အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ညဘက် နောက်ကျမှ အစားစားတာက မကောင်းဘူးလို့ပဲ တထစ်ချ ယုံကြည်နေတုန်းလား! ညဘက် အစားစားတာက မကောင်းဘူးဆိုပေမယ့် လုံးဝဥဿုံ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကျိုး ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိတာပေါ့။ ဒါကြောင့် စာဖတ်သူတွေ သိထားလို့ ရအောင် အခုတစ်ခေါက်မှာတော့ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-drain-your-energy/ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက  ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကောင်းကျိုးတွေကတော့ -  အချို့သော အဆာပြေစားစရာတွေက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ် ညဘက် အစားစားတိုင်း မကောင်းဘူးလို့ ဆိုဖို့ ခက်ပါတယ်။ တကယ်လို့ ညဘက် ဗိုက်ဆာတယ်လို့ ခံစားရချိန်မှာ ထမင်း ထနယ်စားမယ်။ အသင့်စား အစားအစာတွေ စားမယ်။ […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

New year resolutions တွေ ပျက်ပျက်ကုန်တာ ဘာကြောင့်လဲ။

နှစ်ကုန်ခါနီးပြီဆိုတော့ မနှစ်က ချမှတ်ထားတဲ့ New year resolutions တွေထဲမှာ ဘယ်နှခုများ ပြည့်မီခဲ့သလဲဆိုတာ စစ်ကြည့်ပြီးပြီလား။ ပြည့်တာတွေလည်း ရှိသလို မပြည့်တာတွေလည်း ရှိမှာပါ။ New year resolutions တွေအကုန် ပြည့်မီတဲ့သူဆိုတာ ရှားပါတယ်။ ၁နှစ်လုံးပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲကိုး။ ဒီနှစ်တင် New year resolutions မပြည့်တာ မဟုတ်ပါဘူး။ ရှေ့နှစ်တွေကလည်း ဒီလိုပဲမလား။ ဘာလို့များ New year resolutions တွေ ပျက်ပျက်ကုန်တာ လဲ။ New year resolutions တွေ ပျက်ပျက်ကုန်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်မှန်းထားတာတွေ ဖြစ်မြောက်အောင် မလုပ်နိုင်လို့ စိတ်ဓာတ်မကျပါနဲ့။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ၉၂%သော သူတွေက သူတို့ရဲ့ New year […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ

အရက်ကို အချိုရည်နဲ့ ရောသောက်တာက အဝင်ကောင်းပေမယ့် ခန္ဓာကိုယ်ကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အချိုရည် ဆိုတာ ဘာတွေကို ဆိုလိုချင်တာလဲ အချိုရည် ဆိုတာက ကလေးတွေကစပြီး လူကြီးတွေအထိ သောက်နေကြတဲ့ အချိုရည်တွေပါ။ မြင်သာအောင် ပြောပြရရင် Cola၊ Sprite နဲ့ လိမ္မော်ရည်လိုမျိုးတွေကို ပြောချင်တာပါ။ ဒီအချိုရည်တွေက သောက်လို့ ကောင်းတာမှန်ပေမယ့် အရမ်းများရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေတာတော့ အမှန်ပါ။ အချိုရည်ထဲမှာ များပြားလွန်းတဲ့ သကြားတွေနဲ့ ဂတ်စ်တွေ ပါဝင်နေပါတယ်။ ဒီပါဝင်နေတဲ့ အရာတွေက အလွန်အကျွံသောက်ရင် ရေရှည်မှာ အဝလွန်တာ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီသောက်စရာတွေက အအေးအနေနဲ့ဆိုရင် အတော်လေး အမောပြေပြီး သောက်ရတာ အင်မတန် ကောင်းပါတယ်။ ဒီလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား

ဆေးခန်းသွားရင် ဆေးထိုးလိုက်မှ နေမကောင်းပျောက်သလား၊ သောက်ဆေးတွေကရော။ ထိုးဆေးဟာ သောက်ဆေးတွေထက် ပိုအစွမ်းထက်တယ်လို့ လူတော်တော်များများက ယုံကြည်နေကြပါတယ်။ သူတို့ကို ဆေးမထိုးပေးလိုက်ရင် ရောဂါမသက်သာပါဘူးလို့ လူနာတချို့က တွေးတတ်ကြပါသေးတယ်။ ဒါကြောင့် ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား ဆိုတဲ့ အစွဲတွေ ဖြစ်လာပါတယ်။ ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား ဆေးထိုးအပ်နဲ့ ဆေးထိုးလိုက်ရင်နာကျင်မှုကို အနည်းနဲ့အများ ခံစားရပါတယ်။ အဲ့ဒီလို နာကျင်မှု တွေကြောင့် သူတို့ရဲ့ရောဂါ သက်သာတယ်လို့ ထင်နေကြပါတယ်။ သောက်ဆေး သောက်ခြင်းဟာ မနာကျင်ရတဲ့အတွက် ဝေဒနာ မသက်သာဘူးလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ ဆေးထိုးလိုက်ပြီး အသားနာရခြင်းဟာ ဆေးရဲ့အစွမ်းသတ္တိနဲ့ ဘာမှမဆိုင်ပါဘူး။ ဆေးထိုးအပ်ကြောင့်ရယ်၊ ဆေးရဲ့ပါဝင်ပစ္စည်းတွေရယ်ကြောင့်ပါ။ https://hellosayarwon.com/health/general-health-knowledge/tips-for-reducing-injection-pain/ ထိုးဆေးတွေဟာ သောက်ဆေးတွေထက် အစွမ်းထက်တယ်ဆိုတာ တကယ်လား။ အဲ့ဒါကို မဆုံးဖြတ်ခင်မှာ သောက်ဆေးနဲ့ ထိုးဆေးဆိုပြီး ဘာကြောင့်နှစ်မျိုးခွဲနေလဲဆိုတာကို အရင်ဆုံးရှင်းပြပါရစေ။ တချို့ဆေးတွေဟာ သောက်ဆေးအနေနဲ့ဆို လုံးဝ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနိုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက အဖျားသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်လည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ

လူက ချွေးထွက်များလို့ အရမ်းနုံးနေတာ၊ အော့အန်နေတာ၊ ဝမ်းတွေသွားနေတာမျိုးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်တွေ အလျင်အမြန် ဆုံးရှုံးပါတယ်။ ဒီလို ​ရေဓာတ်ဆုံးရှုံးတာနဲ့အတူ ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားပါတယ်။ ဒီလို ဆုံးရှုံးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်နိုင်ဖို့ လိုပါမယ်။ ပြန်မဖြည့်ဖြစ်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းက ဓာတ်ဆားရည် သောက်တာပါ။ ဒီတစ်ခေါက်တော့ ညကြီးမင်းကြီးမှာဖြစ်ဖြစ် ဓာတ်ဆား အလွယ်မရနိုင်တဲ့ နေရာမှာ ရောက်နေချိန်မှာ ဖြစ်ဖြစ် ဓာတ်ဆားရည် သောက်ဖို့ လိုနေတဲ့အခြေအနေမျိုးအတွက် ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ ဓာတ်ဆားရည်ကို ကိုယ်တိုင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဓာတ်ဆားရည် ဆိုတာ ဓာတ်ဆားရည်က ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ သတ္တုဓာတ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

နေထိုင်မကောင်းတာကြောင့်ဖြစ်ဖြစ် ခေါင်းကိုက်တာလိုမျိုး အပရိက ကျန်းမာရေး ပြဿနာလေးတွေကြောင့်ပဲ ဖြစ်ဖြစ် ဆေးသောက်ဖို့ လိုလာတဲ့အခါ ဆေးကို ဘယ်လို သောက်ဖြစ်လေ့ရှိသလဲ။ ဆေးကို ရေနဲ့ပဲ သောက်လိုက်တာပဲ ဆိုတာမျိုး ရှိသလို ရေကျက်အေး နဲ့သောက်တယ်။ ရေနွေးကြမ်းနဲ့ သောက်လိုက်တယ်။ နွားနို့နဲ့ သောက်လိုက်တယ်။ ကော်ဖီ လက်ဖက်ရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊ အချိုရည်တွေနဲ့ အဆင်သင့်သလို လွယ်လွယ်ကူကူရတာနဲ့ သောက်လိုက်တာပဲ ဆိုတဲ့သူတွေ ရှိနိုင်ပါတယ်။ ဆေးသောက်တဲ့အခါ ဝမ်းထဲရောက်သွားရင် ပြီးတာပဲ အရည်တစ်ခုခုနဲ့ မျိုချလိုက်တာပဲလို့ ပြန်ဖြေမယ့်သူက များမယ်ထင်ပါတယ်။ တကယ်ကတော့ ဆေးသောက်တဲ့အခါ ရေ ဒါမှမဟုတ် အအေးခံထားတဲ့ ရေကျက်အေးနဲ့ သောက်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ ဆေးတစ်ခုခု သောက်မယ်ဆိုရင် ရေနဲ့ပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခန္ဓာကိုယ် ကျန်းမာဖို့အတွက်က အာဟာရတွေ ညီညွတ်မျှတဖို့ လိုပါမယ်။ အာဟာရတွေကို ပြည့်ဝလုံလောက်စွာ ရရှိမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အာဟာရမျှတမှုဆိုတဲ့နေရာမှာ ဓာတ်ဆားမျှတမှု ရှိဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ နဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဓာတ်ဆားဓာတ် [Electrolytes ] အကြောင်း Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ အရည်တွေထဲမှာ သဘာဝအတိုင်း တွေ့ရတဲ့ chemicals တွေပါ။ ဒီ Electrolytes တွေထဲမှာ ကလိုရိုက်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လည်ပတ်ဆောင်ရွက်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ကျောက်ကပ်တွေက ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ ဆားဓာတ်တွေကို ဆီးကနေတဆင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Probiotics က ကိုယ်ခံအားကို ကောင်းစေသလား

ရောဂါတွေ အမျိုးမျိုး ဖြစ်နေချိန်မှာ တစ်နေ့ထက်တစ်နေ့ ပိုအရေးကြီးလာတဲ့ အရာက ကိုယ်ခံအား ကောင်းဖို့ပါ။ ရာသီအကူးအပြောင်းကြောင့် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တုပ်ကွေးရယ် ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဓာတ်မတည့်မှုရယ်၊ အချိန်မရွေး ကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်က ရောဂါပိုးတွေရယ်ကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အနေအထားရအောင် လုပ်ဆောင်ထားဖို့ လိုပါမယ်။ ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဘာတွေလုပ်ရမလဲ။ ဘာတွေကများ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလဲဆိုပြီး တွေးနေပြီလား ..... ဒါဆိုရင်တော့ လူတွေကြားမှာ ရေပန်းစားလာတဲ့ Probiotics က ကိုယ်ခံအားကို ကောင်းစေသလား ..... ဘယ်လိုတွေများ အားဖြည့်ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ Probiotics က ကိုယ်ခံအားကို ကောင်းစေသလား Probiotics က ကိုယ်ခံအားကို ကောင်းစေသလား .... ဆိုတာကို မပြောခင် Probiotics အကြောင်းလေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေက ဘယ်လိုအကျိုးပြုသလဲ

အားကစား လုပ်ပြီးလို့ ချွေးတွေ အရမ်းထွက်သွားရင်ဖြစ်ဖြစ်၊ နေပူလို့ ချွေးထွက်များတဲ့ အခါမျိုးမှာဖြစ်ဖြစ်၊ ဝမ်းပျက်တာ၊ အော့အန်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်ဖြစ် ခန္ဓာကိုယ်က ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ပျက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဓာတ်ဆားဓာတ်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အရာကတော့ ဓာတ်ဆားရည် ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပြီးချိန်တွေမှာ အားကစားသမားတွေ သောက်လေ့ရှိကြတဲ့ ရေဓာတ်ဖြည့် သောက်စရာတွေပါ။ ဓာတ်ဆားရည် နဲ့ ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေမှာ ဘာတွေပါလို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တာလဲ။ ဒီလို ပါဝင်နေတဲ့ဓာတ်တွေက ခန္ဓာကိုယ်အတွက် ဘယ်လိုများ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ

အလေ့အထ ဆိုတာက လူတစ်ယောက်က စဉ်ဆက်မပြတ် နေ့တိုင်းလိုလို လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေပါ။ ဒီလိုနေ့စဉ် လုပ်ဆောင်မိနေတာကြောင့်ပဲ အလေ့အထ လို့ အဓိပ္ပာယ်ဖွင့်လိုက်ကြတာပေါ့။ ဒီလို နေ့တိုင်း လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ကောင်းတဲ့ အလေ့အထတွေ ရှိသလို မကောင်းတဲ့ အလေ့အထတွေလည်း ရှိပါတယ်။ အချို့ အလေ့အထ တွေက ကျန်းမာရေးကို ထောက်ကူပေးတာကြောင့် ဆက်လက်မွေးထားသင့်ပေမယ့် အချို့ အလေ့အထတွေ ကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင် ဒီအလေ့အထတွေကို စွန့်လွှတ်ဖို့ လိုပါမယ်။ မနက်စာ မစားတာ မနက်စာ မစားဘဲနေလိုက်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မယ့် diet […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)