ ဝယ်ထားပြီး စားနေလို့လည်း မဖြစ်သေးပါဘူး။ ဒီဘေးအန္တရာယ်တွေက ဘယ်တော့မှ ပြီးမလဲဆိုတာ မသိတဲ့အတွက် ကြာလာရင် အာဟာရချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် အာဟာရလည်းပြည့် စရိတ်လည်း သက်သာတဲ့ ရိက္ခာဝယ်ယူစုဆောင်းနည်းကို ပြောပြပါ့မယ်။ စရိတ်သက်သာ ရိက္ခာ စုနည်း စျေးစာရင်းလုပ်ပါ။ သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကော ဆိုတာ မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပာယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ စီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။ မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားရဖို့ဆိုတာ ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ချက်နည်း၊ ပြုတ်နည်း၊ ပြင်ဆင်နည်း ပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ ဒီလို ချက်ပြုတ်တတ်ဖို့ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်စရာ မလိုပါဘူး။ အဆုံးသတ်မှာ လိုရင်းက အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်နေဖို့ပါပဲ။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတော့ သန့်သန့်ရှင်းရှင်း စားသောက်ပါ။ ဘယ်သူကတော့ ညစ်ပတ်တာတွေကို စားမှာလဲ။ အဲ့ဒီလို ပြောချင်တာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။ Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆီပမာဏကို လျှော့ချပေးနိုင်တယ်။ ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air fryerကို သုံးမယ်ဆိုရင် သာမန်ထက် ဆီအသုံးပြုတာကို ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်တဲ့။ ဥပမာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်

စာဖတ်သူဟာ သက်သတ်လွတ်ဆို ဟင်ခနဲ နှာခေါင်းရှုံ့တတ်တဲ့သူလား။ ဒါလေးတွေ မစားကြည့်ရသေးလို့ နေမှာပါ။ ၁။ ပဲထမင်း စားတော်ပဲ အစိမ်းလုံးလေးတွေ နဲ့ ပဲထမင်း စိမ်းစိမ်းလေးဟာ တခြားဘာဟင်းလျာမှ မလိုဘဲ စားရတာ အရသာ သိပ်ရှိတာပါ။ ချက်ရတာကလည်း ထမင်းချက်သလို သိပ်လွယ်တာပါပဲ။ လိုအပ်သော ပစ္စည်းများ ဆန် - ဆန်ခြင်ခွက် (၁) ခွက် ပဲစိမ်းလုံး - ဆန်ခြင်ခွက် (၁/၄) ခွက် ကြက်သွန်နီ - ၂လုံး (ပါးပါးလှီး) သံလွင်ဆီ (ရိုးရိုးဆီ/ ထောပတ်/ မာဂျရင်း) - အနည်းငယ် ညက်နေအောင် ထောင်းထားသော ချင်း(ဂျင်း) - လက်ဖက်ရည်ဇွန်း (၁) ဇွန်း ဆား အနည်းငယ် သကြား အနည်းငယ် ဒီ ပစ္စည်းတွေ အားလုံးကို ထမင်းချက်မယ့်အိုးထဲမှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ်ဆိုတာ ချက်နည်းပြုတ်နည်း များများစားစားမလိုဘဲ အိမ်တိုင်း အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းတစ်ခွက်ပါ။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကြက်စွပ်ပြုတ်သည် အစာကြေလွယ်စေပြီး ကိုယ်တွင်းအပူကျစေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ နေကောင်းတဲ့သူတွေအတွက်လည်း အာဟာရဖြစ်စေသလို နေမကောင်းတဲ့သူတွေအတွက်လည်း အဖျားတာတိုစေတဲ့ အာနိသင်ပါလို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ဒီတစ်ခေါက်တော့ ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ ခုလိုမိုးတွင်းကာလမှာဆိုရင် ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်လွယ်တဲ့အတွက် ကြက်စွပ်ပြုတ်ကို ပိုပြီးတောင် သောက်ပေးဖို့လိုအပ်ပါတယ်။ ကြက်စွပ်ပြုတ်က ကျန်းမာရေးကောင်းကျိုးအနေနဲ့ ၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း