backup og meta

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

    ဝမ်းချုပ်တာက အသက်အရွယ်ကြီးရင့်လာတဲ့ ဖိုးဖိုးဖွားဖွားတို့မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဝမ်းချုပ်တာက အစာခြေစနစ်ကို ကာလရှည်ကြာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပြီး ဖိုးဖိုးဖွားဖွားတို့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင် ပါတယ်။

    ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

    ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင် ရတဲ့ အကြောင်းအရင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။

    ဖိုးဖိုးဖွားဖွားတို့ကို ဘာတွေကများ ဝမ်းချုပ်စေတာလဲ……………

    ဖိုးဖိုးဖွားဖွားတို့ကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးပြီး ဝမ်းချုပ်တတ်ပါတယ်။

    တစ်ခါတလေမှာတော့ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်)

    ဒါတွေအပြင် အခုလို အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

    ဝမ်းချုပ်နေတာလား…………

    ဖိုးဖိုးဖွားဖွားတို့မှာ အခုလို လက္ခဏာတွေ တွေ့ရရင် ဝမ်းချုပ်နေတာပါ။

    • ဝမ်းသိပ်မသွားတာ
    • ဝမ်းမာမာတွေ သွားတာ
    • ဝမ်းသွားတဲ့အခါ နာကျင်တာ
    • ဝမ်းသွားရ ခက်နေတာ
    • ရေအိမ်မှာ အချိန် အကြာကြီး ထိုင်နေရတာ
    • လေခဏခဏ လည်တာ
    • လေပွနေတာ
    • ဗိုက်အောင့်တာ
    • ဝမ်းကျန်နေတယ်လို့ ခံစားရတာ ခံစားနေရရင် ဝမ်းချုပ်နေတာပါ။

    ဝမ်းချုပ်ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ…………

    ဝမ်းချုပ်တာက အချိန်ကြာလာမယ်ဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့

    လိပ်ခေါင်း ဖြစ်တာ

    စအိုက သွေးကြောတွေ ရောင်ရမ်းတာ၊ ထိခိုက်တာတွေ ဖြစ်ပြီး လိပ်ခေါင်းရောဂါ ခံစားရနိုင်ပါတယ်။

    စအို ကွဲတာ

    ဝမ်းမာတာကြောင့် စအို တဝိုက်က အရေပြား စုတ်ပြဲတာတွေ ခံစားရနိုင်ပါတယ်။

    ဝမ်းကျန် နေတာ

    ဝမ်းချုပ်လွန်းတာကြောင့် အစာဟောင်းအိမ်ထဲမှာ ဝမ်းတွေ ကျန်နေတာမျိုး ခံစားရနိုင် ပါတယ်။

    စအို အူနံရံ ကျွံခြင်း

    ဝမ်းတအားချုပ်တာကြောင့် ဝမ်းတအားညှစ်သွားရင်း စအိုကနေ အူနံရံ ကျွံထွက်လာတာမျိုး ခံစားရနိုင်ပါတယ်။

    ဝမ်း မထိန်းနိုင်ခြင်း

    အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အခြေအနေမျိုးပါ။

    ဆီး မထိန်းနိုင်ခြင်း

    ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲ ပြဿနာ အနေနဲ့ pelvic floor ကြွက်သား အားနည်းပြီး ဆီးမထိန်းနိုင်တာမျိုး ခံစားရနိုင်ပါတယ်။

    ဘယ်လို ကာကွယ်မလဲ………..

    ဝမ်းချုပ်ပြဿနာ ကင်းစေဖို့
    • အမျှင်ဓာတ် များများစားပါ
    • ပြုပြင်ထားတဲ့ အစားအစားတွေ ရှောင်ပါ
    • ရေများများ သောက်ပါ
    • သစ်သီးတွေ စားပါ
    • ဟင်းသီးဟင်းရွက်တွေ စားပါ
    • စိတ်ဖိစီးမှု ဖြေလျော့ပေးပါ
    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
    • အချိန်မှန် ရေအိမ် သွားပါ
    • ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 08/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement