ဆိုဒီယမ်စားသုံးမှုကို ကန့်သတ်ပါ – အသက်ကြီးလာတဲ့အခါ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့် အစားအသောက်တွေ ပြင်ဆင်ပေးတဲ့အခါ အငန်ဓါတ်လွန်ကဲတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ လုံးဝမထည့်ရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အငန်ဓါတ်များတဲ့ အစားအစာတေါကသွေးတိုးရောဂါဖြစ်စေနိုင်သလို သွေးတိုးရောဂါရှိနေသူတွေမှာလည်း ရောဂါအခြေအနေ ကိုပိုဆိုးစေနိုင်တာကြောင့်ပါ။ လူကြီးတွေကို အသင့်စားအစား အသောက်တွေ၊ အပြင်စာတေါတတ်နိုင်သမျှမကျွေးပါနဲ့။ ငါးပိ၊ငါးခြောက်လိုမျိုး အငန်ဓါတ်ကဲတာတွေကို တတ်နိုင်သမျှရှောင်ပြီး ပြင်ဆင်ပေးပါ။ သစ်သီးလတ်လတ်ဆတ်ဆတ်တွေနဲ့ ဆန်လုံးညိုလိုမျိုး အစားအသောက်တွေကို ကျွေးမွေးပေးလို့ရပါတယ်။
ရေဓါတ်ပြည့်ဝနေပါစေ – သက်ကြီးရွယ်အိုတွေက ရေခဏခဏဆာလေ့မရှိကြဘူးဆိုပေမယ့် သူတို့ရဲ့ ခန္ဓါကိုယ်ကတော့ ရေဓါတ်ကိုလိုအပ်နေတာပါ။ အသက်ကြီးလာတဲ့အခါ ဆီးခဏခဏမသွားချင်တာကြောင့် ရေသိပ်မသောက်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်ရဲ့မိဘတေါကို ရေဓါတ်ပြည့်ဝအောင်သောက်ရဲ့လားဆိုတာကို သေချာဂရုစိုက်ကြည့်ရှု့ပေးပါ။ တစ်နေ့တာအတွက်လိုအပ်တဲ့ ရေဓါတ်ပြည့်ဝအောင် တိုက်ပေးပါ။
လေ့ကျင့်ခန်းလုပ်ပေးပါ – ကိုယ်ချစ်ရတဲ့ မိဘဘိုးဘွားတွေကို ကျန်းမာနေစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ခိုင်းပါ။ လူကြီးတွေက လေ့ကျင့်ခန်းလုပ်ရမှာကို ပျင်းတယ်ဆိုရင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက စားချင်စိတ်ကိုတိုးစေနိုင်သလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။
လူအများနဲ့တွေ့ဆုံဆက်သွယ်နိုင်အောင်လုပ်ဆောင်ပေးပါ – မိဘတွေဘိုးဘွားတွေမှာလည်း သူငယ်ချင်းတွေ ခင်မင်ရင်းနှီးရသူတွေရှိနိုင်ပါတယ်။ ကိုယ်ကလိုက်မပို့ပေးနိုင်ရင်တောင် သူတို့ခင်မင်ရသူတွေကို အိမ်ကိုဖိတ်ပြီး ညစာပြင်ဆင်ပေးတာမျိုးဖြစ်ဖြစ် အတူတူဝိုင်းဖွဲ့စားသောက်နိုင်အောင်လုပ်ပေးပါ။ ညနေခင်းတွေမှာ လမ်းလျှောက်ထွက် ပေးတာမျိုးလုပ်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုရအောင်လုပ်ပေးပါ။ အပြင်ခေါ်သွားပေးတာမျိုးလုပ်ပေးလို့လည်းရပါတယ်။ လူကြီးတွေအနေနဲ့ လမ်းလျှောက်ထွက်ရင်းဖြစ်ဖြစ် အပြင်တစ်နေရာသွားရင်းဖြစ်ဖြစ် ခင်မင်ရင်းနှီးသူတွေနဲ့ တွေ့ဆုံနှုတ်ဆက်ရင်း စိတ်ထဲမှာပျော်ရွှင်တာမျိုးခံစားမိနိုင်ပါတယ်။ စိတ်ပျော်ရွှင်မှုကလည်း ကျန်းမာစေဖို့အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါ။
လိုအပ်နေတဲ့အာဟာရဓါတ်တွေကိုဖြည့်တင်းပါ– လိုအပ်နေတဲ့အာဟာရဓါတ်တွေကို အစားအစာကနေရရှိမှုမလုံလောက်တဲ့ သက်ကြီးပိုင်းတွေကို အားဆေး သို့မဟုတ်ဖြည့်စွက်အာဟာရတွေနဲ့ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အာဟာရချို့တဲ့တဲ့လက္ခဏာတွေ မရှိခဲ့ရင်တောင် ဆရာဝန်နဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပြီး လိုအပ်တဲ့ဗီတာမင်အားဆေးတွေ မှီဝဲဖို့သင့်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၂၆ မျိုးပါဝင်ပြီး အာဟာရဓါတ်လိုအပ်နေသူတွေ၊ လူကြီးတွေနဲ့ နာလန်ထစ လူနာတွေအတွက် သင့်လျော်တဲ့ Renovit အားဆေးကိုရွေးချယ်နိုင်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။