ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်
လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]