backup og meta

ရေလမ်းခရီးက သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေလမ်းခရီးက သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲ ။  ။

    ဟိုတလောက ကြားလိုက်မယ်ထင်ပါတယ်။ သင်္ဘောတွေ နစ်ပြီး လူတွေ ပျောက်ကြ၊ သေဆုံးကြတဲ့ သတင်းတစ်ခုပေါ့။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ ကူညီမယ့်သူကလည်း မရှိ၊ ခြေချပြေးစရာ ကုန်းမြေကလည်း မရှိဆိုတော့ ရေလမ်းခရီးက အရမ်းအန္တရာယ်များပါတယ်။ ကား လေယာဉ်တွေနဲ့ သွားရင် ဘာတွေ ပြင်ဆင်သွားရမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာ အားလုံးသိပြီးကြဖြစ်ပေမယ့် အသွားနည်းကြတဲ့ ရေလမ်းခရီးကသွားရင်ရော ကိုယ့်ဘက်က ဘာတွေကြိုပြင်ဆင်သွားရမလဲ ။ သင်္ဘောတွေ မြုပ်ကြ၊ စက်လှေတွေ ရေနစ်ကြတာကလည်း သိပ်မရှားတော့ ရှောင်လွဲလို့ မရဘဲ ရေလမ်းခရီးကနေ သွားရတော့မယ်ဆိုရင် ဒါမျိုးလေးတွေ ပြင်ဆင်သွားစေချင်ပါတယ်။ ။

    ကြို မမြင်နိုင်တဲ့ အရာတွေ အတွက် ပြင်ဆင်ထားရမယ့် အချက်များ ။ ။

    ခရီးဆောင်အိတ်ထဲမှာ

    • ကိုယ့်ခရီးဆောင်အိတ်ထဲမှာ လှိုင်းမူးရင် သောက်ရမယ့် ဆေးတွေ မပါမဖြစ်ဆောင်သွားပါ။
    • အကျီၤကို ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားပါ။ ရေစိုရင်လေးမယ့် အကျီၤတွေမဝတ်ပါနဲ့။ ။
    • ရေလမ်းခရီးသွားမယ်ဆိုမှတော့ ကိုယ်က ေရကူးတတ်ထားဖို့ အရေးကြီးပါတယ်။
    • အရေးပေါ် အဆာပြေစားဖို့ မုန့်ခြောက်တွေလည်း အိတ်ထဲ ဆောင်သွားပါ။ ရေသန့်လည်း ၂ ဘူးလောက်ဆောင်သွားပါ။

    သင်္ဘောပေါ်ရောက်လျှင်

    • သဘောံပေါ် ရောက်ရောက်ချင်း အရေးအကြီးဆုံးကတော့ သက်ကယ်အင်္ကျီဘယ်မှာထားလဲ၊ သက်ကယ်လှေ ဘယ်မှာလဲဆိုတာ အရင်ရှာထားပါ။
    • မတော်လို့ သင်္ဘောနစ်ရင် ဖက်တွယ်ထားရမယ့် ရေပေါ်ေ ပါ်နိုင်တဲ့ ပစ္စည်းတွေ ထားတဲ့နေရာကို ကြိုရှာထားပါ။
    • လှိုင်းအရမ်းကြမ်းရင် သင်္ဘောဝမ်းထဲပဲ ဝင်နေပါ။ မထိခိုက်မိစေဖို့ တန်းတစ်ခုခုကို ကိုင်ထားပါ။

    အရေးပေါ် တစ်ခုခုဖြစ်လာခဲ့ရင်

    • ဥသြဆွဲသံကို သေချာနားထောင်ပါ။ ဥသြအသံ အတို ၇ခု ဆက်တိုက် ဆွဲပြီး အသံရှည်ကြီး ထပ် ဆွဲရင်တော့ ဒါ အရေးပေါ် အခြေအနေဖြစ်နေပြီဆိုတာကို ပြောတာပါ။
    • အရေးပေါ် ဖြစ်နေတာ သေချာသွားပြီဆို ကြောက်စိတ်ကို ဘေးချိတ်ပြီး စိတ်ကို အေးအေးထားပါ။
  • သင်္ဘောဝမ်းအတွင်းပြေးဝင်ပြီး နေမယ့်အစား ကုန်းပတ်ပေါ်မှာ နေပြီး အခြေအနေကို သေချာလေ့လာပါ။
  • မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်များကို ကိုယ်နဲ့ မကွာဆောင်ထားနိုင်ရင် အကောင်းဆုံးပါ။
  • အရေးပေါ် အခြေအနေမှာ ကလေး ၊ လူကြီး၊ အမျိုးသမီးတို့ကို ဦးစားပေး ဂရုစိုက်ပါ။
  • အသက်ကယ်အကျီႌရှိရာဆီ အမြန်သွားပြီး အင်္ကျီကို ဝတ်ပါ။ သက်ကယ် ဘောကွင်းကိုရှာပါ။ တစ်ခြားရေပေါ်ပေါ်နိုင်တဲ့ ပစ္စည်းတွေကိုရှာပါ။
  • စိတ်ထင်ရာ လျှောက်မလုပ်ဘဲ သင်္ဘောသား၊ ကပ္ပတိန်တို့ လမ်းညွှန်မှု အတိုင်း သေချာလိုက်နာပါ။
  • ကိုယ့်ဘေးနားက အဖော်အပေါင်းတို့ကိုလည်း အားပေးပါ။
  • သင်္ဘောစောင်းသွားရင် ကုန်းပတ်ပေါ်ကနေ ပြုတ်ကျသွားနိုင်တဲ့အတွက် တစ်ခုခုကိုကိုင်ထားပါ။
  • ရေအရှိန်နဲ့ ဝင်လာပြီး ကိုယ့်ကို ထိမှန်စေနိုင်တဲ့ ပစ္စည်းတွေကို သတိနဲ့ ရှောင်ပါ။
  • ဒဏ်ရာ တစ်ခုခုရသွားပြီဆိုရင်သွေးထွက်မလွန်စေဖို့သေချာအဝတ်နဲ့ စည်းထားပါ။
  • သင်္ဘောမြုပ်ပြီဆိုရင်

  • သက်ကယ်လှေရေထဲချပြီဆိုတာနဲ့ သက်ကယ်လှေရှိရာဆီ အမြန်သွားပါ။
  • သက်ကယ်လှေ ဆီ မရောက်နိုင်တော့ဘူးဆိုရင် ရေပေါ်ပေါ်နိုင်တဲ့ ပစ္စည်းတစ်ခုခုကို ဖက်တွယ်ထားပြီး ရေထဲခုန်ချပါ။
  • ရေလည်းကူးတတ်တယ် ၊ သက်ကယ်လှေကလည်း မဝေးသေးဘူးဆိုရင် သင်္ဘောမြုပ်တဲ့ နေရာနဲ့ ဝေးလောက်တဲ့ ရေထဲ အမြန်ခုန်ချသွားပြီး သက်ကယ်လှေဆီကူးသွားပါ။ ကိုယ့်လာနေပြီဆိုတာသိဖို့အတွက် အသံထွက်ပြီး အကူအညီတောင်းပါ။
  • သက်ကယ်လှေဆီရောက်သွားပြီဆိုတာနဲ့ အသက်ချက်ချင်းဆုံးရှုံးမယ့် ဘေးကနေ ကင်းဝေသွားပြီမို့ စိတ်ကိုအေးအေးထားပြီး လာရောက်ကယ်ဆယ်မယ့်သူများကို စောင့်ပါ။
  • ဘယ်လောက်ပဲ ရေထဲမမြုပ်ဘူးလို့ ကြွေးကြော်ထားတဲ့ တိုင်တန်းနစ် သင်္ဘောကြီးတောင် ရေထဲနစ်သွားသေးတာပဲ။ ကိုယ့်တွေစီးနေတဲ့ သင်္ဘောလည်း အခန့်မသင့်ရင် တစ်ခုခုဖြစ်သွားနိုင်တဲ့အတွက် ဘယ်ခရီးပဲသွားသွား သတိတစ်လုံးအစဉ်သုံးပြီး ပြင်ဆင်သွားစေချင်ပါတယ်။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement