အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ ....... နေရာတကာမှာရှောင်မရအောင်ကြုံတွေ့နေရတာခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ရှောင်ဖို့ခက်တယ်နော်။ ညဘက်များဆိုတော်တော်လေးကိုဆိုးပါတယ်။ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာခြင်ကိုက်ဖုတွေဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင် ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင်ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကိုဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့်အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။ ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုကခြင်ဆေးထွန်းထားတာပါ။ ဒါကြောင့် သင့်မိသားစုကိုခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့အရည်အသွေးအပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကိုသုံးရင်းကာကွယ်နိုင်ပါတယ်။ ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ်ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်။ ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ ခြင်ကိုက်တာနဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ..... ကိုယ့်မှာ ထိခိုက်အနာတရတစ်ခုခုရှိနေပြီဆိုရင် အမေအမြဲပြောတယ်မလား။ ကြက်သားစားမှ အနာမြန်မြန်ကျက်မှာဆိုပြီးလေ။ ငယ်တုန်းကဆို ခဏခဏဒူးပြဲ၊ နဖူးကွဲ၊ လက်နဲ့ ခြေထောက်ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ဖူးကြမှာပဲဆိုတော့ ကြက်သားတွေစားခဲ့ရမှာ သေချာပါတယ်။ ကိုယ်က သတိမထားမိခဲ့တာပဲရှိမှာပါ။ ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ဆိုတော့ ကြက်သားစားရင် အနာက အသားတက်တာမြန်တယ်တဲ့။ အရွယ်ရောက်လာတော့ ဒီလိုကြားရရင် သိပ်မယုံချင်တော့ဘူး။ ကြက်သားစားရင် အားရှိတာကလွဲလို့ အနာနဲ့ဘာဆိုင်လို့လဲတွေးမိလာတယ်။ တကယ်က ဒီအချက်က မှန်ပါတယ်။ ကြက်သားမှာ ကြွယ်ဝစွာပါဝင်တဲ့ပရိုတင်းကြောင့်ပါ။ အနာကျက်ခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းမှု၊ မှန်ကန်တဲ့ ဂရုစိုက်မှု၊ ဖုံးအုပ်ကာကွယ်မှုတို့လို အချက်တွေအပြင် စားသောက်မှုအာဟာရကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်တင့်လုံလောက်တဲ့ အာဟာရတွေစားသုံးဖို့ ဂရုမစိုက်ရင် အနာကျက်နိုင်စွမ်းကိုနှောင့်နှေးစေပြီး အနာရင်းစေနိုင်၊ အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မျှတတဲ့ ဂလူးကို့စ်ပမာဏ၊ ဗီတာမင် C […]


အခြေခံကျန်းမာရေး

သကြားလုံးတိုင်း ကျန်းမာရေးအတွက် ဆိုးစေတယ်ဆိုတာ မဟုတ်ပါဘူး ။

ချိုစိမ့်စိမ့် ငုံထားလို့ရတဲ့ သကြားလုံးဟာ လူတိုင်းရဲ့ သည်းခြေကြိုက် စားစရာ တစ်ခုပါ ။ ဒါပေမယ့် သကြားလုံးလို့ဆိုလိုက်တာနဲ့ သွားပိုးစားတယ်၊ အချိုများတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးစတာတွေပဲ ပြေးမြင်တတ်ကြပါတယ်။ သကြားလုံးတိုင်း မကောင်းဘူးဆိုတာ ဟုတ်ပါ့မလား ။ ။ ပါဝင်တဲ့ပစ္စည်းတွေ ပေါ်မူတည်ပြီးတော့သာ ကျန်းမာရေးအတွက် ကောင်းတယ် မကောင်းဘူး ကွဲပြားသွားတာပါ။ ကလေးတွေကြိုက်ကြတဲ့ အချိုကဲတဲ့ သကြားလုံးလေးတွေက ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့် အခြား ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ သကြားလုံးလေးတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ ငုံဆေးပြား( ဆေးသကြားလုံး) တွေပဲ ဖြစ်ပါတယ်။ သကြားလုံးလိုပဲ ငုံထားရတယ် ဆိုပေမယ့် ဆေးပြားဆိုကတည်းက သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပစ္စည်းတွေပါမယ်ဆိုတာ သံသယဖြစ်စရာလိုမယ် မထင်ပါဘူး။ ဒီတော့ ငုံဆေးပြားတွေက ဘယ်လို ကျန်းမာရေးပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာလဲ ။ […]


အခြေခံကျန်းမာရေး

သင့်ရဲ့ နေ့တစ်နေ့ကို ကောင်းမွန်စေတဲ့ ရနံ့များ

ကောင်းမွန်သင်းပျံ့တဲ့ရနံ့ဟာ ကျွန်တော်တို့အပေါ် အများကြီးသက်ရောက်မှုရှိနိုင်တယ်ဆိုတာ သက်သေပြထားပြီး ဖြစ်ပါတယ်။ သင်းပျံ့တဲ့ရနံ့ကို ရှူရှိုက်ရခြင်းအားဖြင့် စိတ်ကိုလန်းဆန်းတက်ကြွစေပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ကြောင်း သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘယ်လိုမွှေးရနံ့မျိုးပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ အကျိုးရလဒ် ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အချို့သောရနံ့တွေကတော့ ပိုမိုအားကောင်းပြီး ပိုမိုကြီးမားတဲ့သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ ထင်းရှူးနံ့ သစ်တောထဲလမ်းလျှောက်ထွက်ရတဲ့ လန်းဆန်းကြည်နူးဖွယ်အရသာကို သင်မှတ်မိပါသလား။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ shinrin-yoku လို့ အမည်ရတဲ့ သစ်တောထဲက သဘာဝအလှအပတွေကို ခံစားရင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့ကုထုံးဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်လွန်ကဲခြင်းကို သက်သာစေတယ်လို့ သိရှိရပါတယ်။ သစ်ကြံပိုးခေါက်နံ့ သစ်ကြံပိုးခေါက်နံ့ကို ရှူရှိုက်ရခြင်းက မှတ်ဉာဏ်၊ နိုးကြားမှုစတဲ့ သိမှုကိုပဓါနအားကိုးရတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ အလွန်အကျိုးပြုပါတယ်။ သစ်ကြံပိုးမှာပါတဲ့ စိတ်ကိုလှုံဆော်နိုင်ခြင်း အာနိသင်တွေက စိတ်ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိအားကောင်းစေပါတယ်။ သစ်ကြံပိုးခေါက်က အာရုံစုစည်းမှု၊ စင်စစ်နီးပါးပြုလုပ်ထားတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ

လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ က ဘာတွေလဲဆိုတာကို သိပြီးပြီလား ....လူတော်တော်များများ နေ့စဉ်လုပ်ဆောင်နေရတဲ့ နိစ္စဓူဝ ကိစ္စတွေထဲမှာ အလှအပအတွက် မသင့်လျော်တဲ့ အမှားများစွာ ပါဝင်နေပါတယ်။ ဒီလို အမှားတွေကို ကိုယ်တိုင်က ပိုလှချင်လို့လုပ်ဆောင်လိုက်ပေမဲ့ နည်းစနစ်မမှန်တဲ့အခါမှာ ကိုယ့်ကျန်းမာရေးကို ထိခိုက်တာပဲ အဖတ်တင်ပါတယ်။ အခု ဒီဆောင်းပါးထဲမှာတော့ Hello ဆရာဝန် ပရိတ်သတ်တွေအတွက် လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို လုပ်မိနေတယ်ဆိုရင် အကောင်းဆုံး သတိထားပြီးပြင်ဆင်လိုက်မယ်ဆိုရင် ကျန်းမာရေးနဲ့လည်း လျော်ညီတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်လာကြမှာ ဖြစ်ပါတယ်။ လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ ကတော့ ၁။ ဆံပင်ခြောက်သွေ့လျက်နဲ့ ရေကူးခြင်း။ ရေကူးကန်တွေမှာ ရေကို သန့်ရှင်းစေရန်အတွက်ထည့်ထားရတဲ့ […]


အခြေခံကျန်းမာရေး

Body Language တွေရဲ့ အဓိပ္ပါယ်က ဘာလဲ

အချိန်တော်တော်များများမှာ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ (Body Language) တွေဟာ စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ ကိုယ်ပေးချင်တဲ့ Message ကိုပေးနိုင်စွမ်းရှိကြပါတယ်။ တစ်ခါတစ်ရံမှာ သင့်ရဲ့ ကိုယ်လက်အမူအရာတွေက သင်ကိုယ်တိုင်က ထုတ်မပြချင်ပေမဲ့ သင်ကိုယ်တိုင်တောင်မသိလိုက်ဘဲ တစ်ခြား သူတွေကို သွားပြောနေတတ်ပါတယ်။ နာမည်ကျော်ကြားသူတွေ၊ ဟောပြောသူတွေဟာ Body Language တွေရဲ့ အစွမ်းကို ကောင်းကောင်းကြီးနားလည်တတ်ကြပါတယ်။ လေ့လာချက်တွေအရာတွေ Body Language တွေဟာ သင်ပြောချင်တဲ့ Message ရဲ့ တန်ဖိုးကို ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အခုဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်များအတွက် လူတော်တော်များများ အသုံးပြုနေကြတဲ့ Body Language တွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ နှုတ်ခမ်းကို လျှာဖြင့်လျက်ခြင်း။ မနက်ပိုင်း သင်ဟာ နေ့လည်စာစားဖို့အကြောင်းတွေးမိတဲ့အချိန်မှာပဲ […]


အခြေခံကျန်းမာရေး

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ

ကားမူးတယ် (Motion sickness) ဆိုတာ ဖြစ်လာချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ ခရီးမကြာခဏသွားတတ်သူတွေအဖို့ ဒီလိုဖြစ်တတ်တယ်ဆိုရင်အမြဲအခက်ကြုံနေရမှာပါ။ အဝေးပြေးကား၊ သင်္ဘော၊လေယာဉ်တို့တင်မကဘဲ ဘတ်စ်ကားစီးရင်းဖြစ်တတ်သူတွေလည်းရှိပါတယ်။ တချို့ဆို ကစားကွင်းမှာ ယာဉ်တစ်ခုခုအပျော်စီးရင်းတောင် မူးပြီးအန်တတ်ကြပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်တဲ့အတိုင်း ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေတာဖြစ်ပါတယ်။ ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေနဲ့ ကိုယ်ဝန်ရှိသူတွေ မှာပိုခံစားရလေ့ရှိပါတယ်။ စိတ်ပူပန်မှုနဲ့ကြောက်စိတ်ပြင်းထန်ခြင်း စီးနင်းလာတဲ့ယာဉ်အတွင်း လေဝင်လေထွက်မကောင်းခြင်း(လှောင်ပိတ်နေခြင်း) အနောက်ဘက်ခြမ်းမှာထိုင်ရခြင်း သို့မဟုတ် ပြတင်းပေါက်ကိုမမြင်ရခြင်း ကားမူးတဲ့အခါ မအီမသာဖြစ်တာ၊ခေါင်းနောက်ပြီးပျို့အန်တာတွေကတော့ အဖြစ်များဆုံးလက္ခဏာတွေပါ။ ချွေးစေးတွေထွက်တာ၊ ခေါင်းကိုက်တာတွေလည်းဖြစ်ပါတယ်။ ကားမူးတာကို ကာကွယ်နိုင်ဖို့အတွက် ခရီးမထွက်ခင် ကောင်းမွန်စွာ အနားယူထားပါ။ အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ခရီးတော့ သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ ကြောက်နေတယ် ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာ တစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင် အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ် တစ်ခု ဖြစ်စေဖို့ ဒီ ဆောင်းပါးကတဆင့် အကူအညီပေးပါရစေ။ ကဲ ..... ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။ ကားမူးရင် ဘယ်လိုခံစားရလဲ ကားမူးတယ် ဆိုတာက ကားစီးမှ မူးတာ မဟုတ်ပါဘူး။ လေယာဉ် စီးရင် ဖြစ်ဖြစ်၊ ရထား စီးရင်း ဖြစ်ဖြစ်၊ သင်္ဘော စီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလို ဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျ ပြောရရင်တော့ ခရီးသွားစဉ် […]


အခြေခံကျန်းမာရေး

ဆေးမသောက်ခင် အစားတစ်ခုခုစားပါလို့ ပြောရတဲ့အကြောင်းက

ကိုယ်လက်တွေ ကိုက်လိုက်တာ။ခေါင်းထဲကတစစ်စစ်ကိုက်နေလို့ ဗိုက်အောင့်လို့ သွားကိုက်လို့၊နေထိုင်မကောင်းလို့ သက်သာသွားအောင်ဆေးသောက်လိုက်ရင်ကောင်းမယ်နော်။ အင်း ...ဆေးမသောက်ခင် တစ်ခုခုတော့စားဦးနော်၊ လို့ပြောတာကိုငယ်ငယ်ကတည်းက ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိတဲ့သူလည်းရှိမှာပါ။ အချို့ကတော့လည်း လုပ်ရိုးလုပ်စဉ်တစ်ခုလိုလုပ်နေကြတာ ရှိပါတယ်။ ဘာကြောင့်ဆေးမသောက်ခင်တစ်ခုခုစားခိုင်းရတာလဲ။ ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော်။ အစားတစ်ခုခုစားပြီးမှဆေးသောက်သင့်ရတဲ့ အကြောင်းအရင်းက ဆေးတိုင်းကို အစားတစ်ခုခုစားပြီးမှသောက်သင့်တယ်ရယ်တော့ မဟုတ်ပါဘူး။ အချို့ဆေးတွေကတော့ အစားမစားခင်သောက်ဖို့လိုပါတယ်။ ဒါပေမယ့်ဆေးအများစုကတော့ အစားတစ်ခုခုစားပြီးမှသောက်တာ အကောင်းဆုံးပါ။ ဒီအချက်တွေကြောင့် အစားစားပြီးမှဆေးသောက်ခိုင်းရတာပါ။ ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာအော့အန်တာတွေ မဖြစ်စေဖို့ - ခန္ဓါကိုယ်မှာ မအီမသာဖြစ်ေစနိုင်တဲ့ဆေးတွေ၊အော့အန်တာကိုဖြစ်စေတဲ့ဆေးတွေ၊ဆေးအာနိသင်ပြင်းတဲ့ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှသောက်သင့်ပါတယ်။ အစာအိမ်ထဲကလအောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ဖို့ - အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှ သောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေ လျော့သွားစေနိုင်ပါတယ်။ ဆေးမသောက်ခင် သိပ်အများကြီးမဟုတ်ရင်တောင် ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ် ၊ခေါက်ဆွဲပြုတ်လေးနည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။ ရင်ပူတာ ၊စားချဉ့်ပြန်တာတွေ ဖြစ်မလာစေဖို့ -နေထိုင်မကောင်းတဲ့အခါ သောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

ခန္ဓာကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာ ညောင်းညာမောပန်းသမျှကို ပြေလျှော့ဖို့ တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ်၊ Spa မှာ နှိပ်တာပဲဖြစ်ဖြစ် နည်းမှန်လမ်းမှန် နှိပ်မယ်ဆိုရင် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုသလဲ (၁) ခန္ဓာကိုယ် တကိုယ်လုံးကို စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေ ကောင်းမွန်စေဖို့၊ အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ ကြွက်သားတွေဆီ ရောက်ရှိစေဖို့ သွေးလည်ပတ်မှု ကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။ (၂) နှိပ်နယ်ခြင်းက ခန္ဓာကိုယ်ထဲကို ရောဂါတွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း