အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေလမ်းခရီးက သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲ ။ ။

ဟိုတလောက ကြားလိုက်မယ်ထင်ပါတယ်။ သင်္ဘောတွေ နစ်ပြီး လူတွေ ပျောက်ကြ၊ သေဆုံးကြတဲ့ သတင်းတစ်ခုပေါ့။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ ကူညီမယ့်သူကလည်း မရှိ၊ ခြေချပြေးစရာ ကုန်းမြေကလည်း မရှိဆိုတော့ ရေလမ်းခရီးက အရမ်းအန္တရာယ်များပါတယ်။ ကား လေယာဉ်တွေနဲ့ သွားရင် ဘာတွေ ပြင်ဆင်သွားရမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာ အားလုံးသိပြီးကြဖြစ်ပေမယ့် အသွားနည်းကြတဲ့ ရေလမ်းခရီးကသွားရင်ရော ကိုယ့်ဘက်က ဘာတွေကြိုပြင်ဆင်သွားရမလဲ ။ သင်္ဘောတွေ မြုပ်ကြ၊ စက်လှေတွေ ရေနစ်ကြတာကလည်း သိပ်မရှားတော့ ရှောင်လွဲလို့ မရဘဲ ရေလမ်းခရီးကနေ သွားရတော့မယ်ဆိုရင် ဒါမျိုးလေးတွေ ပြင်ဆင်သွားစေချင်ပါတယ်။ ။ ကြို မမြင်နိုင်တဲ့ အရာတွေ အတွက် ပြင်ဆင်ထားရမယ့် အချက်များ ။ ။ ခရီးဆောင်အိတ်ထဲမှာ ကိုယ့်ခရီးဆောင်အိတ်ထဲမှာ လှိုင်းမူးရင် သောက်ရမယ့် ဆေးတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထတွေကို ဒီလိုပြင်ဆင်ကြမယ်

ငါတော်တော်လေးဝလာတယ်။ ထိုင်ရင် ထရင်လည်းလေးလာတယ်၊ တစ်ခုခုလုပ်ဖို့ဆိုလည်း ပျင်းတာနဲ့ မလုပ်ဖြစ်တာကများတယ်။ ဒါတွေကိုပြင်မှဖြစ်မယ်။ မဆာဘဲ စားမိနေတာကိုရောပေါ့။ အမြဲလိုလိုပြောဖြစ်နေပေမယ့် မလုပ်ဖြစ်သေးဘူးဟုတ်။ တစ်ယောက်တည်းလို့မထင်ပါနဲ့နော်။ အခုဒီစာကိုရေးနေတဲ့ကိုယ်တိုင်လည်း အရင်က ဒီလိုပါပဲ။ အကျင့်ဆိုးတွေကပြင်ရခက်တယ်လေ။ အစွဲဆိုတာ ချွတ်ရခက်သလိုပေါ့။ ဒါပေမယ့်နေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မဖြစ်မနေပြင်ဆင်ရမယ့် အလေ့အထတွေရှိနေပါတယ်။ ကဲ ဘယ်လိုပြင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့နေ့စဉ်အလေ့အထတွေကို ဒီလိုပြင်ပါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေကို အခုပြောပြမယ့်အချက်လေးတွေအတိုင်း တစ်ဆင့်ချင်းပြုပြင်ပေးပါ။ ကိုယ်ပြင်ချင်တဲ့အကျင့်တွေက ဘာတွေလဲဆိုတာကို သိအောင်အရင်လုပ်ပါ ဒါကတော့ ကိုယ့်ဆီမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ရှိနေတဲ့ အလေ့အကျင့်တွေရှိနေနိုင်တာကြောင့် အရင်ဆုံး ကိုယ့်ကိုကိုယ် သတိထားကြည့်ပါ။ ကိုယ်ပြင်ချင်တဲ့အကျင့်က ဘာလဲဆိုတာကို သိမှပြင်လို့ရမှာဖြစ်တာကြောင့် အရင်ဆုံးကိုယ်ပြင်ချင်တဲ့ အကျင့်တွေကို သိအောင်လုပ်ပါနော်။ အကျင့်ဆိုးတွေထဲကနေ ရုန်းထွက်ပါ အကျင့်ဆိုးတွေက ဖျောက်ရခက်ပေမယ့် ရအောင်ဖျောက်ယူလို့ရပါတယ်။ ဥပမာ ပြောပြရရင် ကိုယ်ရဲ့ အကျင့်ဆိုးက ဗိုက်မဆာဘဲ စားမိနေတယ်ဆိုရင်ငြင်းတတ်တဲ့အကျင့်လုပ်ယူပါ။ အားနာပြီး မစားမိပါစေနဲ့။ ထမင်းစားပြီးတဲ့အခါ […]


အခြေခံကျန်းမာရေး

နှစ်သစ်မှာ မဖြစ်မနေမွေးမြူသင့်တဲ့ ကျန်းမာရေးအလေ့အထအချို့

နှစ်တစ်နှစ်စလာတိုင်း စိတ်သစ်ကိုယ်သစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တတ်ကြတယ်နော်။ ဒီဆုံးဖြတ်ချက်တွေကို အပြည့်အဝအကောင်းအထည်ဖော်ဖြစ်သူကတော့ ရှားပါတယ်။ နှစ်သစ်မှာပြင်စရာရှိတာတွေကိုပြင်သင့်သလို မဖြစ်မနေမွေးမြူရမယ့် အလေ့အထတွေကိုလည်းမွေးမြူရပါမယ်။ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တော့ နှစ်သစ်မှာ မဖြစ်မနေကိုမွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထတွေအကြောင်းပြောပြပေးပါရစေနော်။ နှစ်သစ်မှာ မဖြစ်မနေ ပျိုးထောင်ရမယ့် ကျန်းမာရေးအလေ့အထတွေ ခန္ဓါကိုယ်ကျန်းမာဖို့အတွက် ကကိုယ်တိုင်ဂရုစိုက်မှဖြစ်မှာပါ။ ဒါကြောင့်သေးသေးမွှားမွှားလေးတွေကြောင့် ကြီးကြီးမားမားတွေမဖြစ်စေဖို့ ဒီအလေ့အထလေးတွေကို နှစ်သစ်မှာ ပျိုးထောင်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ - အိပ်ရေးပျက်ခံတာများလာရင် စိတ်ရော ကိုယ်ပါထိခိုက်နိုင်ပါတယ်။ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝဝအိပ်တဲ့ အကျင့်ကို နှစ်သစ်မှာ မဖြစ်မနေပျိုးထောင်ပါ။ အိပ်ရေးပျက်တာက စိတ်ဓါတ်ကျတာ၊ ကိုယ်အလေးချိန်တက်တာ နဲ့ နှလုံးရောဂါတို့ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီရှိအောင်ဂရုစိုက်ပါ။ ရေဓါတ်ပြည့်ဝအောင်နေပါ -ရေဓါတ်က ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လူတစ်ယောက်ကောင်းကောင်းကျန်းမာနေစေဖို့အတွက်ကရေဓါတ်ပြည့်ဝနေဖို့လိုပါမယ်။ […]


အခြေခံကျန်းမာရေး

စက္ကူရုပ်လေးတွေခေါက်ရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေရယူလိုက်ပါ

စက္ကူရုပ်လေးတွေခေါက်ရတာကို သဘောကျတတ်သူလား။ ဒါဆိုရင်တော့ သင်ဟာ ဝါသနာပါတာကိုလုပ်ရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိနေတဲ့သူတစ်ယောက်လို့ပြောပါရစေ။ စက္ကူရုပ်ခေါက်တာက လက်ချောင်းကြွက်သားလေးတွေကို သန်မာစေနိုင်သလို အာရုံစူးစိုက်မှုကိုကောင်းမွန်စေပြီး သိမြင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါသေးတယ်။ စက္ကူရုပ်ခေါက်ရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ စက္ကူရုပ်ခေါက်တာက ရုပ်ကိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ စက္ကူရုပ်ခေါက်တဲ့အခါ လက်ချောင်းလေးတွေကို အသုံးပြုရသလို၊ မျက်လုံးကိုလည်း အသုံးပြုရပါသေးတယ်။နောက်တစ်ခုကတော့ စိတ်အာရုံကိုစုစည်းထားရတာပါ။ ဒီလိုလုပ်ပေးခြင်းကြောင့် လက်ချောင်းကြွက်သားလေးတွေသန်မာလာမယ် မျက်လုံးနဲ့လက်လှုပ်ရှားမှုတွေ ဟန်ချက်ညီညီလုပ်ဆောင်လာနိုင်မယ် အာရုံစူးစိုက်မှုပိုကောင်းလာမယ် စိတ်ရှည်သည်းခံတတ်လာမယ် ဒေါသထွက်လွယ်တာမျိုးကင်းလာမယ် ကျိုးကြောင်းဆီလျော်စွာစဉ်းစားတတ်လာမယ် စိတ်အပန်းပြေစေမယ် စိတ်ကူးဉာဏ်ပိုကောင်းလာမယ် ဦးနှောက်အတွက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်တယ် စိတ်ဖိစီးမှုတွေရှိတဲ့အခါ စက္ကူရုပ်လေးတွေခေါက်တာကလည်း တရားမှတ်သလိုမျိုးပဲ စိတ်ကိုတည်ငြိမ်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ စက္ကူလေးတွေခေါက်ရင်း အရုပ်လှလှလေးတွေဖြစ်သွားတဲ့အခါ စိတ်ကျေနပ်မှုရရှိစေတာပါပဲ။ ဦးနှောက်ကိုလည်း အသစ်သစ်တွေဖန်တီးနိုင်စွမ်းဖြစ်အောင်လှုံ့ဆော်ပေးပြီးသားဖြစ်စေပါတယ်။ ပြန်လည်သန်စွမ်းရေးအတွက်လည်း စက္ကူရုပ်ခေါက်တာက အသုံးဝင်ပါတယ်။ လေဖြတ်ထားသူတွေ နဲ့ ကိုယ်လက်အင်္ဂါထိခိုက်ထားသူတွေအတွက် လေ့ကျင့်ခန်းတစ်ရပ်အနေနဲ့လည်း စက္ကူရုပ်ခေါက်တာကို အသုံးပြုကြပါတယ်။ စိတ်ကျန်းမာရေးကိုကောင်းစေသလို လူမှုပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် စက္ကူခေါက်တာကို ဝါသနာပါတယ်ဆိုရင် အားလပ်တဲ့အချိန်တွေမှာ […]


အခြေခံကျန်းမာရေး

သင့်ကျန်းမာရေးအတွက် ရေကူး ပါ။

စာဖတ် ပရိသတ်ကြီးထဲမှာ ရေကူး ဝါသနာပါတဲ့သူတွေ ရှိပါသလား။ လူဆိုတာ ရေဆို အင်မတန်မှ ကြိုက်တဲ့အတွက် ရေကူးတတ်သွားရင် ရေထဲကနေတောင် မထွက်ချင်ကြဘူးမလား။ ဒါ့အပြင် ရေလမ်းခရီးတွေ သွားရင် ကြိုမပြောနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ရေကူး တတ်ထားဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေး၊ ကိုယ့်အသက်ကိုလည်း ကယ်တင်ပေးတတ်တဲ့ ရေကူးခြင်း အားကစားဆိုတာ လူတိုင်းလိုက်စားသင့်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ ရေကူး ခြင်း။  ရေကူးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အားပြု ရပါတယ်။ ။ အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက် cardio workout ကိုပါ […]


အခြေခံကျန်းမာရေး

ရေကူးရတာ ကြိုက်သူတိုင်း သိထားသင့်တဲ့ ရေကူးကန်ထဲက ရောဂါပိုးတွေ ။ ။

ရေကူးခြင်း အားကစားဆိုတာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစားနည်းတစ်ခု ဆိုပေမယ့် ကိုယ်သွားကူးတဲ့ ရေကူးကန်သန့်မှပဲ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရမှာပါ။ ရေစီးခြင်း မရှိတဲ့ ကန်ကြီးတစ်ခုထဲမှာ လူပေါင်းစုံ လာကူးနေကြတဲ့အတွက် ရေကူးကန်ကို သေချာ သန့်ရှင်းရေး မလုပ်ရင် လူတွေလိုပဲ ရောဂါပိုးတွေလည်း ကန်ထဲမှာ ကူးခတ်နေနိုင်ပါတယ်။ ဒါဆို အများသုံး ရေကူးကန်တွေကနေ ဘယ်လို ရောဂါတွေ ကူးစက်နိုင်သလဲ ။ ။ အများသုံး ရေကူးကန်တွေကနေ ကူးစက်တတ်တဲ့ ရောဂါများ ။ ။ ဝမ်းပျက်ဝမ်းလျှော ရောဂါ ။ ။ ရေကူးကန်တွေကနေ ကူးနိုင်တဲ့ အဖြစ်အများဆုံး ရောဂါတစ်ခုပါ။ ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ပါးစပ်နဲ့ စအိုလမ်းကြောင်းတစ်လျှောက်ကနေ ကူးစက်တတ်တဲ့အတွက် ရေလာကူးတဲ့သူတွေထဲမှာ ဝမ်းလျှောပြီးခါစသူတစ်ယောက်ပါလာရင် သူနဲ့အတူကူးတဲ့သူတွေအားလုံး ဝမ်းလျှောနိုင်ပါတယ်။။ ရေကူးတဲ့အချိန်ဆို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီ မှာ ရေပူရေနွေးလေးနဲ့ ရေချိုးကြမယ်

