backup og meta

Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 10/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)ဆိုတာဘာလဲ။

    Myringplasty ဆိုတာသင့်နားစည်ကအပေါက်ကိုပြန်လည်ပြင်ဆင်ပေးတဲ့ခွဲစိတ်ကုသမှုပါ။ နားစည်အပေါက်က ရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ်တာတာများပါတယ်။ နောက်တစ်ခုကနားရင်းအုပ်ခံရတဲ့အခါမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နားစည်ပေါက်သွားခြင်းကအကြားအာရုံချို့ယွင်းစတဲ့အပြင် ရောဂါပိုးလည်းကူးစေနိုင်ပါတယ်။

    Myringoplasty (နားစည်အပေါက် ဖာထေးခြင်း)ကိုဘာကြောင့်လုပ်လဲ။

    တကယ်လို့သင့်နားစည်မှာအပေါက်ဖြစ်နေရင်ဒါမှမဟုတ် ရောဂါပိုးဝင်နိုင်ချေရှိရင်ဆရာဝန်ကသင့်ကို Myringoplasty လုပ်ခိုင်းပါလိမ့်မယ်။ ဒါ့အပြင်ဒီလိုလုပ်လိုက်ခြင်းကသင့်နားကိုနောက်ထပ်ရောဂါပိုးကူးခြင်းမှကာကွယ်ပေးတဲ့အပြင်အကြားအာရုံလည်းပိုကောင်းလာစေပါတယ်။

    Myringoplasty ကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ။

    ရေချိုးနေစဉ်သင့်နားရွက်ကိုဝါဂွမ်းနဲ့ခြောက်အောင်လုပ်ခြင်းနဲ့သင့်လက်ကိုစင်ကြယ်အောင်ဆေးခြင်းကနားထဲပိုးမဝင်အောင်ကာကွယ်ပေးပါတယ်။

    ပိုးဝင်တာကပိုးသတ်ဆေးတွေနဲ့ကုလို့ရတဲ့အပြင်နားနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ကျန်းမာရေးစောင့်ရှောက်သူကလည်းသန့်စင်ပေးနိုင်ပါတယ်။ နားသိပ်မကြားရင်လည်းနားကြားစက်ကကူညီပေးပါလိမ့်မယ်။

    ခွဲစိတ်မှုမလုပ်ခင်မှာသတိပေးချက်တွေရှောင်ရန်ဆောင်ရန်တွေကိုနားလည်ထားဖို့လိုပါတယ်။ မေးစရာရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။

    ခွဲစိတ်မှုမလုပ်ခင်စွန့်စားရမှာတွေနဲ့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုသိထားဖို့လည်းလိုပါသေးတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့သင့်ဆရာဝန်သို့မဟုတ်ခွဲစိတ်ဆရာဝန်ဆီမေးပါ။

    Myrigoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ။

    သင့်ကိုဘာတွေပြင်ဆင်ရမလဲဆိုတာဆရာဝန်ကအနီးကပ်အသေးစိတ်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်ခင်အစားစားလို့ရမရဆိုတာတွေရောပေါ့။ များသောအားဖြင့်ခွဲစိတ်မှုမတိုင်ခင်၆နာရီအလိုမှာသင်အစာစားတာ ရပ်ထားရပါပြီ။ ခွဲစိတ်မှုမတိုင်ခင်နာရီအနည်းငယ်အလိုထိတော့ကော်ဖီလိုမျိုးအရည်တွေသောက်လို့ရပါတယ်။

    သင်မကြာခင်ကသောက်နေတဲ့ဆေးတွေ၊သင့်ဓါတ်မတည့်မှုတွေနဲ့တခြားသင့်မှာရှိတဲ့ရောဂါတွေကိုဆရာဝန်ကိုပြောပြထားရပါမယ်။ မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။

    Myringoplasy (နားစည်အပေါက်ဖာထေးခြင်း)ခွဲစိတ်မှုလုပ်နေစဉ်မှာဘာတွေဖြစ်လဲ။

    ခွဲစိတ်မှုကိုတော့မေ့ဆေးနဲ့ ပြုလုပ်မှာဖြစ်ပြီးတစ်နာရီကနေတစ်နာရီခွဲအထိကြာနိုင်ပါတယ်။

    သင့်ရဲ့ခွဲစိတ်ဆရာဝန်ကသင့်နားစည်ကအပေါက်ကိုဖာဖို့တစ်ရှူးအနည်းငယ်လိုပါတယ်။ ဆရာဝန်ကနားရဲ့အရှေ့က(သို့)အနောက်(သို့)နားပေါက်ကခွဲထားတဲ့အပေါက်ကတစ်ဆင့်တစ်ရှူးစကိုထည့်မှာပါ။ သူကနားစည်ကိုမလိုက်ပြီးတစ်ရှူးစကိုအရည်ပျော်တဲ့ရေမြှုပ်နဲ့ထောက်ခံပြီးထည့်မှာပါ။ ပြီးရင်နားစည်ကိုပုံမှန်ပြန်ထားမှာပါ။

    Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)လုပ်ပြီးရင် သင်ဘာလုပ်သင့်လဲ။

    ခွဲစိတ်မှုလုပ်ပြီးတဲ့နေ့မှာဘဲသင်အိမ်ပြန်နိုင်ပါတယ်။ ပတ်တီးသုံးထားရင်တော့ နောက်နေ့မနက်မှာဖြုတ်ပြီးအိမ်ပြန်နိုင်မှာပါ။

    သင့်ဆရာဝန်ကသင်ပုံမှန်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ကြောင်းပြောမှာပါ။၂ပတ်အကြာမှာသင်အလုပ်ပြန်သွားနိုင်မှာပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်တာကသင်ပုံမှန်အမြန်ဆုံးပြန်ဖြစ်အောင်ကူညီမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင်ဆရာဝန်ဆီကအကြံဉာဏ်တောင်းပါ။၂ပတ်ကနေ၃ပတ်အကြာမှာနားကိုကာထားတာဖြုတ်ဖို့နဲ့ဖာထားတဲ့တစ်ရှူးစကိုကြည့်ဖို့ဆရာဝန်ဆီပြန်သွားရပါလိမ့်မယ်။

    မေးစရာတွေရှိရင်သင့်ခွဲစိတ်ဆရာဝန်နဲ့အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။

    Myringoplaty (နားစည်အပေါက်ဖာထေးခြင်း)အပြီးမှာဘာတွေဖြစ်မလဲ။

    တခြားခွဲစိတ်မှုတွေလိုဘဲ Myringoplasty ပြီးတဲ့အခါဖြစ်လာနိုင်ချေရှိတဲ့ရှုပ်ထွေးမှုတွေရှိပါတယ်။ သင့်ခွဲစိတ်ဆရာဝန်နဲ့ဒါတွေကသင့်အပေါ်ဘယ်လိုသက်ရောက်လဲဆွေးနွေးပါ။

    ဖြစ်လာနိုင်တဲ့ရှုပ်ထွေးမှုတွေကတော့

    • ဖာထေးထားတဲ့တစ်ရှူးစချို့ယွင်းခြင်း
    • အကြားအာရုံချို့ယွင်းခြင်း
    • နားအူခြင်း
    • အရသာပျက်ခြင်း
    • ဓါတ်မတည့်မှုဖြစ်ခြင်း

    သင့်အနေနဲ့ခွဲစိတ်မှုအတွက်ပြင်ဆင်ရာမှာဆရာဝန်ညွှန်ကြားမှုအတိုင်းလိုက်နာပြီးရှုပ်ထွေးမှုဖြစ်လာနိုင်ချေကိုလျှော့ချနိုင်ပါတယ်။ဥပမာ – အစားမစားတော့ခြင်းနဲ့ ဆေးသောက်ရပ်ခြင်းတို့ဖြစ်ပါတယ်။

    ရှုပ်ထွေးမှုတွေနဲ့ပတ်သက်ပြီး မေးစရာရှိရင်သင့်ဆရာဝန်ကိုအသေးစိတ်မေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 10/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement