ဆောင်းရာသီမှာ ရေပူရေနွေးလေးနဲ့ ရေချိုးကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဒီရက်ပိုင်းတွေမှာ သိသိသာသာ အေးလာတာ ခံစားမိမှာပါ။ ဆောင်းတွင်းမှာ လူတွေ မကြာခဏ လုပ်တတ်ကြတဲ့ အမှားကတော့ ရာသီဥတုအေးလို့ ရေမချိုးကြတာပါပဲ။ တချို့တွေကလည်း ရေပူနဲ့ ချိုးရင် အသားအရေခြောက်မှာ၊ အရေပြားဆဲလ်တွေကို ထိခိုက်မှာ ကြောက်တတ်ကြပါတယ်။

ရာသီဥတုအေးလို့ ရေမချိုးပဲ နေတော့မှာလား။

ရေမချိုးရင် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အတွက် ကိုယ်ခန္ဓါမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး အနံ့အသက်တွေ ထွက်လာနိုင်ပါတယ်။ ရေပူ၊ ရေအေးနဲ့ ချိုးတာထက် ရေနွေးလေးနဲ့ ချိုးပေးတာက ကိုယ်ခန္ဓါကို သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။ အသားအရေခြောက်သွေ့တာလည်း မဖြစ်စေပါဘူး။

ရေပူရေနွေးလေးနဲ့ ချိုးပေးတဲ့အခါ ဘာကောင်းကျိုးတွေ ရနိုင်လဲ။

၁။ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ရေပူရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်နာကျင်ခြင်းကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေတယ်။ ၅မိနစ်လောက် ရေနွေးလေးနဲ့ ရေချိုးပေးခြင်းဖြင့် ဒဏ်ရာတွေ၊ နာကျင်မှုတွေကို သက်သာစေပြီး အနာကျက်လည်း မြန်စေနိုင်ပါတယ်။

၂။ ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။

ရေပူရေနွေးဟာ ချွေးပေါက်ထဲမှာ ပိတ်ငြိနေတဲ့ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်တွေကို ပွင့်စေတယ်။ ရေနွေးလေးနဲ့ ချိုးပြီး ရေအေးလေးနဲ့ ပြန်လောင်းပေးလိုက်ရင် စိတ်ကို ကြည်လင်စေပြီး အေးမြလန်းဆန်းစေပါတယ်။

၃။ သွေးပူစေတယ်။

ရာသီဥတုက အေးလာတဲ့အချိန်မှာ လူတော်တော်များများက ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရမယ့်အစား ငြိမ်ငြိမ်သက်သက်လေး နေချင်ကြပါတယ်။ ရေနွေးလေးနဲ့ ရေချိုးပေးလိုက်ရင် သွေးပူစေပြီး စိတ်ကို နိုးကြားတက်ကြွစေတယ်။ အားကစားလုပ်ဖို့အတွက်လည်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။

၄။ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကို ပြေလျော့စေပါတယ်။

ဆောင်းရာသီမှာ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့်ရော၊ အပြင်က ပင်ပန်းပြီး ပြန်လာတဲ့အချိန်မှာ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ တောင့်တင်းနေတတ်ပါတယ်။ အနှိပ်ခံစရာမလိုပဲ ပြေလျော့စေဖို့ ရေနွေးလေးနဲ့ ရေချိုးပေးရင် အဆင်ပြေသွားမှာပါ။

၅။ ချွဲသလိပ်နဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်။

ဆောင်းရာသီမှာ မကြာခဏ ကြုံရတတ်တဲ့ အအေးမိတုပ်ကွေး ဝေဒနာကြောင့် လည်ချောင်းမှာ ချွဲတွေကြပ်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေ ဖြစ်နိုင်ပါတယ်။ ရေပူရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် ကြွက်သားတွေ ပြေလျော့စေတဲ့အပြင် လည်ချောင်းနာ၊ ချောင်းဆိုးဝေဒနာကိုပါ သက်သာပျောက်ကင်းစေနိုင်ပြီး အသက်ရှူရတာ လွယ်ကူစေပါတယ်။

၆။ စိတ်ဖိစီးမှုနဲ့ ညအိပ်မပျော်တာကို လျော့နည်းစေနိုင်ပါတယ်။

ရေပူရေနွေးဟာ စိတ်ကို တည်ငြိမ်လန်းဆန်းစေတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ လာဗင်ဒါ အဆီအနှစ်ကို ရေထဲမှာ ထည့်ပြီး ချိုးပေးမယ်ဆိုရင် စိတ်ကို ပိုပြီး ကြည်လင်လန်းဆန်းစေပြီး ခေါင်းကိုက်တာတွေပါ ပျောက်ကင်းစေနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

ကလေးမီးဖွားချိန် မှာ အဖြစ်များတဲ့ ပြဿနာတွေကို လျှော့ချဖို့အတွက် ကိုယ်ဝန်မှန်မှန်အပ်ဖို့၊ တတ်ကျွမ်းတဲ့သူနဲ့ မွေးဖို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ကလေးမွေးထားတဲ့ မေမေ တွေမှာ ဆံပင်၊ အသားအရေနဲ့ ကိုယ်အလေးချိန်တွေ ဘယ်လိုပြောင်းလဲလာမှာလဲ၊ မေမေတို့ ဘယ်လိုပြန်ထိန်းကြမလဲဆိုတာကို ပြောပြပေးပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမြင်အာရုံဝေဝါးခြင်း ပြဿနာများအကြောင်း

အမြင်အာရုံဝေဝါးခြင်း ပြဿနာများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အကြောလျှော့လေ့ကျင့်ခန်

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ကလေးမွေးဖို့ပြင်ဆင် ထားရမယ့် အချက်များ

ကလေးမွေးဖို့ပြင်ဆင် ထားရမယ့် အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read