backup og meta

နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

    “ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်”ဆိုတဲ့ ဆိုရိုးလေးအတိုင်း ကိုယ်ကကျန်းမာတယ်ဆိုရင်တောင်မှ နွေရာသီမှာ ဖြစ်တတ်တဲ့ရောဂါတွေ ကိုယ့်ဆီမဝင်ရောက်စေဖို့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ထားသင့်ပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို  သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အောက်ပါအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    နွေရာသီမှာအဖြစ်များတဲ့ရောဂါများ

  • အပူလျှပ်ခြင်း
  • မြင့်မားတဲ့အပူချိန်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာကြောင့် ကိုယ်ခန္ဓာ အပူချိန်မြင့်တက်တာ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်မှုကြောင့် ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာနဲ့ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကြောင့်ဖြစ်တတ်ပြီး အစားအသောက်တွေကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ပူနွေးစိုထိုင်းတဲ့ရာသီဥတုက အစာအဆိပ်သင့်စေတဲ့ ပိုးတွေပေါက်ပွားအောင် အထောက်အကူပြုပေးနေပါတယ်။

    ပူပြင်းလှတဲ့ နေရောင်ကြောင့် အရေပြားက နီရဲခြောက်သွေ့ပြီး ယားယံတာတွေ၊ ပူစပ်ပူလောင်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့အတွက် နေရောင်အောက်ကို မထွက်ခင် နာရီဝက်လောက်ကြိုပြီး SPF 30 (သို့) SPF 30 ထက်ပိုတဲ့နေရောင်ကာလိမ်းဆေးတစ်မျိုးမျိုးလိမ်းပေးပါ။

    ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေပမာဏကို အပြည့်အဝပြန်လည် မဖြည့်တင်းနိုင်တဲ့အခါမျိုးမှာ တွေ့ရတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကလည်း နွေရာသီမှာ အဖြစ်များတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ နွေရာသီရဲ့ ပူပြင်းတဲ့ အပူရှိန်ကြောင့် ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ရော ဆားဓာတ်ပါဆုံးရှုံးပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကုန်ခမ်းသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

    စိုထိုင်းတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် လျင်လျင်မြန်မြန်ပေါက်ပွားလာတဲ့ ရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ပေါ်ခံစားရတဲ့ ပြင်းထန်တဲ့အဖျားရောဂါတစ်မျိုးဖြစ်ပါတယ်။ တိုက်ဖွိုက်ဖြစ်တဲ့အခါ ဗိုက်ထဲကအောင့်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာနဲ့ ကိုယ်ထဲမှာ အားမရှိတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တွိုက်ဖွိုက်ရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် သန့်ရှင်းတဲ့ရေကို များများသောက်ပါ။ ပြင်ပအစားအစာတွေ စားသုံးတာမျိုးကို ရှောင်ကြဉ်ပါ။ အနီးဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။

    မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယားကူးစက်တာ (သို့) ဓာတ်မတည့်မှုတွေကြောင့် ဖြစ်ပေါ်ခံစားရတာ ဖြစ်ပါတယ်။ ၄ ရက် ကနေ ၇ ရက်အထိကြာမြင့်နိုင်ပါတယ်။

  • ရေကနေတဆင့် ကူးစက်တဲ့ရောဂါများ
  • ဝမ်းလျှောတာ၊ ဝမ်းကိုက်တာ၊ ကာလဝမ်းရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေက နွေရာသီမှာ ရေကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ပါတယ်။

  • ခြင်ကိုက်တာကနေတဆင့် ဖြစ်ပေါ်တဲ့ကူးစက်ရောဂါများ
  • နွေရာသီမှာ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားလိုမျိုး ခြင်ကြောင့်ဖြစ်တဲ့ ရောဂါမျိုးတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

    • ရေများများ သောက်ပေးပါ။ အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေစေဖို့ အုန်းရည်၊ နို့နဲ့ သံပုရာရည်တွေသောက်သုံးပေးလို့ရပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ထဲမနည်း ဂရုစိုက်သောက်သုံးပေးပါ။ အရက်နဲ့ အရက်ပါဝင်နေတဲ့ အရည်တွေ မသောက်ပါနဲ့။
    • ပွပွချောင်ချောင်နဲ့ သက်သောင့်သက်သာရှိစေမယ့် အရောင်ဖျော့ဖျော့ ချည်ထည်အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။
    • ခရီးသွားရင်ပဲဖြစ်ဖြစ်၊ အိမ်မှာနေရင်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တာမျိုးကို ရှောင်ကြဉ်ပါ။ အရိပ်အောက်မှာပဲ သက်သောင့်သက်သာနေပါ။
    • ပူအိုက်တဲ့နွေရာသီမှာ ကလေးငယ်လေးတွေကို ကားထဲမှာ မထားခဲ့ပါနဲ့။ ကားကိုလည်း အရိပ်ရတဲ့နေရာရှာပြီး ရပ်နားပါ။
    • နေရောင်ကြောင့် ဖြစ်ပေါ်ခံစားရတဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေဖို့ ရေခဲဝတ်ကပ်ပေးလို့ရသလို အကိုက်အခဲပျောက်ဆေးတွေ အသုံးပြုလို့လည်းရပါတယ်။
    • တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းတွေအတိုင်း လိုက်နာပြီး လက်တွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။ အစားအစာတွေကို မကိုင်တွယ်ခင်၊ မချက်ပြုတ်ခင်မှာ အစားအသောက်တွေကနေတဆင့် ကူးစက်တဲ့ရောဂါတွေမဖြစ်အောင် လက်ကို စင်ကြယ်စွာဆေးကြောပါ။ အိမ်သာက ဆင်းလာတိုင်းလည်း လက်ကို စင်ကြယ်အောင် ဆေးကြောပေးပါ။
    • မကျက်တကျက်ချက်ထားတဲ့ အစားအသောက်တွေ၊ လမ်းဘေးမှာရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့ အစားအသောက်တွေ စားသုံးတာမျိုးကို ရှောင်ကြဉ်ပါ။ ချဉ်စပ်ပြီး အဆီများတဲ့ အစားအစာတွေကို ရှောင်ပါ။ ဖရဲသီး၊ သခွားသီး၊ ကြံနဲ့ သရက်သီးတွေလိုမျိုး လတ်ဆတ်တဲ့ သစ်သီးတွေကိုစားသုံးပေးပါ။ အလုံးလိုက်ဝယ်ပြီး အိမ်မှာ ကိုယ်တိုင်ခွဲစားတာ ပိုကောင်းပါတယ်။
    • အိမ်ထဲကို အပူရှိန်မဝင်ရောင်စေဖို့ အပူရှိန်ပြင်းတဲ့ နေ့လယ်ခင်းအချိန်တွေမှာ ပြတင်းတံခါးတွေကို ပိတ်ထားပေးပါ။
    • မျက်စိမနာစေဖို့နဲ့ ပိုးတွေ ပြန့်ပွားကူးစက်တာမျိုးမဖြစ်အောင် လက်တွေကို သန့်ရှင်းစင်ကြယ်အောင် ထားပေးပါ။ မျက်လုံးယားယံနာကျင်တာတွေသက်သာစေဖို့ မျက်လုံးထဲကို မျက်စဉ်းခတ်ပေးနိုင်ပါတယ်။
    • ခန္ဓာကိုယ်ကနေ ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို ဖြည့်တင်းနိုင်ဖို့အတွက် ရေကျက်အေးနဲ့ အလွယ်တကူဖျော်သောက်နိုင်တဲ့ ဓာတ်ဆားထုတ်လေးတွေဆောင်ထားပေးပါ။
    • ခြင်ကိုက်မခံရစေဖို့ ခြင်နိုင်ဆေးတွေ အသုံးပြုပါ။ ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို မသွားပါနဲ့။
    • အရေပြားကို နေလောင်ခံရမှုကနေ ကာကွယ်ဖို့ အနည်းဆုံး SPF 30 ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးတွေ လူးပေးပါ။
    • မနက် ၁၀နာရီကနေ ညနေ ၃ နာရီအတွင်း နေရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ပါ။
    • အပြင်ထွက်ရင်ပဲဖြစ်ဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် နေရောင်ထိတွေ့မှုကနေ ကာကွယ်နိုင်ဖို့ ဦးထုပ်၊ နေကာမျက်မှန်တွေကို ဝတ်ဆင်ပြီး မျက်နှာအသားအရေကို ခရမ်းလွန်ရောင်ခြည်တွေ ထိတွေ့မှုကနေ ကာကွယ်ပါ။
    • လူထူတဲ့နေရာတွေကို မသွားပါနဲ့။

    နွေရာသီဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ရင်း ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ဖန်တီးနိုင်ဖို့ အကောင်းဆုံးသော ရာသီတစ်ခုဖြစ်ပါတယ်။ အထက်ဖော်ပြပါအချက်လေးတွေကို ကျင့်သုံးလိုက်နာမယ်ဆိုရင် မိသားစုတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နွေရာသီကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement