Pyloromyotomy (အစာအိမ်ထွက်ပေါက်အဆို့ ကြွက်သားခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pyloromyotomy (အစာအိမ်ထွက်ပေါက်အဆို့ ကြွက်သားခွဲစိတ်ကုသမှု) ကဘာလဲ။

အစာအိမ်ထွက်ပေါက်ကျဉ်းခြင်း (pyloric stenosis) ဟာကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အစာအိမ်နဲ့အူသိဆက်ထားတဲ့ နေရာမှာရှိတဲ့ pylorus အဆို့လေးထူလာတဲ့အတွက် ဒီရောဂါ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ Pylorus ဆိုတာအစာအိမ်တွင်း အစာချေလုပ်ငန်း လုပ်ဆောင်နေချိန်မှာ အစာတွေကို အစာအိမ်ထဲမှာပဲ ရှိနေအောင်ထိန်းပေးထားတဲ့ အဆို့ကြွက်သားတစ်ခုဖြစ်ပါတယ်။

အစာအိမ်ထွက်ပေါက်ကျဉ်းရောဂါရှင်တွေမှာ ထွက်ပေါက်နားက ကြွက်သားတွေထူလာတဲ့အတွက် အစာတွေအူသိမ်ထဲ ဆက်သွားတာကို တားဆီးပိတ်ဆို့ထားတာကြောင့် အန်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ကိုယ်အလေးချိန်ကျဆင်းတာတို့ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါရှိနေတဲ့ ကလေးလေးတွေဟာ အမြဲတမ်းဆိုသလို ဗိုက်ဆာနေတတ်ကြတာကို တွေ့ရပါတယ်။
အစာအိမ်ထွက်ပေါက်ကျဉ်းတာကို ခွဲစိတ်ကုသလို့ရပြီး ခွဲစိတ်မှုအများစုဟာ အောင်မြင်ကြပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေလည်း မရှိသလောက်နည်းပါးပါတယ်။

အစာအိမ်ထွက်ပေါက် အဆို့ ကြွက်သားခွဲစိတ်ကုသမှု (Pyloromyotomy) ဘာလို့လုပ်ဖို့လိုတာလဲ။

ကလေးလေးမှာ အစာအိမ်ထွက်ပေါက်ကျဉ်းတဲ့ ဝေဒနာကို ခံစားနေရပြီဆိုရင် ခွဲစိတ်ကုသမှုကို ခံယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ဒါဟာအကောင်းဆုံးကုသမှုဖြစ်နေလို့ပါပဲ။

အစာအိမ်ထွက်ပေါက် အဆို့ကြွက်သား ခွဲစိတ်ကုသမှု (pyloromyotomy) ရဲ့ နောက်ဆက်တွဲအန္တရာယ်တွေက ဘာတွေလဲ။

အစာအိမ်ထွက်ပေါက်ကျဉ်းတယ်လို့ ရောဂါအတိအကျသိလိုက်ရတဲ့ နေ့မှာပဲ ခွဲစိတ်ဖို့ကိုအစီအစဉ်ဆွဲရပါမယ်။ တကယ်လို့ သင့်ကလေးဟာ ရေဓါတ်ခမ်းခြောက်နေတယ် ဒါမှမဟုတ် ဓါတ်ဆားပမာဏ မမျှမတဖြစ်နေတယ်ဆိုရင် မခွဲစိတ်ခင်မှာ ဆေးချိတ်ပေးပါလိမ့်မယ်။

ခွဲစိတ်တာဟာ အစာအိမ်ထွက်ပေါက်ကျဉ်းတဲ့ပြဿနာကို ဖြေရှင်းကုသပေးနိုင်တဲ့ အယုံကြည်ရဆုံး၊ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကြိုတင်သတိပေးချက်တွေ၊ လိုက်နာရမယ့်အရာတွေကို ခွဲစိတ်မှုမခံယူခင်မှာ အသေအချာနားလည်ထားဖို့လိုအပ်ပါတယ်။ မရှင်းလင်းတာရှိရင် ဆရာဝန်ကို မေးမြန်းပါ။

ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ပြင်ဆင်မှု

ခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။

သင့်ကလေးရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။
ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။

ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။

ခွဲစိတ်စဉ်

ခွဲစိတ်နေစဉ်ကာလမှာ ဘာတွေလုပ်မှာလဲ။

ခွဲစိတ်ဆရာဝန်အနေနဲ့ကလေးရဲ့ ရေဓါတ်ပမာဏနဲ့ဆားပမာဏအခြေအနေကို (လိုအပ်ရင်ဆေးချိတ်ပြီး) တည်ငြိမ်အောင်လုပ်ထားရပါမယ်။ မေ့ဆေးနဲ့ခွဲလေ့ရှိပြီးခွဲစိတ်မှုဟာပုံမှန်အားပြင့်တစ်နာရီလောက်ကြာတတ်ပါတယ်။ သင့်ကလေးရဲ့ဗိုက်အပေါ်ဖက်ပိုင်းမှာခွဲမှာ ဖြစ်ပြီးအစာအိမ်ထွက်ပေါက်နားက အဆို့ကြွက်သားတွေကိုဆွဲခွာကာအူသိမ်ဆီသွားတဲ့လမ်းကြောင်းကိုပွင့်သွားအောင်ချဲ့ပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးနောက်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ခွဲစိတ်မှုပြီးရင် ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ။

သင့်ကလေးကို အစာပြန်ပြီးကျွေးလို့ရမယ့်အချိန်ကို ဆရာဝန်က ပြောပါလိမ့်မယ်။ ခွဲပြီး သုံးလေးရက်လောက်ကြာတဲ့အခါ ဆေးရုံကနေ ပေးဆင်းပါလိမ့်မယ်။ သင့်ကလေး အစားစားတာဟာ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ကလေးကို ကိုယ်အလေးချိန် မှန်မှန်ချိန်ပေးပါ။

ကလေးအများစုမှာ ဘာပြဿနာမှမရှိဘဲ ပြန်ကောင်းသွားလေ့ရှိတယ်ဆိုသော်ငြား အစာအိမ်ထွက်ပေါက်ကျဉ်းတာဟာ ပြန်တော့ဖြစ်တတ်ပါတယ်။ တကယ်လို့သင့်မှာ မေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှ မေးမြန်းသင့်ပါတယ်။

ခွဲစိတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာအဖြစ် သွေးယိုစီးတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် ဒါတွေဟာ အင်မတန်ရှားပါးဖြစ်ခဲပါတယ်။ ဒီခွဲစိတ်မှုကြောင့် နောင်တစ်ချိန်မှာ သင့်ကလေး အစာအိမ်၊ အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေကို ပိုများမလာစေပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးအနေနဲ့ အောက်ဖော်ပြပါ အန္တရာယ်တွေကိုတော့ ကြုံတွေ့ရနိုင်ပါတယ်။
• ခွဲစိတ်မှု ပြီးဆုံးပြီးနောက် အန်ခြင်း
• အစာအိမ်ရဲ့ အတွင်းနံရံမှာ အပေါက်ဖြစ်ခြင်း
• အနာမကောင်းခြင်း
• အနာကတစ်ဆင့် အူကျွံခြင်း

ခွဲစိတ်ပြီး ၄၈နာရီလောက်အကြာမှာ ကလေးကို ဆေးရုံပေးဆင်းလိုက်တာများပြီး ပုံမှန်ပြန်ကောင်းလာဖို့က အကြမ်းဖျဉ်းအနေနဲ့တစ်ပတ်လောက် အချိန်ယူရမယ်လို့ဆိုပါတယ်။ ကလေးတွေအနေနဲ့ခွဲစိတ်ပြီးတဲ့အခါ အစာပိုပြီးစားချင်လာလေ့ရှိပါတယ်။ ဒါဟာ ပုံမှန်ပါ။ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ပတ်သက်လို့ မေးစရာရှိတယ်ဆိုရင် ဆရာဝန်နဲ့ (ဖြစ်နိုင်ရင်) ချက်ချင်းဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။