backup og meta

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ရတယ်။ ။ နေမကောင်းတာပဲ ဖြစ်ဖြစ်၊ အားဆေးသောက်တာပဲ ဖြစ်ဖြစ် လူအများစုက ဆေးသောက်ကြရပါတယ်။ ။ အဲလို သောက်ပြီ ဆိုရင် ဆေးလုံးနင်တာ၊ ဆေးလုံး လည်ချောင်းထဲ တစ်နေတာ၊ ဆေးလုံးက မျိုမကျ တာတွေကို အနည်းနဲ့ အများတော့ ခံစားဖူးကြမှာပါ။ အဲလိုဆို ရေတွေ သောက်ချ ရတာနဲ့တင် ဗိုက်ကြီး အယ်နေပြီး မသက်မသာ ခံစားရပါတယ်။ အဆိုးဆုံးကတော့ အိပ်ခါနီး သောက်ရတဲ့ ဆေးတွေပေါ့။ အိပ်လည်း အိပ်ချင်နေပြီ ဆေးကလည်း မျိုမကျ တစ်နေတယ်။ စိတ်ညစ်ရပါရော။ ဒီတော့ ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ခုပြောပြတဲ့ ဆေးသောက်ရင် လိုက်နာသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေကို သိထားပြီး ဆေးသောက်ရင် လွယ်လွယ်နဲ့ မျိုကျမှာပဲ ဖြစ်ပါတယ်။ ဒါဆို ဆေးသောက်ရမှာ မကြောက်ရတော့ဘူးပေ့ါ။

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေရင် ဆေးသောက်တဲ့အခါ လိုက်နာသင့်တဲ့ အချက်တွေကို နည်းနည်းလောက် ကြည့်လိုက်ရအောင်နော်။ ဆေးသောက်တဲ့အခါ

  • ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မသောက်ဘဲ ရိုးရိုးရေ များများနဲ့ သောက်ပါ။ ကဖင်းပါတဲ့ သောက်စရာတွေက ဆေးရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
  • ဆေးသောက်ရင် ထိုင်သောက်ပါ။ ကိုယ်ကို ရှေ့ကို အနည်းငယ် ငိုက်ထားပါ။
  • ဆေးမသောက်ခင် တစ်ခုခု စားထားရင် လည်ချောင်းမှာ ချွဲလေးတွေ ထွက်နေတတ်ပြီး ဆေးမျိုချတဲ့ အခါ ချောချောချူချူ ဝင်သွားပါလိမ့်မယ်။ အစာမစားခင် သောက်ရမယ့် ဆေးဆိုရင်တော့ ဒီနည်းလမ်းနဲ့ မရပါဘူး။
  • ဆေးသောက်ပြီးရင်လည်း မတ်မတ်လေး ထိုင်နေပါ။ တန်းပြီး လှဲမချလိုက်ပါနဲ့ဦး။

ဆေးသောက်ရင် မလုပ်သင့်တဲ့ အရာများ။

  • ဆေးကို ပါးစပ် အနောက်ထဲ ရောက်အောင် ပစ်ထည့်ပြီးမှ သောက်တာမျိုး။
  • ဆေးကို တစ်လုံးချင်း မသောက်ဘဲ သောက်ရမယ့် ဆေးအကုန်ကို လက်ဝါးထဲထည့် တစ်ခါတည်း အများကြီး အတင်း မျိုချသောက်တာမျိုး။
  • ဆေးသောက် တဲ့အချိန် ခေါင်းကို အနောက်ဘက် တအား လှန်ပြီး မော့သောက်တာမျိုး
  • ဆေးသောက် ပြီးတာနဲ့ ချက်ချင်း လှဲအိပ်လိုက်တာတွေ
  • ဆေးလုံးကို ထုချေပြီး သောက်တာမျိုးတွေကို မလုပ်သင့်ပါဘူး။

ကိုယ့်မှာ အစာမျိုချရ ခက်တဲ့ ဝေဒနာ ခံစား နေရမယ်၊ လေဖြတ်နေတဲ့ လူနာ ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ နည်းလမ်းတွေနဲ့ သောက်နိုင်ပါတယ်။

မျိုချတယ် ဆိုတာ အင်မတန် လွယ်တဲ့ ကိစ္စ တစ်ခုလို့ ထင်ရပေမယ့် တစ်ခါ မျိုချဖို့ဆို ကြွက်သားပေါင်း ၅၀ လောက် က အလုပ် လုပ်ပေးရပါတယ်။ ဖော်ပြ ထားတဲ့ အချက်တွေကို လိုက်နာပြီး ဆေးသောက် မယ်ဆို ဆေးသောက်ရတာ ကြောက်စရာ ကိစ္စ တစ်ခု မဟုတ်တော့ဘူးနော်။

အစာကြီးကြီးဆို မျိုချလိုက်မယ်။ ဆေးလုံး ဆိုတာနဲ့ နင်နေတဲ့ သူတွေ အတွက် အကူအညီ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Problems swallowing pills https://www.nhs.uk/conditions/problems-swallowing-pills/Accessed date 30.8.2018

7 tips to make swallowing pills easierhttps://www.today.com/health/7-tips-make-swallowing-pills-easier-t103850Accessed date 30.8.2018

ယခုပုံစံ

30/08/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား

ကျန်းမာစေဖို့ ဆေးသောက်ရာဝယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement