backup og meta

အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ

    အိမ်ကို မပိုင်ဘဲ အကြိုက်သောက်ပြီးမှ အိပ်ပြန်ခါနီး အနံ့တွေ ထွက်နေမှာစိုးလို့ အနံ့ဘယ်လို ဖျောက်ရမလဲဆိုတာကို မသိဘူးဆိုတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သောက်ပြီးချိန်မှာ အနံ့မရအောင် အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ ….. ပါတီတွေ၊ ဒင်နာတွေမှာ သောက်ပြီးချိန်မှာ အိမ်မပြန်ခင် အရက်နံ့လေးကို ဒီလိုလေး ဖျောက်လိုက်ရအောင်နော်။

    အရက်နံ့ နံရတဲ့ အကြောင်းအရင်း

    အရက်၊ ဘီယာ၊ ဝီစကီ ကစလို့ ဝိုင်အဆုံး ကဇော်ဖောက်ထားတဲ့ အရာတွေတိုင်းကို သောက်ပြီးချိန်မှာ ခန္ဓာကိုယ်က အရက်နံ့လိုလို နံလာတတ်ပါတယ်။ ဒီလို နံလာရတာက အရက်သောက်ပြီးချိန် ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့ အရာတစ်ခုခုကို သောက်ပြီးချိန်မှာ ပါးစပ်ကပဲ နံနေတာ မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းပိုင်းကပါ အနံ့ထွက်လာတာကြောင့်ပါ။ အယ်လ်ကိုဟောကို သောက်လိုက်ချိန်မှာ ခန္ဓာကိုယ်က အခြား အစားအသောက်တွေကို ချေဖျက်တဲ့ပုံစံနဲ့ မတူကွဲပြားတဲ့ နည်းလမ်းနဲ့ ချေဖျက်ပါတယ်။

    နောက်တစ်ချက်က ခန္ဓာကိုယ်က အရက်၊ အယ်လ်ကိုဟောကို အဆိပ်အတောက်ဖြစ်စေတဲ့အရာလို့ သတ်မှတ်ပြီး ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို လျင်လျင်မြန်မြန် ချေဖျက်ပါတယ်။ ဒီဖြစ်စဉ်က သွေးကြောတွေဆီကို ရောက်ရှိပြီး အဆုတ်အပေါ်မှာပါ သက်ရောက်မှု သွားရှိပါတယ်။ ဒီအခြေအနေက အနံ့ဆိုးအနေနဲ့ ထွက်လာစေတာပါ။

    အယ်လ်ကိုဟောကို သောက်ချလိုက်ချိန်မှာ ခန္ဓာကိုယ်ကနေ ချိုအီအီနဲ့ မတူကွဲပြားတဲ့ အနံ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဝိုင်၊ ဘီယာ၊ ရမ်စတဲ့ သောက်တဲ့ အယ်လ်ကိုဟော အမျိုးအစားတွေ တံဆိပ်တွေကိုလိုက်ပြီး အနံ့ကွဲပြားတာမျိုးတွေတော့ ရှိပါတယ်။

    အရက်သောက်လိုက်ခြင်းကြောင့် ဖြစ်ရတဲ့ အနံ့ဆိုးက ပါးစပ်ထဲကနေပဲ ထွက်လာတာ မဟုတ်ဘဲ အစာအိမ်ကနေ အစပြုပြီး ထွက်လာတာကြောင့် နံရတာပါ။

    အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ

    အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ ဆိုတော့ အခုလို နည်းလမ်းလေးတတွေ သုံးပြီး ဖျောက်လို့ ရပါတယ်။

    • အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းပါ

    အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းလိုက်တာ မီးကို မီးနဲ့ ငြိမ်းသလို ဖြစ်ပြီး အနံ့ပျောက်စေဖို့ အထောက်အကူဖြစ်စေမှာပါ။ သေသေချာချာလေး ခံတွင်းသန့်ရှင်းပေးလေလေ အနံ့နံနိုင်ခြေ နည်းလေလေပါ။

    • သွားတိုက်လိုက်ပါ

    နောက်ထပ် နည်းလမ်းတစ်ခုကတော့ သွားတိုက်လိုက်တာပါပဲ။ သွားကို သွားတိုက်ဆေးလေးနဲ့ သေသေချာချာ တိုက်ပေးတာကလည်း အရက်နံ့နံတာကို သက်သာစေမှာပါ။

    • ကော်ဖီ

    ကော်ဖီသောက်တာက ခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်သလို အရက်နံ့နံတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါက ခဏတဖြုတ်ပဲ သက်သာစေနိုင်တာကိုတော့ သတိပြုစေချင်ပါတယ်။

    • မြေပဲထောပတ်

    အရက်တွေ အများကြီး သောက်ပြီးချိန်မှာ မြေပဲထောပတ် တစ်ဇွန်း ပြည့်ပြည့် စားလိုက်တာက အရက်နံ့ နံတာကို သက်သာစေသလို အမူးပြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် အရက်တွေ အများကြီး သောက်ပြီးချိန်မှာ အရက်နံ့နံမှာစိုးရင် မြေပဲထောပတ်လေး စားပေးပါ။ ခဏလေး ငုံထားပြီးမှ မျိုချဖို့ လိုပါမယ်။

    • ပီကေ ဝါးပါ

    အနံ့ပြင်းပြင်း ပီကေလေး ဝါးပေးတာကလည်း ခံတွင်း အနံ့ဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ပီကေလေး အသင့်ဆောင်ထားပြီး သောက်ပြီးချိန်မှာ ခပ်ကြာကြာလေး ဝါးပေးပါ။

    • ပူဒီနာရွက်

    အရက်သောက်ပြီးချိန်မှာ အနံ့နံတာ သက်သာစေဖို့ဆိုရင် ပူဒီနာရွက်ကို ရေစင်အောင် ဆေးပြီး ၄ – ၅ ရွက်လောက် ဝါးပေးပါ။ ဒီလို ဝါးပေးတာက အနံ့ဆိုး သက်သာစေဖို့ ထောက်ကူပေးမှာပါ။ အရေးပေါ်နည်းတစ်ခုပေါ့။

    • ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက အနံ့ဆိုးတယ်ဆိုပေမယ့် ဒီနေရာမှာတော့ အတော်လေး အသုံးဝင်ပါတယ်။ ဒါကြောင့် သောက်ပြီးချိန်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် ၂ မွှာ၊ ၃ မွှာ အခွံနွှာ ရေဆေးပြီး ဝါးစားပေးပါ။

    • သံပုရာသီး

    သံပုရာသီးက အနံ့ဆိုးတွေကို သက်သာစေသလို အရက်နံ့ နံတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သောက်ပြီးချိန်မှာ ပါးစပ်ထဲကို သံပုရာရည် ညှစ်ထည့်ပြီး ခဏလောက် ငုံထားပေးပါ။

    ဒါတွေအပြင်

    • ခရမ်းချဉ်သီးဖျော်ရည်
    • တရုတ်နံနံ
    • ကရဝေးခေါက်
    • မာလကာရွက်နု စတာတွေကို အသုံးပြုလို့ ရသလို ရေများများသောက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    ဒါက ပါးစပ်ထဲက အနံ့ထဲကိုပဲ သက်သာစေပါတယ်။ ခန္ဓာကိုယ်က ထွက်တဲ့ အနံ့ပါ ပျောက်ချင်ရင်တော့ ရေချိုးတာ၊ ရေစိုဝတ်တဲ့ ရေပတ်တိုက်ပြီး အခြောက်ခံတာ လုပ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement