အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

နှစ်သစ်မှာ မဖြစ်မနေမွေးမြူသင့်တဲ့ ကျန်းမာရေးအလေ့အထအချို့

နှစ်တစ်နှစ်စလာတိုင်း စိတ်သစ်ကိုယ်သစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တတ်ကြတယ်နော်။ ဒီဆုံးဖြတ်ချက်တွေကို အပြည့်အဝအကောင်းအထည်ဖော်ဖြစ်သူကတော့ ရှားပါတယ်။ နှစ်သစ်မှာပြင်စရာရှိတာတွေကိုပြင်သင့်သလို မဖြစ်မနေမွေးမြူရမယ့် အလေ့အထတွေကိုလည်းမွေးမြူရပါမယ်။ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တော့ နှစ်သစ်မှာ မဖြစ်မနေကိုမွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထတွေအကြောင်းပြောပြပေးပါရစေနော်။ နှစ်သစ်မှာ မဖြစ်မနေ ပျိုးထောင်ရမယ့် ကျန်းမာရေးအလေ့အထတွေ ခန္ဓါကိုယ်ကျန်းမာဖို့အတွက် ကကိုယ်တိုင်ဂရုစိုက်မှဖြစ်မှာပါ။ ဒါကြောင့်သေးသေးမွှားမွှားလေးတွေကြောင့် ကြီးကြီးမားမားတွေမဖြစ်စေဖို့ ဒီအလေ့အထလေးတွေကို နှစ်သစ်မှာ ပျိုးထောင်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ - အိပ်ရေးပျက်ခံတာများလာရင် စိတ်ရော ကိုယ်ပါထိခိုက်နိုင်ပါတယ်။ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝဝအိပ်တဲ့ အကျင့်ကို နှစ်သစ်မှာ မဖြစ်မနေပျိုးထောင်ပါ။ အိပ်ရေးပျက်တာက စိတ်ဓါတ်ကျတာ၊ ကိုယ်အလေးချိန်တက်တာ နဲ့ နှလုံးရောဂါတို့ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီရှိအောင်ဂရုစိုက်ပါ။ ရေဓါတ်ပြည့်ဝအောင်နေပါ -ရေဓါတ်က ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လူတစ်ယောက်ကောင်းကောင်းကျန်းမာနေစေဖို့အတွက်ကရေဓါတ်ပြည့်ဝနေဖို့လိုပါမယ်။ […]


အခြေခံကျန်းမာရေး

သင့်ကျန်းမာရေးအတွက် ရေကူး ပါ။

စာဖတ် ပရိသတ်ကြီးထဲမှာ ရေကူး ဝါသနာပါတဲ့သူတွေ ရှိပါသလား။ လူဆိုတာ ရေဆို အင်မတန်မှ ကြိုက်တဲ့အတွက် ရေကူးတတ်သွားရင် ရေထဲကနေတောင် မထွက်ချင်ကြဘူးမလား။ ဒါ့အပြင် ရေလမ်းခရီးတွေ သွားရင် ကြိုမပြောနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ရေကူး တတ်ထားဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေး၊ ကိုယ့်အသက်ကိုလည်း ကယ်တင်ပေးတတ်တဲ့ ရေကူးခြင်း အားကစားဆိုတာ လူတိုင်းလိုက်စားသင့်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ ရေကူး ခြင်း။  ရေကူးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အားပြု ရပါတယ်။ ။ အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက် cardio workout ကိုပါ […]


အခြေခံကျန်းမာရေး

ရေကူးရတာ ကြိုက်သူတိုင်း သိထားသင့်တဲ့ ရေကူးကန်ထဲက ရောဂါပိုးတွေ ။ ။

ရေကူးခြင်း အားကစားဆိုတာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစားနည်းတစ်ခု ဆိုပေမယ့် ကိုယ်သွားကူးတဲ့ ရေကူးကန်သန့်မှပဲ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရမှာပါ။ ရေစီးခြင်း မရှိတဲ့ ကန်ကြီးတစ်ခုထဲမှာ လူပေါင်းစုံ လာကူးနေကြတဲ့အတွက် ရေကူးကန်ကို သေချာ သန့်ရှင်းရေး မလုပ်ရင် လူတွေလိုပဲ ရောဂါပိုးတွေလည်း ကန်ထဲမှာ ကူးခတ်နေနိုင်ပါတယ်။ ဒါဆို အများသုံး ရေကူးကန်တွေကနေ ဘယ်လို ရောဂါတွေ ကူးစက်နိုင်သလဲ ။ ။ အများသုံး ရေကူးကန်တွေကနေ ကူးစက်တတ်တဲ့ ရောဂါများ ။ ။ ဝမ်းပျက်ဝမ်းလျှော ရောဂါ ။ ။ ရေကူးကန်တွေကနေ ကူးနိုင်တဲ့ အဖြစ်အများဆုံး ရောဂါတစ်ခုပါ။ ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ပါးစပ်နဲ့ စအိုလမ်းကြောင်းတစ်လျှောက်ကနေ ကူးစက်တတ်တဲ့အတွက် ရေလာကူးတဲ့သူတွေထဲမှာ ဝမ်းလျှောပြီးခါစသူတစ်ယောက်ပါလာရင် သူနဲ့အတူကူးတဲ့သူတွေအားလုံး ဝမ်းလျှောနိုင်ပါတယ်။။ ရေကူးတဲ့အချိန်ဆို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီ မှာ ရေပူရေနွေးလေးနဲ့ ရေချိုးကြမယ်

ဒီရက်ပိုင်းတွေမှာ သိသိသာသာ အေးလာတာ ခံစားမိမှာပါ။ ဆောင်းရာသီ မှာ လူတွေ မကြာခဏ လုပ်တတ်ကြတဲ့ အမှားကတော့ ရာသီဥတုအေးလို့ ရေမချိုးကြတာပါပဲ။ တချို့တွေကလည်း ရေပူနဲ့ ချိုးရင် အသားအရေခြောက်မှာ၊ အရေပြားဆဲလ်တွေကို ထိခိုက်မှာ ကြောက်တတ်ကြပါတယ်။ ဆေင်းရာသီ မှာ ရေမချိုးပဲ နေတော့မှာလား။ ရေမချိုးရင် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အတွက် ကိုယ်ခန္ဓာမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး အနံ့အသက်တွေ ထွက်လာနိုင်ပါတယ်။ ရေပူ၊ ရေအေးနဲ့ ချိုးတာထက် ရေနွေးလေးနဲ့ ချိုးပေးတာက ကိုယ်ခန္ဓာကို သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။ အသားအရေခြောက်သွေ့တာလည်း မဖြစ်စေပါဘူး။ ဆောင်းရာသီ မှာ ရေပူရေနွေးလေးနဲ့ ချိုးပေးတဲ့အခါ ဘာကောင်းကျိုးတွေ ရနိုင်လဲ။ ၁။ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ရေပူရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်နာကျင်ခြင်းကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို […]


အခြေခံကျန်းမာရေး

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရွှေဆိုတာရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ရွှေကို အလှအတွက်တင်မကဘဲဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ရွှေထည်ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။ ရွှေက ဘယ်လိုကျန်းမာရေးကိုအကျိုးပြုနေသလဲ အဆစ်ရောင်လက္ခဏာေတွကို သက်သာစေတယ် ရွှေကလေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီးရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။ နာကျင်မှုကို လျော့စေတယ် နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ရွှေကသွေးကြောတွေကိုပြေလျော့စေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓါကိုယ်အတွင်းအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။ ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးတယ် ရွှေက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flashဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကောင်းစေတယ် သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓါကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ရွှေကိုအသုံးပြုကြတယ်။သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီးရောဂါကင်းစေနိုင်တာပေါ့။ အရေပြားကုထုံးအဖြစ် သုံးနိုင်တယ် ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခြေဖဝါးလေးတွေ ဘာကြောင့်နာရတာလဲ ။ ။

ခြေဖဝါးဝါးတော်နုနု သွေးခြည်ဥ မှာစိုးတယ် ဆိုသလိုမျိုး ကိုယ့်ြေခဖဝါးလေးေတွဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဝန်ကို ထမ်းနေရသူလေးပါ။ နေရာအနှံ့ကို သူလေးနဲ့ ပဲလျှောက်သွားနေရတာဆိုတော့ ကိုယ်မသိလိုက်မိလို့ လုပ်လိုက်တဲ့ အပြုအမူတွေကနေ ခြေဖဝါးနာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လို အကြောင်းအရာတွေကြောင့် ခြေဖဝါးနာရတာလဲ ။ ။ လေ့ကျင့်ခန်း ခဏခဏ လုပ်လွန်းတာ၊ အကြာကြီးလုပ်တာ။ ။ လေ့ကျင့်ခန်းလုပ်လွန်းတာကြောင့် ခြေထောက်အသားလေးတွေ ကြေပြီး ခြေဖဝါးနာနိုင်သလို အခန့် မသင့်ရင်လည်း ခြေခေါက်လဲတတ်ပြီး ခြေထောက်မှာ သွေးခြည်ဥသွားတတ်ပါသေးတယ်။ ကိုယ်အလေးချိန်များလွန်းရင်လည်း ခြေထောက်နာတတ်ပါတယ်။ များလှတဲ့ ကိုယ်အလေးချိန်ကြောင့် ဒူးနာတာ အပြင် ခြေဖဝါးလည်းနာတတ်ပါတယ်။ အဆီများတဲ့ အဝလွန်တဲ့သူတွေမှာ ခြေဖဝါးနာတာ ပိုဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အဆီ တစ်ရှူးတွေက ရောင်ရမ်းခြင်းကို ပိုဖြစ်စေတာကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်ကြောင့်လည်း ခြေထောက်နာတတ်ပါတယ်။ ဆေးလိပ်ဟာ အဆုတ်နဲ့ နှလုံးကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်

အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့် ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာကြီးမှာ တိုးတက်မှုတွေ များလာသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးရော လူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေ တိုးတက်လာတာကြောင့် နေ့စဉ် အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ရေ၊ လေနဲ့ အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။ ဒီတစ်ခေါက်တော့ လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လို သက်ရောက်နေလဲ ဆိုတာကို ပြောပြပေးမယ်နော်။ လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေး အပေါ်မှာ တော်တော်လေး သက်ရောက်မှု ရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါ။ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှု ကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါး […]


အခြေခံကျန်းမာရေး

ပီကေဝါးတာ ကောင်းလား၊ မကောင်းဘူးလား

ပီကေဝါးတာကို ကြိုက်လား၊ မကြိုက်ဘူးလား။ ပီကေဝါးတာကို ကြိုက်တဲ့သူတွေကရော ပီကေကိုဝါးနေပေမယ့် ကျန်းမာရေးအတွက်ကောင်းလား၊ မကောင်းဘူးလားဆိုတာကိုသေချာသိရဲ့လား။ ဒီတစ်ခေါက်တော့ ပီကေဝါးတာနဲ့ပတ်သက်ပြီး နည်းနည်းလောက်ပြောကြည့်ရအောင်နော်။ ပီကေဆိုတာက ပီကေဆိုတာက လူတိုင်းလည်းသိမှာပါ ခပ်ပျော့ပျော့ဝါးစရာတစ်ခုပေါ့။ အချိုပါပြီး သစ်သီးနံ့လေးတွေနဲ့ရှိသလို၊ ပူရှိန်းအရသာနဲ့ ခံတွင်းအေးစေတဲ့ပီကေတွေ လည်းရှိပါတယ်။ ပီကေက ဝါးလို့ရပေမယ့် မျိုချလို့မရတဲ့အစားအသောက်ပါ။ စားပြီးထွေးထုတ်ရပါမယ်။ ပီကေဝါးတာကောင်းလား၊ မကောင်းဘူးလား ပီကေဝါးတာက ကျန်းမာရေးအတွက်ဆိုးကျိုးမရှိပါဘူး။ ဒီလိုမျိုးကောင်းကျိုးလေးတွေရရှိစေနိုင်ပါတယ်။ စိတ်တည်ငြိမ်စေတယ် စိတ်အရမ်းလှုပ်ရှားတဲ့အခါ အကောင်းဆုံးဖြေရှင်းတဲ့နည်းလမ်းထဲမှာ ပီကေဝါးတာကလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် အလုပ်ခွင်မှာ အရမ်းစိတ်လှုပ်ရှားတဲ့အခါဖြစ်ဖြစ်၊ဒေါသထွက်ရင်ဖြစ်ဖြစ် ပီကေလေးဝါးစားလိုက်ပါ။ စိတ်ဖိစီးတဲ့အခါမှာလည်း ပီကေဝါးပေးပါ။ ဝိတ်ချဖို့အထောက်အပံ့ပေးပါတယ် ဝိတ်ချချင်သူတွေအနေနဲ့ ပူရှိန်းမဟုတ်ဘဲ သစ်သီးနံ့ပါတဲ့ ပီကေကို အစားစားပြီး တစ်နာရီလောက်အကြာမှာ ဝါးပေးမယ်ဆိုရင် သရေစာတွေ စားမိနိုင်ခြေနည်းသွားတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ဖြစ်မှာပါ။ မှတ်ဉာဏ်ကောင်းစေနိုင်တယ် ပီကေဝေါးတဲ့အခါ ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ဦးနှောက်ထဲကိုအောက်ဆီဂျင်ရောက်ရှိမှုတိုးစေနိုင်တာကြောင့် ဦးနှောက်ကို လုပ်ငန်းဆောင်တာတွေကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဦးနှောက်ကလုပ်ဆောင်မှုကောင်းလာတဲ့အခါ မှတ်ဉာဏ်ပိုကောင်းလာသလို အာရုံစိုက်နိုင်စွမ်းလည်းတိုးလာပါတယ်။ သိမြင်မှုစွမ်းရည်လည်း တိုးတက်ကောင်းမွန်လာစေမှာပါ။ အစာကြေစေနိုင်တယ် ပီကေက အစာကြေစေနိုင်ပါတယ်။ အစာကြေစေဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား

ထမင်းစားပြီး ရေမချိုးနဲ့နော်။ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ လိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့ သတိပေးစကား။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။ ဒီလိုဆိုတော့ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား ဆိုတာကို ကြည့်လိုက်ရအောင်နော်။ တကယ်တော့ ရေဖျဉ်းဆိုတာ အပြင်က ရေတွေ ဗိုက်ထဲဝင်သွားတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါး နှစ်လွှာကြားမှာ အရည်တွေ စုလာတာဖြစ်ပါတယ်။ အရည်ပမာဏ အနည်းငယ်ပဲဆို ပုံမှန် ဖြစ်ပေမယ့် အသည်းက ပုံမှန် အလုပ်မလုပ်တဲ့အခါ အရည်တွေ စုလာတတ်ပါတယ်။ ဘာကြောင့် ရေဖျဉ်း စွဲသလဲ အများစုက အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

ဂက်စ်မီးဖိုက မီတာစား သက်သာတယ်။ မြန်မြန်ဆန်ဆန် ကြော်လှော်ချက်ပြုတ်နိုင်တယ်ဆိုပေမဲ့ မသုံးတတ်ရင် ဘေးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ ဆိုတာကို လေ့လာထားသင့်ပါတယ်။ စနစ်တကျတပ်ဆင်ထားမယ်၊ လေဝင်လေထွက်ကောင်းအောင်လုပ်ထားမယ်၊ သေချာထိန်းသိမ်းပြင်ဆင်မှုရှိမယ်ဆိုရင် ဂက်စ်မီးဖိုသုံးရတာ ဘေးကင်းမှုကိုစိတ်မပူရပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ ဖြစ်သလိုသုံးမယ်ဆိုရင်တော့ မတော်တဆမှုတွေစိုးရိမ်ရသလို တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဂက်စ်မီးဖိုကနေဖြစ်လာနိုင်တဲ့ အဓိကအန္တရာယ်တွေကတော့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်းနဲ့ အဆိပ်ဓာတ်ထိတွေ့မိခြင်းတို့ပဲဖြစ်ပါတယ်။ ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း ကာဗွန်မိုနောက်ဆိုဒ်ဟာ အလုံပိတ်နေရာတစ်ခုအတွင်းမှာဆိုရင် လူတွေကို သေစေနိုင်တဲ့အထိပြင်းထန်တဲ့ အရောင်မဲ့၊ အနံ့မဲ့တဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဂက်စ်မီးဖို အသုံးပြုချက်ပြုတ်နေတယ်ဆိုရင် မီးဖိုခန်းနဲ့ အိမ်ခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။ အထူးသဖြင့် ဂတ်စ်မီးဖိုတွေ၊ ဂတ်စ်အိုးတွေကို စနစ်တကျ  တပ်ဆင်ထားခြင်း မရှိဘူးဆိုရင် ကာဗွန်မိုနောက်ဆိုဒ်တွေ စိမ့်ထွက်နေမှာဖြစ်ပြီး လေဝင်လေထွက်ပါ မကောင်းဘူးဆိုရင်တော့ အသုံးပြုတဲ့သူတွေကို ဘေးဖြစ်စေမှာပါ။ ဒါကြောင့်  ဂတ်စ်မီးဖိုအသုံးပြုပြီးတိုင်းမှာ‌ သေချာပြန်ပိတ်ဖို့ လိုပါတယ်။ ဂက်စ်ယိုစိမ့်မှု Stanford […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း