backup og meta

ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ

    မီးဖိုချောင်မှာရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ကျန်းမာရေးကို အထောက်အကူ ဖြစ်တယ်ဆိုတာကို သင်သိကောင်းသိပါလိမ့်မယ်။ အလားတူပဲ မီးဖိုချောင်မှာရှိတဲ့ အစားအစာတချို့ကလည်း ကင်ဆာ ရောဂါများစွာရဲ့ အဓိကအကြောင်းရင်းဖြစ်လာနိုင်တာကိုရော သိကြပါသလား။ တကယ်တော့ ကင်ဆာရောဂါရဲ့ ၇၀ ရာခိုင်နှုန်းအထိက နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ ကာကွယ်နိုင်ပါတယ်။ ကျန်တဲ့ ၃၀% က သင်မထိန်းချုပ်နိုင်တဲ့ မျိုးရိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

    ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ

    ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများကတော့ –

    (၁) စည်သွပ်ဘူး

    စည်သွပ်ဘူးမှာ ပါဝင်တဲ့ အစားအစာတွေမှာ ဆားနဲ့ သကြားမြင့်မားစွာ ပါဝင်နေတာအပြင် အသုံးပြုတဲ့ ဘူးခွံတွေကြောင့်လည်း ပါပါတယ်။ ဘူးခွံတွေမှာ ကင်ဆာဖြစ်စေတယ်လို့ လူသိများတဲ့ အန္တရာယ်ရှိ BPA ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။

    ဒါကို ကာကွယ်ဖို့အတွက် အသီးအနှံများကို လတ်လတ်ဆတ်ဆတ်စားပါ။ ကြာရှည်ခံစေဖို့အတွက် ရေခဲသေတ္တာကို အသုံးပြုပါ။ ဒါမှမဟုတ် BPA-free အဖြစ်တံဆိပ်ကပ်ထားသောစည်သွပ်ဘူးများကိုသာ ဝယ်ပါ။

    (၂) Soda Pop

    ဆိုဒါမှာပါဝင်တဲ့ သကြားဓာတ်တွေဟာ အဝလွန်စေပြီး ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။ ဆိုဒါမှာ အာဟာရဓာတ်များ မပါဝင်တဲ့အပြင် အသုံးပြုထားတဲ့ ဓာတုပစ္စည်းများနဲ့ဲ့အရောင်များကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

    တကယ်လို့ သင့်အနေနှင့် ကဖိန်းဓာတ်လိုအပ်နေပြီဆိုရင် ဆိုဒါအစား အချိူဓာတ်အနည်းငယ်သာ ပါဝင်တဲ့ လက်ဖက်ရည် သို့မဟုတ် ကော်ဖီကို ရွေးချယ်သင့်ပါတယ်။ ဒီနှစ်ခုစလုံးမှာ ကင်ဆာကို တွန်းလှန်နိုင်သော အစွမ်းတွေ ပါရှိလို့ဖြစ်ပါတယ်။

    (၃) အာလူးကြော်

    အာလူးကြော်တွေမှာ ကျန်းမာရေးအတွက် ဆိုးကျိူးများဖြစ်စေနိုင်တဲ့ ဆားနဲ့ ပြည့်ဝအဆီတွေ ပါဝင်ပါတယ်။ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ ဘယ်အစားအစာကိုမဆို အပူချိန်မြင့်မားစွာ ချက်ပြုတ်ထားရင် တွေ့ရတတ်တဲ့ Acrylamide လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာ အာလူးကြော်တွေမှာ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အာလူးကြော်မှာတွေ့ရတဲ့ acrylamide ကို စီးကရက်မှာလည်း တွေ့နိုင်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်သော ဓာတုပစ္စည်းတစ်မျိူးဖြစ်ပါတယ်။

    (၄) ကျပ်တိုက်ထားသော၊ ပြုပြင်ထားသောအစားအစာများ

    ယေဘုယျအားဖြင့် အနီရောင်အသားများကို အဆီများသော အစာများအဖြစ် သတ်မှတ်ထားပါတယ်။ ကျွန်မတို့အနေနှင့် နေ့စဉ်စားသုံးနေတဲ့ အရသာရှိလှသော ဘေကွန်၊ နေ့လည်စာအသား၊ ဝက်အူချောင်း၊ မီးကင်ထားတဲ့ ဘာဘီကျူးစတာတွေကို ရှောင်ဖို့ မလွယ်ကူကြပါဘူး။

    သို့သော် ဒီအစားအစာတွေဟာ ပြုပြင်ထားတဲ့ Processed foodများ ဖြစ်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်တဲ့ နိုက်ထရိတ်နဲ့ နိုက်ထရိုက်များ ပါဝင်နေပါတယ်။ ကျပ်တိုက်ခြင်းက အစားအစာများကို ကြာရှည်စွာ ထိန်းသိမ်းသော နည်းစနစ်ဖြစ်သော်လည်း အသားများကို ကတ္တရာစေးကဲ့သို့ဖြစ်စေပြီး စီးကရက်ကဲ့သို့ အန္တရာယ်ရှိသော အရာအဖြစ် ပြောင်းလဲသွားစေပါတယ်။

    (၅) မွေးမြူထားသောဆယ်လ်မွန်ငါးများ

    ငါးတွေဟာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ သဘာဝအတိုင်းဆိုရင် ငါးတွေမှာ သင့်အတွက် လိုအပ်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ကံမကောင်းစွာဘဲ မွေးမြူထားသော ဆယ်လ်မွန်ငါးတွေက ပဋိဇီဝဆေးများနဲ့ ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းများဖြင့် ပြည့်နှက်နေတဲ့ ငါးစာကို စားနေကြရပါတယ်။

    ရလဒ်အနေနဲ့ သူတို့ရဲ့ အသားတွေမှာ PCBs, Dioxinsနဲ့ ပြဒါးများပါဝင်တဲ့အတွက် လူသားများစားသုံးရန်အတွက် အန္တရာယ်ရှိလာပါတယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ကတော့ သဘာဝဆယ်လ်မွန်ငါးများတွေမှာ ကိုယ်ခန္ဓာကို အလွန်အကျိူးပြုတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပြီး ကျန်းမာစေဖို့အတွက် လတ်ဆတ်သော ဆယ်မွန်ငါးတွေကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

    (၆) ပေါက်ပေါက်ဆုပ်

    စည်သွတ်ဘူးတွေလိုပဲ မိုက်ကရိုဝေ့(ဗ်) ပေါက်ပေါက်တွေရဲ့ ပြဿနာဟာ သူတို့ကို သိမ်းဆည်းထားတဲ့ နည်းလမ်းတွေကြောင့် ဖြစ်ပါတယ်။ မိုက်ကရိုဝေ့(ဗ်)အိတ်အများစုဟာ ပန်ကရိယ၊ ကျောက်ကပ်၊ အသည်း၊ ဆီးအိမ်၊ ဝှေးစေ့ကင်ဆာများဖြစ်စေနိုင်သော PFOA လို့ခေါ်တဲ့ပစ္စည်းနဲ့ထုတ်ထားတာပါ။

    သင်ကပြောင်းဖူးကို မိုက်ကရိုဝေ့ဖ်ထဲမှာ ထည့်လိုက်တဲ့အခါ PFOA က အချောသတ်ကို artificial ထောပတ်နဲ့အတူဖုံးအုပ်လိုက်ပါတယ်။ တကယ်လို့ သင်က လေပူနဲ့ ကြက်သွန်ဖြူ၊ သံလွင်ဆီအရသာ သို့မဟုတ် ခြောက်သွေ့တဲ့ ဆေးဖက်ဝင်အပင်များနဲ့ ဖောက်လိုက်ရင်တော့ ပေါက်ပေါက်ဆုပ်ကို ကျန်းမာစွာ စားသုံးနိုင်မှာပါ။

    (၇) အဖြူရောင်ဂျုံမှုန့်

    ဂျုံစေ့လုံးများက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပေမဲ့ သန့်စင်တဲ့ အဖြူရောင်ဂျုံမှုန့်အဆင့်သို့ ရောက်ရှိတဲ့အထိ ပြုပြင်ထုတ်လုပ်ခြင်းဟာ ကောင်းမွန်တဲ့ ဓာတ်များကို ဖယ်ရှားလိုက်သလို ဖြစ်စေပါတယ်။

    အဖြူရောင်ဂျုံမှုန့်တွေဟာ glycemic အညွှန်းကိန်း မြင့်မားသော အစားအစာတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဂျူံမှန့်အဖြူများဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ကင်ဆာဆဲလ်တွေကြီးထွားစေဖို့ အလားအလာပိုများစေပါတယ်။

    (၈) အယ်ကိုဟော

    အရက် အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးအတွက် အဘက်ဘက်က ဆိုးကျိူးများဖြစ်စေတယ်ဆိုတာ အားလုံးသိကြပါလိမ့်မယ်။ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေရုံသာမက အရက်အလွန်အကျွံသောက်ခြင်းကြောင့် ပါးစပ်၊ အစာပြွန်၊ အသည်း၊ အူမကြီးနဲ့ စအိုကင်ဆာများ ဖြစ်စေကြောင်း လေ့လာချက်များစွာအရ သိရှိရပါတယ်။

    အလွန်အကျွံဆိုတာ ဘယ်လောက်များများလဲ သိချင်ကြပါလိမ့်မယ်။ ယေဘုယျအားဖြင့် အမျိုးသမီးများအတွက် တစ်နေ့လျှင် အရက်တစ်ပက်နဲ့ အမျိုးသားများအတွက် နှစ်ပက်ကိုအန္တရာယ်ကင်းသည်ဟု ယူဆကြပါတယ်။ အရက်ထက်စာရင် စပျစ်ဝိုင်အနီတွင် နှလုံးကျန်းမာသန်စွမ်းစေပြီး ကင်ဆာဖြစ်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ Reversterolလို့ခေါ်တဲ့ antioxidant ပါဝင်တဲ့အတွက် အရက်အစား ဝိုင်အနီကို အစားထိုးသောက်သုံးသင့်ပါတယ်။

    (၉) ဆားရည်စိမ်ထားသော အစားအစာများ

    Pickling ခေါ် အချဉ်တည်ခြင်းသည် နိုက်ထရိတ်၊ ဆားနှင့် အစားအစာအတုများကို အရောင်တင်စေသော ထပ်ဆင့်ပြုပြင်ခြင်းပုံစံတစ်မျိုးဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းသည် တိုက်ရိုက်ထိမိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ကင်ဆာဖြစ်စေနိုင်သည့်နည်းတူပင် အချဉ်ဖောက်ထားသော အစားအစာများသည် အစာခြေလမ်းကြောင်းကင်ဆာ အထူးသဖြင့် အစာအိမ်နှင့် အူမကြီးကင်ဆာများနှင့် ဆက်စပ်နေပါတယ်။

    သင့်အနေနှင့် ဆားစိမ်ထားသော၊ အချဉ်တည်ထားသော အစားအစာများကို နှစ်သက်ပါက ဆားပမာဏကို ထိန်းချုပ်နိုင်ပြီး အချဉ်အတုများကို ရှောင်ရှားနိုင်အောင် မိမိဘာသာ အိမ်တွင် သန့်ရှင်းလတ်ဆတ်သောနည်းဖြင့် ပြုလုပ်နိုင်ပါတယ်။

    (၁၁) Hydrogenated ဆီများ

    ဟင်းသီးဟင်းရွက်ဆီများဟာ ကျန်းမာရေးနှင့်ညီညွတ်တယ်လို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။ သို့သော် ဟင်းသီးဟင်းရွက်များမှ ဆီကိုသဘာဝအရ ထုတ်ယူ၍မရပါ။ ထို့ကြောင့် ၎င်းတို့သည် ဓာတုဗေဒနည်းဖြင့် ထုတ်ယူခြင်းလုပ်ငန်းစဉ်ကို ပြုလုပ်ကြရပါတယ်။ နောက်တစ်ဆင့်အဖြစ် အဆီကို အရောင်ထည့်ပြီး သဘာဝရနံ့ကို ဖယ်ရှား၍ အချောထုတ်ကုန်အဖြစ် ပြောင်းလဲကာ အမြင်ကိုဆွဲဆောင်စေပါသည်။ ဤဓာတုဖြစ်စဉ်ကို Hydrogenerated processလို့ ခေါ်ပါတယ်။ ဒီနည်းကို ပြုပြင်ထားသော အစားအစာများစွာတွင် တွေ့ရလေ့ရှိပါတယ်။ ဟိုက်ဒရိုဂျင်အဆီများသည် ဆဲလ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြောင်းလွယ်ပြင်လွယ်မှုကို အကျိုးသက်ရောက်စေပြီး

    ကင်ဆာဖြစ်စေမှုကို မြင့်တက်စေပါတယ်။

    သင်နေ့စဉ် အစားအစာတွေမှာ အထက်ပါအစာအုပ်စုတွေ ပါဝင်နေပြီလား။ ဒါဆိုရင်တော့ တတ်နိုင်သမျှ ရှောင်ရှားပြီး ပိုမိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွေကို နေ့စဉ်စားသုံးပါ။ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။ အာဟာရဓာတ်များ ပြည့်ဝအောင်စားသောက်နေထိုင်ပါ။ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

    ရေးသားသူ – Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement