backup og meta

ဘေးကင်းစိတ်ချရသော အစားအသောက်ဖြစ်စေရန် အကြံပေးချက် (၈) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Aung Myat Thu မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Time မဂ္ဂဇင်းတွင် ဖော်ပြချက်အရ နှစ်စဉ် လူပေါင်း ၃၅၁,၀၀၀ခန့်သည် အစာအဆိပ်သင့်ခြင်းကြောင့် အသက်ဆုံးရှုံးနေကြသည်။ ထို့အပြင် ကျန်မာရေးနှင့် သင့်တော်သော အစားအစာများကြောင့် လူအများ ဆေးရုံများတွင် ဆေးကုသမှုများ ခံယူကြရပြီး ရေရှည်အတွက် ဆိုးကျိုးများ ဖြစ်စေသည်။ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ခုမှာ အစားအစာများကို သင့်တော်စွာ ကိုင်တွယ်အသုံးမပြုခြင်းဖြစ်သည်။

    ထို့ကြောင့် သင် နှင့် သင့်မိသားစု အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန် အောက်ပါ အကြ့ပြုချက်များကို အလေးစိုက်သင့်သည်။

    လက် နှင့် အစားအစာထိတွေ့မည့် နေရာများကို ဆေးကြောပါ။

    ဘေးဖြစ်စေမည့် ဘတ်တီးရီးယားများမှ ကာကွယ်ရန် နည်းလမ်းတစ်ခုမှာ လက် နှင့် အစားအသောက်ထိတွေ့မည့် နေရာများကို ဆေးကြောခြင်းဖြစ်သည်။ ပထမဦးစွာ အစားအစာမကိုင်တွယ်မီ နှင့် ကိုင်တွယ်ပြီးချိန်များ၊ သန့်စင်ခန်းသွားပြီးချိန် နှင့် အခြားဘတ်တီးရီးယားပိုးမွှားများနှင့် ထိတွေ့နိုင်သည့် အချိန်များတွင် လက်ကို ဆေးကြောရမည်။

    ထို့အပြင် မီးဖိုချောင်သုံးပစ္စည်းများ နှင့် ပရိဘောဂများ၊ ဥပမာ- ဓါးလှီးခံဘုတ်ပြားများ၊ စင်၏ အပေါ်မျက်နှာပြင်များ နှင့် ဘေစင် များကို ဆပ်ပြာ နှင့် ရေနွေးနွေးဖြင့် အစားအစာများကို မပြင်ဆင်ခင် နှင့် ပြင်ဆင်ပြီး ဆေးကြောသင့်သည်။

    ဟင်းသီးဟင်းရွက် နှင့် အစားအသောက်များကို ဆေးကြောပါ။ အသား၊ ဥ နှင့် ကြက်သားများကို မဆေးကြောသင့်ပါ။

    အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များကို အခွံနွှာလိုက်သောအခါ အပြင်မှ ဘက်တီးရီးယားများသည် အတွင်းသို့ ဝင်ရောက်နိုင်သည်။ ထို့ကြောင့် မချက်ပြုတ်မီ ဆေးကြာရန်မှာ အရေးကြီးသည်။ ပျက်စီးနေသော မည်သည့်နေရာမဆို ဖယ်ရှားရှင်းလင်းရမည်။ အစားအစာများကိုလဲ အစွန်းချွတ်ဆေး၊ ဆပ်ပြာ နှင့် အခြားဓါတုပစ္စည်းများ မသုံးပဲ ရေဘုံဘိုင်တွင် ဆေးကြောသင့်သည်။ သို့သော် အသားများကို ဆေးကြောခြင်းသည် ဘတ်တီးရီးယားများကို ပိုပျံ့နှံ့စေပြီး မီးဖိုချောင် ပစ္စည်းများနှင့် မျက်နှာပြင်များကို ထိခိုက်စေသည်။

    မှန်ကန်သော မီးအပူချိန်နှင့် ချက်ပြုတ်ပါ။

    အကယ်၍မီးအပူချိန်သည် အန္တရာယ်ရှိသော ပိုးမွှားများကို သေစေရန် မလုံလောက်လျှင် အစားအစာသည် ဘေးကင်းမှုမရှိနိုင်ပါ။ အစားအစာ၏ အရောင်အဆင်း နှင့် ပုံစံအနေအထားကို ကြည့်ရုံ့နှင့် သင့်တော်စွာ ချက်ထားသည် ဟုတ်မဟုတ်ကို မသိရှိနိုင်ပါ။ ထို့ကြောင့် ချက်ပြုတ်သောအခါ အစားအစာအတွင်းရှိ အပူချိန်ကို တိုင်းတာရန် အစားအစာသုံးသာမိုမီတာကို အသုံးပြုနိုင်သည်။ ထိုကိရိယာသည် အစားအစာကို ဘေးကင်းမကင်းသိရှိနိုင်ရန် အသုံးပြုနိုင်သည်။

    မိုက်ကရိုဝေ့မီးဖိုကိုမှန်ကန်စွာ အသုံးပြုခြင်း။

    အစားအစာများကို မိုက်ကရိုဝေ့မီးဖိုသုံးပြီး ပူပေးရာတွင် အပူပေးနေချိန် အလယ်တွင် အစားအစာကို မွှေပေး၊ လှည့်ပေးသင့်သည်။ မိုက်ကရိုဝေ့မီးဖို၏ အစားအစာကို အပူပေးခြင်းအတွက် စောင့်ဆိုင်းချိန်သည် အရေးကြီးသည်။ အစားအစာအတွင်းရှိ အေးသောနေရာများသည် အခြားနေရာများမှ အပူများကို စုပ်ယူသော အချိန်ကိုပါ ထည့်တွက်ထားသဖြင့် စောင့်ဆိုင်းချိန်ကို မလျှော့သင့်ပါ။ သို့မဟုတ် အစားအစာသုံးသာမိုမီတာကို သုံးပြီး အစားအစာ၏ စိတ်ချရသော အပူချိန် ၁၆၅ဒီဂရီဖာရင်ဟိုက် ရှိမရှိကို စစ်ဆေးနိုင်သည်။

    အသားစိမ်းနှင့် အခြားအစာများကို ခွဲခြားထားသင့်သည်။

    အစာတစ်ခုမှ နောက်တစ်ခုဆီသို့ ဘတ်တီးရီးယားများ ကူးပြောင်းသွားလျှင် cross-contamination ဟုခေါ်သော ပိုးမွှားကူးပြောင်းပျံနှံ့ခြင်းဖြစ်စေပြီး အသားစိမ်းများ၊ ပင်လယ်စာနှင့် ကြက်သားများကို သိမ်းဆည်းလျှင် အဖြစ်များတတ်သည်။ ထို့ကြောင့် ထိုအရာများကို ချက်ပြီးသား အစားအစာများနှင့် ဝေးရာတွင် ထားသင့်သည်။ အစားအစာမျိုးစုံကို စတိုးဆိုင်အိတ်များ နှင့် အခြားထည့်စရာများနှင့် သီးသန့်စီခွဲထားနိုင်သည်။ ထို့အပြင် အသားစိမ်းထည့်ထားသော နေရာကို ချက်ပြီးသား အစားအစာမထည့်ထားသင့်ပါ။

    အစားအစာများကို သင့်တော်စွာ ခဲထားခြင်း။

    အေးသောအပူချိန်သည် ဘတ်တီးရီးယားပျံ့နှံ့ခြင်းကို လျော့ကျစေသဖြင့် ရေခဲသေတ္တာအတွင်း အစားအစာများကို ၂နာရီခန့် သိမ်းဆည်းခြင်းသည် အစားအစာများကို ပိုးမွှားကင်းရှင်းစေရန် ကူညီပေးသည်။ ၉၀ဒီဂရီဖာရင်ဟိုက် ထက်ကျော်သော ပူသောရာသီဥတုတွင် စောင့်ဆိုင်းချိန်ကို ၁ နာရီသို့ လျှော့ချနိုင်သည်။ သို့မဟုတ် ရေခဲသေတ္တာအတွင်း လေအေးများကို လည်ပတ်စေရန်အတွက် အစားအစာများကို မြောက်မြားစွာ ထည့်မထားသင့်ပါ။ အစားအစာများကို မတူညီသော သေးငယ်သည့် ထည့်စရာများနှင့် ရေခဲသေတ္တာအတွင်းတွင် ထည်းထားလျှင် ပို၍ အေးခဲလွယ်သည်။

    မီးဖိုချောင်စားပွဲပေါ်တွင် အစားအစာများကို ရေစိမ်ခြင်း မပြုသင့်။

    သာမန်အခန်းအပူချိန်အတွင်း မီးဖိုချောင်စားပွဲပေါ်တွင် အသားနှပ်ခြင်း ပြုလုပ်လျှင် မကောင်းသော ဘတ်တီးရီးယားများ လျှင်မြန်စွာ ပေါက်ဖွားနိုင်သည်။ ထို့ကြောင့် အသားများကို နှပ်မည်ဆိုလျှင် အေးသောအခန်းအပူချိန် (သို့) ရေအေးဖြင့် ပြုလုပ်သင့်သည်။ သို့မဟုတ် မိုက်ကရိုဝေ့မီးဖိုအတွင်းတွင် အသားနှပ်ခြင်းဖြင့် မြန်မြန်ချက်ချင်း ချက်ပြုတ်နိုင်သည်။ ထိုသို့မဟုတ်လျှင် အသားများကို နှပ်ရန် အချိန်အလုံအလောက်မရှိလျှင် ချက်ပြုတ်သည့်အချိန်ကို ၅၀%တိုးမြင့်ပြီး မနှပ်ပဲ တခါတည်းချက်ပြုတ်နိုင်သည်။

    အစားအစာများကိုမည်သည့်အချိန်တွင်လွှင့်ပစ်ရမည်ကိုသိရန်။

    အစားအစာ၏အမြင် နှင့် အနံ့တို့သည် ထိုအစားအစာကို စားသုံးရန် ဘေးကင်းသည် မကင်းသည်ကို မဖေါ်ပြနိုင်ပါ။

    ထို့ကြောင့် စားသောက်မည့်အစားအစာနှင့် ပတ်သတ်ပြီး စိုးရိမ်ကြောင့်ကြမှုရှိလျှင် လွှင့်ပစဖို့အတွက် စိတ်အနှောက်အယှက်မဖြစ်ပါနှင့်။

    မသန့်သော အစားအစာ (သို့) ကျန်နေသော အစားအစာတို့သည် ပြန်နွှေးသည့်တိုင်အောင် စားသုံးရန် စိတ်မချနိုင်ပေ။

    ထို့ကြောင့် ပုံမှန် အမြင်နှင့် အနံ့မရှိသော အစားအစာများကို မမြည်းစမ်းပါနှင့်။

    အစာအဆိပ်သင့်ခြင်း၏ အန္တရာယ်သည် သိရှိနိုင်ရန် ခက်ခဲပြီး ဆိုးကျိုးများကိုချက်ခြင်းမဖြစ်ပေါ်စေသော်လည်း အချိန်ကြာသောအခါ ကျန်းမာရေးအတွက် ဆိုးကျိုးများကိုသာ ဖြစ်စေတတ်သည်။ ထို့ကြောင့် သင် နှင့် သင့်မိသားစုကို အစာအဆိပ်သင့်ခြင်းကို ကာကွယ်နိုင်ရန် မည်သို့ ကိုင်တွယ်မည်ကို အလေးစိုက်ထားသင့်သည်။ အချိန်ယူရမည်ဖြစ်ပြီး အနာဂတ်တွင် ကောင်းကျိုးများရှိစေမည်ဖြစ်သည်။

    အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Aung Myat Thu မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement