သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Lypolysis လုပ်အပြီး အဆီကင်းဝေးအောင် ကူညီပေးနိုင်တဲ့ လူမှုဘဝနေထိုင်ပုံပြောင်းလဲမှုများ အကြောင်း

Lypolysis လုပ်အပြီး အဆီကင်းဝေးအောင် ကူညီပေးနိုင်တဲ့ လူမှုဘဝနေထိုင်ပုံပြောင်းလဲမှုများ အကြောင်း

Lypolysis လုပ်အပြီးမှာ အဆီတွေဟာ ဘယ်လောက်လွယ်ကူစွာ ပြန်ပေါ်လာနိုင်သလဲဆိုတာ သင်သိပါသလား။ လူတွေဟာ Lypolysis အကြောင်းကို နားလည်မှုလွဲကြပြီး သူတို့ ဘာတစ်ခုမှ လုပ်စရာမလိုပဲ Lypolysis က ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးနိုင်တယ်လို့ ထင်ကြပါတယ်။

တကယ်တမ်းတော့ Lypolysis ဟာ အရေပြားအောက်က အဆီကို ဖယ်ထုတ်ပေးနိုင်ပေမယ့် ဒါတစ်ခုတည်းကို ကိုယ်အလေးချိန်ကျဆင်းရန်အတွက် မမှီခိုသင့်ပါဘူး။ သင့်ရဲ့ လူနေမှုပုံစံကိုပြောင်းလဲခြင်းအားဖြင့် Lypolysis လုပ်အပြီး ရလဒ်တွေကို ထိန်းသိမ်းနိုင်ပါတယ်။

အောက်ဖေါ်ပြပါ အချက်အလက်တွေကတော့ Lypolysis လုပ်အပြီးမှာ အဆီကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။

သင့်လူနေမှု နေထိုင်ပုံကို ပြောင်းလဲဖို့အတွက် စိတ်ဓါတ်ခိုင်မာဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တကယ်လို့ သင့်ရဲ့ လူမှုနေထိုင်ပုံကို ပိုမိုတိုးတက်စေနိုင်တယ်ဆိုရင်တော့ အဆီပြန်ဖြစ်လာခြင်းကနေ ကာကွယ်ဖို့ အလွန်ကောင်းမွန်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားလျှော့စားခြင်းဟာ သင့်လူမှုဘဝနေထိုင်ပုံကို စတင်ပြောင်းလဲဖို့ အရေးကြီးတဲ့အချက်နှစ်ချက် ဖြစ်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် လူမှုဘဝနေထိုင်ပုံပြောင်းလဲခြင်း

အဆီပြန်ဖြစ်ခြင်းကို ကာကွယ်ချင်သူတွေအတွက်သာမက လေ့ကျင့်ခန်းလုပ်ခြင်းကို လူတိုင်းအတွက် ကျန်းမာရေးပညာရှင်တွေက အကြံပေးကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆီကို ကောင်းမွန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်း မျှတအောင်လုပ်ရမလဲဆိုတာ သိရှိဖို့လည်း အရေးကြီးပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းကို နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်းဆောင်ရွက်သင့်ပါတယ်။ အားကစားရုံမှာ ကိုယ်ပိုင် သင်တန်းဆရာနဲ့ သွားရောက်ကစားခြင်းဟာလည်း သင့်အတွက် အသင့်လျော်ဆုံးလေ့ကျင့်ခန်းအမျိုးအစားတွေကို ရွေးချယ်ပြုလုပ်ဖို့ ကောင်းမွန်တဲ့နည်းတစ်မျိုး ဖြစ်ပါတယ်။

အားကစားရုံကို သွားဖို့ အချိန်မရှိဘူးဆိုရင်တော့ ပြင်ပမှာ လေ့ကျင့်ခန်းလုပ်ခြင်း ပြုလုပ်သင့်ပါတယ်။ သင့်အိမ်အနီးတစ်ဝိုက်မှာ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂလေ့ကျင့်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ညအချိန် လမ်းလျှောက်ခြင်းဟာ တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းနေသူတွေအတွက် အကျိုးရှိပါတယ်။

TV၊ အင်တာနက်ကြည့်ပြီး အိမ်မှာလုပ်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါတွေဟာ လွယ်ကူပေမယ့် ထိရောက်မှုရှိပါတယ်။ လေ့ကျင့်ခန်းကို ဘယ်လိုတိကျစွာ လုပ်ရမလဲ မသိရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ် ဆွဲနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့ အပိုင်းဟာ သင်နဲ့ သင့်လျော်ဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းတွေဟာ သင့်အတွက် ပြင်းလွန်းတယ်လို့ ခံစားရရင် ရပ်ပြီး အနားယူသင့်ပါတယ်။ အဆီကျစေဖို့ လေ့ကျင့်ခန်းကို ပုံမှန်ဆက်တိုက်လုပ်သင့်ပါတယ်။

၂။ အစားလျှော့စားခြင်းဟာ သင်ကြိုက်တဲ့အစားအားလုံးကို ရပ်တန့်လိုက်ရမယ်လို့ မဆိုလိုပါဘူး။

အစာကိုနည်းအောင် စားခြင်းထက် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားသောက်တွေကို ရှောင်သင့်ပြီး ဗီတာမင်၊ သတ္တုဓါတ်များတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ အသီးအရွက်များစွာ စားသင့်ပြီး၊ သကြား၊ ချောကလက်၊ အခြောက်စာတွေဟာ ကာဗိုဟိုက်ဒရိတ်များစွာပါဝင်ပြီး Lypolysis လုပ်အပြီးမှာ အဆီပြန်လည်ဖြစ်ခြင်းကို အားပေးတာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။

အစာလျှော့စားတဲ့အချိန်မှာ အစာလုံးဝမစားပဲ နေခြင်းကို မပြုလုပ်သင့်ပါဘူး။ ကိုယ်ခန္ဓါမှ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် လုံလောက်တဲ့အားအင်ကို မထုတ်ပေးနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

နေ့စဉ်စားသောက်ပုံကို မကြာခဏ စားနိုင်တဲ့အစားတွေအဖြစ် ပြောင်းလဲပေးခြင်းဟာ သင်အစာစားတိုင်းမှာ ပိုမို စားသောက်မိခြင်းကို တားမြစ်ပေးနိုင်ပါတယ်။

ဒါ့ပြင် သင်တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ သင်ရေသောက်တဲ့ပမာဏဟာ သင့်ကိုယ်ခန္ဓါရဲ့ လိုအပ်ချက်ပေါ် မူတည်ပါတယ်။ ရေသောက်ခြင်းဟာ ဗိုက်ဆာခြင်းကို လျော့ကျစေပြီး စားသောက်ပုံကို ထိန်းချုပ်ပေးပါတယ်။

Lypolysis လုပ်အပြီးမှာ အဆီပြန်ဖြစ်လာခြင်းကို ရှောင်ကျဉ်ဖို့ အစားလျှော့စားခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင့်ရဲ့ လူနေမှုဘဝနေထိုင်ပုံကိုပြောင်းလဲခြင်းဟာ သင်ထင်မထားနိုင်လောက်အောင် ဘဝအရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။

တကယ်လို့ သင်ပိုမိုသိလိုတဲ့အချက်အလက်ရှိရင် ဆရာဝန်ကို မေးမြန်းပြီး ကျန်းမာတဲ့ဘဝကို စတင်လိုက်ပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr . Phyu Mon Latt မှ ရေးသားသည်။ 23/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။