ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သွင်းပြီး အူကျရောဂါကို ခွဲစိတ်ကုသခြင်း ဆိုတာ ဘာလဲ
ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သွင်းပြီး အူကျရောဂါကို ခွဲစိတ်ကုသခြင်းဆိုတာ ဝမ်းဗိုက်ခေါင်းထဲကနေတဆင့် အူကျရောဂါကို ကုသခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ သေးငယ်တဲ့ ပြွန်လေးတွေ၊ ကိရိယာတွေကိုသုံးပြီး ဝမ်းဗိုက်မှာ ခွဲစိတ်မှုအသေးစားပြုလုပ်ပြီး အူကျခြင်းကို ကုသပါတယ်။
အူကျခြင်းဆိုတာ ပေါင်ခြံနားက ဝမ်းဗိုက်ကြွက်သား အားနည်းလို့ ဖြစ်ရတဲ့ ပြသနာဖြစ်ပါတယ်။ မကုသဘဲထားရင် ဆိုးရွားတဲ့နောက်ဆက်တွဲ ပြသနာတွေ ရှိနိုင်ပါတယ်။
အူကျခြင်းဟာ ဝမ်းဗိုက်အတွင်း ပေါင်ခြံထိပ်ကနေ ဆီးစပ်ကိုသွားတဲ့ လမ်းကြောင်းမှာ ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်ကနေ သွေးကြောတွေ ထွက်လာတဲ့နေရာပဲ ဖြစ်ပါတယ်။
အူကျခြင်းဖြစ်တဲ့အခါ အူများနဲ့ ဝမ်းဗိုက်အတွင်းမှ တခြားအစိတ်အပိုင်းများဟာ ဖိညှစ်မိပြီး သွေးလျှောက်ခြင်းပြတ်တောက်တာမို့ အန္တရာယ်ရှိပါတယ်။
ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သွင်းပြီး အူကျရောဂါကို ခွဲစိတ်ကုသခြင်း ဘာကြောင့် ပြုလုပ်သလဲ
ဒီခွဲစိတ်ခြင်းဟာ မှန်ပြောင်းသုံးကုသခြင်း ဖြစ်တာကြောင့် အမာရွတ်ဖြစ်နိုင်ခြေနဲ့ တခြားနောက်ဆက်တွဲ ပြသနာတွေကို လျော့နည်းစေနိုင်ပါတယ်။ အူကျတာဟာ လိမ်ညှစ်မိရင်၊ နာကျင်နေရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့ အဆင်မပြေရင်လည်း ခွဲစိတ်ကုသသင့်ပါတယ်။
ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သွင်းပြီး အူကျရောဂါကို ခွဲစိတ်ကုသခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ
တခြားကုသနည်းတွေလိုပဲ ဒီနည်းမှာလည်း ဖြစ်နိုင်ခြေ အန္တရာယ်အချို့ရှိပါတယ်။ အဲဒါတွေကတော့
– ခွဲစိတ်မှုကြောင့် ပြင်ပလေဝင်ခြင်း (အရေပြားအတွင်းထဲ လေပူစီဖောင်းတွေ ဝင်နိုင်ပါတယ်)
– ဝမ်းတွင်းအင်္ဂါများ ထိခိုက်မိခြင်း
– အူကျသည့်နေရာတွင် အဖုအလုံးဖြစ်ခြင်း
– ပေါင်ခြံထိပ်တွင် မသက်မသာ ခံစားရခြင်း
– အမျိုးသားများ ခွဲစိတ်ထားသည့်ဘက်တွင် ဝှေးစေ့နာကျင်ခြင်း
– အမျိုးသားများ ဆီးသွားသည့်အခါ နာကျင်ခြင်း
– အမျိုးသားများ ဝှေးစေ့သို့သွားသည့် သွေးကြောထိခိုက်ခြင်း
– သွေးခဲခြင်း စတာတွေဖြစ်ပါတယ်။
ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။
ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သွင်းပြီး အူကျရောဂါကို ခွဲစိတ်ကုသခြင်းကို မပြုလုပ်မီ ဘာတွေ ပြင်ထားရမလဲ
ခွဲစိတ်မှု မစတင်ခင် ၈နာရီခန့်က စပြီး ဘာမှ မစားမသောက်ရပါ။
မူးယစ်ဆေးပါဝင်သော အကိုက်အခဲပျောက်ဆေးများ အပါအဝင် သောက်နေတဲ့ဆေးများကို ခွဲစိတ်မှုမတိုင်မီနဲ့ ခွဲစိတ်တဲ့နေ့မှာ ရပ်ထားဖို့ လိုပါတယ်။ ကုသပေးသူများနဲ့ မတိုင်ပင်ဘဲ ဆေးများပြောင်းသောက်ခြင်း၊ ရပ်တန့်ခြင်းများ မလုပ်သင့်ပါ။ ဒီအစီအစဉ်အတွက် ဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့ တခြား ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။
ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်သွင်းပြီး အူကျရောဂါကို ခွဲစိတ်ကုသခြင်း ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ
ခွဲစိတ်မှုဟာ မေ့ဆေးနဲ့လုပ်ဆောင်ပြီး မိနစ် ၃၀ ထိ ကြာနိုင်ပါတယ်။ (၂ဘက်စလုံးလုပ်ရရင် တနာရီလျော့လျော့ ကြာနိုင်ပါတယ်)
ခွဲစိတ်ဆရာဝန်ဟာ ဝမ်းဗိုက်မှာ ခွဲစိတ်မှုလေးတွေ ပြုလုပ်ပါလိမ့်မယ်။ ဝမ်းဗိုက်အတွင်းကို မှန်ပြောင်းနဲ့အတူ တခြားကိရိယာတွေ ထည့်သွင်းပြီး ခွဲစိတ်မှု ပြုလုပ်ပါလိမ့်မယ်။ အူကျတဲ့နေရာက အားနည်းနေတဲ့ အစိတ်အပိုင်းကို အထူးပြုလုပ်ထားတဲ့ ဆန်ကာကွက်နဲ့ ပိတ်ပါလိမ့်မယ်။
သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
ခွဲစိတ်ပြီး ဘာတွေဖြစ်နိုင်သလဲ
ခွဲပြီးတဲ့နေ့ဖြစ်ဖြစ် နောက်တနေ့မှာဖြစ်ဖြစ် အိမ်ပြန်နိုင်ပါတယ်။
ပုံမှန်အလုပ်တွေကို ပြန်လုပ်ဖို့ သက်တောင့်သက်သာ ရှိတယ်ထင်ရင် (အထူးသဖြင့် တပတ်နေရင်) ပြန်လုပ်နိုင်ပါတယ်။ အလေးအပင်မခြင်းကို ရှောင်စရာ မလိုပေမယ့် ခွဲပြီးစ ၂ပတ်ကနေ ၄ပတ်ထိမှာ သက်သက်သာသာ မရှိနိုင်တာမို့ အဲဒီအချိန်တွေမှာအလေးအပင်တွေမခြင်းကို ရှောင်သင့်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ ပုံမှန်လှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် ပြန်လုပ်နိုင်စေပါတယ်။ လေ့ကျင့်ခန်း မစတင်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Signature Page
Content Contributor (CC)
Name:
Signature:
Date:
Line Editor (LE)
Name:
Signature:
Date:
Medical Contributor (MC)
Name:
Signature:
Date:
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။