ဒီရက်ပိုင်းတွေမှာ သိသိသာသာ အေးလာတာ ခံစားမိမှာပါ။ ဆောင်းရာသီ မှာ လူတွေ မကြာခဏ လုပ်တတ်ကြတဲ့ အမှားကတော့ ရာသီဥတုအေးလို့ ရေမချိုးကြတာပါပဲ။ တချို့တွေကလည်း ရေပူနဲ့ ချိုးရင် အသားအရေခြောက်မှာ၊ အရေပြားဆဲလ်တွေကို ထိခိုက်မှာ ကြောက်တတ်ကြပါတယ်။ ဆေင်းရာသီ မှာ ရေမချိုးပဲ နေတော့မှာလား။ ရေမချိုးရင် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အတွက် ကိုယ်ခန္ဓာမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး အနံ့အသက်တွေ ထွက်လာနိုင်ပါတယ်။ ရေပူ၊ ရေအေးနဲ့ ချိုးတာထက် ရေနွေးလေးနဲ့ ချိုးပေးတာက ကိုယ်ခန္ဓာကို သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။ အသားအရေခြောက်သွေ့တာလည်း မဖြစ်စေပါဘူး။ ဆောင်းရာသီ မှာ ရေပူရေနွေးလေးနဲ့ ချိုးပေးတဲ့အခါ ဘာကောင်းကျိုးတွေ ရနိုင်လဲ။ ၁။ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ရေပူရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်နာကျင်ခြင်းကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို […]


အခြေခံကျန်းမာရေး

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရွှေဆိုတာရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ရွှေကို အလှအတွက်တင်မကဘဲဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ရွှေထည်ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။ ရွှေက ဘယ်လိုကျန်းမာရေးကိုအကျိုးပြုနေသလဲ အဆစ်ရောင်လက္ခဏာေတွကို သက်သာစေတယ် ရွှေကလေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီးရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။ နာကျင်မှုကို လျော့စေတယ် နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ရွှေကသွေးကြောတွေကိုပြေလျော့စေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓါကိုယ်အတွင်းအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။ ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးတယ် ရွှေက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flashဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကောင်းစေတယ် သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓါကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ရွှေကိုအသုံးပြုကြတယ်။သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီးရောဂါကင်းစေနိုင်တာပေါ့။ အရေပြားကုထုံးအဖြစ် သုံးနိုင်တယ် ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ […]


ကျန်းမာရေး သတင်းများ

ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး

ဆီးကျိတ်ကင်ဆာကုသရာမှာ ကင်ဆာဆဲလ်ေတွကို ပစ်မှတ်ထားတိုက်ဖျက်နိုင်ဖို့ရွှေမှုန်လေးတွေကို အသုံးပြုတဲ့ကုထုံးနဲ့ စမ်းသပ်သုတေသနပြုတာ အလားအလာကောင်းတဲ့ရလဒ်တွေရှိလာပြီလို့ဆေးပညာသတင်းတွေမှာဖော်ပြထားပါတယ်။တချို့ရောဂါတွေအတွက် လက်ရှိအသုံးပြုနေတဲ့ ဓါတုဆေးဝါးကုထုံးတွေက ကင်ဆာဆေးတွေပမာဏအများကြီးသုံးရပြီး ဘေးထွက်ဆိုးကျိုးပြင်းထန်ကြပါတယ်။ ကင်ဆာဆေးတွေက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ အကျိတ်တွေကိုချေဖျက်နိုင်၊သေးသွားစေနိုင်ပေမယ့် အရေးကြီးကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပြီး ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေနိုင်ပါတယ်။ အခု မစ်ဆာရီတက္ကသိုလ်က ပညာရှင်တွေရဲ့သုတေသနမှာတော့ လက်ဖက်ရွက်ကရတဲ့ ဒြပ်ပေါင်းတစ်ခုနဲ့ နာနိုရွှေမှုန်လေးတွေကိုအသုံးပြုပြီး ဆီးကျိတ်ကို ကုသနိုင်မယ့် နည်းလမ်းကိုတွေ့ရှိခဲ့တာပါ။ ဒီကုထုံးသစ်မှာ သုံးရတဲ့ဆေးပမာဏဟာ ဓါတုဆေးဝါးကုထုံးတွေထက် ပိုနည်းပြီး ဘေးထွက်ဆိုးကျိုးပိုနည်းလို့ တခြားကျန်းမာတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သွားမထိခိုက်စေနိုင်ဘူးလို့ ဆိုပါတယ်။ဆီးကျိတ်ကင်ဆာက ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီးစောစောကုသနိုင်ရင် အခွင့်အလမ်းပိုကောင်းပါတယ်။ ဒါပေမယ့် ကုထုံးတွေက ခံရမသက်သာတဲ့အပြင်ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ သူ့အတွက်သုံးတဲ့ ကုထုံးတွေထဲမှာ ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုဆေးဝါးကုထုံး၊ အအေးဓါတ်ကုထုံး၊ဆီးကျိတ်ဂလင်းနဲ့အနီးတဝိုက်တစ်ရှူးတွေ ခွဲစိတ်ဖယ်ရှားတဲ့ကုထုံးတို့ ပါဝင်ပါတယ်။ ဘယ်လိုကုသလဲ အရင်ကင်ဆာကုထုံးတွေလို ထိုးဆေးအများကြီးသုံးရတဲ့အစား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထိုးသွင်းပေးရုံနဲ့ရွှေမှုန်တွေက ကင်ဆာအကျိတ်တွေအနီးကို ကပ်သွားစေမယ့်နည်းဖြစ်ပါတယ်။ နာနိုအမှုန်တွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခြေဖဝါးလေးတွေ ဘာကြောင့်နာရတာလဲ ။ ။

ခြေဖဝါးဝါးတော်နုနု သွေးခြည်ဥ မှာစိုးတယ် ဆိုသလိုမျိုး ကိုယ့်ြေခဖဝါးလေးေတွဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဝန်ကို ထမ်းနေရသူလေးပါ။ နေရာအနှံ့ကို သူလေးနဲ့ ပဲလျှောက်သွားနေရတာဆိုတော့ ကိုယ်မသိလိုက်မိလို့ လုပ်လိုက်တဲ့ အပြုအမူတွေကနေ ခြေဖဝါးနာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လို အကြောင်းအရာတွေကြောင့် ခြေဖဝါးနာရတာလဲ ။ ။ လေ့ကျင့်ခန်း ခဏခဏ လုပ်လွန်းတာ၊ အကြာကြီးလုပ်တာ။ ။ လေ့ကျင့်ခန်းလုပ်လွန်းတာကြောင့် ခြေထောက်အသားလေးတွေ ကြေပြီး ခြေဖဝါးနာနိုင်သလို အခန့် မသင့်ရင်လည်း ခြေခေါက်လဲတတ်ပြီး ခြေထောက်မှာ သွေးခြည်ဥသွားတတ်ပါသေးတယ်။ ကိုယ်အလေးချိန်များလွန်းရင်လည်း ခြေထောက်နာတတ်ပါတယ်။ များလှတဲ့ ကိုယ်အလေးချိန်ကြောင့် ဒူးနာတာ အပြင် ခြေဖဝါးလည်းနာတတ်ပါတယ်။ အဆီများတဲ့ အဝလွန်တဲ့သူတွေမှာ ခြေဖဝါးနာတာ ပိုဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အဆီ တစ်ရှူးတွေက ရောင်ရမ်းခြင်းကို ပိုဖြစ်စေတာကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်ကြောင့်လည်း ခြေထောက်နာတတ်ပါတယ်။ ဆေးလိပ်ဟာ အဆုတ်နဲ့ နှလုံးကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း