အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေဖို့

ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်ကြီးအတွက် ခန္ဓါကိုယ်ကျန်းမာဖို့ အရေးပါတဲ့ သိုင်းရွိုက်ဂလင်းလေးအကြောင်းပြောပြပေးချင်ပါတယ်နော်။ သိုင်းရွိုက် ဂလင်းဆိုတာ သိုင်းရွိုက်ဂလင်းဆိုတာက အရေးပါတဲ့ဟော်မုန်းဂလင်းတစ်ခုပါ။ လည်ပင်းရဲ့ အရှေ့ပိုင်း အသံအိုးအောက်ဘက်မှာရှိပြီး လိပ်ပြာပုံစံရှိတဲ့ ဂလင်းတစ်ခုပါ။ ဒီသိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများကောင်းကောင်းလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးနေတာပါ။ သိုင်းရွိုက်ဂလင်းကျန်းမာမှလည်း ခန္ဓါကိုယ်က ကျန်းမာမှာပါ။ ဒီဂလင်းကျန်းမာဖို့အတွက် အစားအသောက်တွေကနေတဆင့် ထိန်းညှိလို့ရပါတယ်။ သိုင်းရွိုက်ဂလင်းက ဘယ်လိုဟော်မုန်းတွေကို ထုတ်ပေးသလဲ သိုင်းဂွိုက်ဂလင်းကဟော်မုန်းအမျိုးအစား ၂ မျိုးကိုထုတ်ပေးနေပါတယ်။ T3 လို့ခေါ်တဲ့Triiodothyronineဟော်မုန်းနဲ့ T4 လို့ခေါ်တဲ့Tetra iodothyronineဟော်မုန်းတို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ပတ်သက်လို့ခံစားရနိုင်တဲ့ အခြေအနေ နှစ်ရပ် Hyperthyroidism ( သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်ခြင်း) Hypothyroidism (သိုင်းရွိုက်ဟော်မုန်း လုံလောက်အောင်မထုတ်ခြင်း) သိုင်းရွိုက်ဂလင်းကျန်းမာအောင် စားပေးသင့်တာတွေက ဥအမျိုးမျိုး - ကြက်ဥအနှစ်မှာ အိုင်အိုဒင်းနဲ့ ဆီလီနီယမ်တို့ပါဝင်နေပြီး အကာမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အနီရောင် အသားများ - အသားတွေမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။ ငါး - ပင်လယ်ငါးတွေမှာ အိုင်အိုဒင်းနဲ့ အကျိုးပြုအဆီတွေပါဝင်နေတာကြောင့် သိုင်းရွိုက်ကျန်းမာဖို့ အထောက်အပံ့ပေးနိုင်မှာပါ။ အစိမ်းရောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲ ဖြစ်ဖြစ် အဆီပိုတွေ ရှိနေရင် ကြည့်မကောင်း ပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေ ရှိနေရင်လည်းကြည့်ရ ဆိုးပါတယ်နော်။ ဒီ အဆီပိုတွေက ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ ဒီတော့ မျက်နှာမှာ အဆီ မတက်ချင်ဘူးဆိုရင် မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။ မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ လိုက်နာပေးသင့်တာလေးတွေ ကတော့ မျက်နှာလေ့ကျင့်ခန်းလုပ်ပါ မျက်နှာ လေ့ကျင့်ခန်း လုပ်တာက အဆီပိုတွေ ဖယ်ရှားပေးပြီး မျက်နှာ အသားအရေကို တင်းရင်းလှပစေ ပါတယ်။ မျက်နှာကို သွယ်လျလှပစေပြီး အရေးအကြောင်း ကင်းစေဖို့လည်း အထောက်အပံ့ပေးမှာ အသေအချာပါ။နေ့စဉ် မျက်နှာ ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးပါ။ ကိုယ်အလေးချိန်ထိန်းပါ မျက်နှာမှာ အဆီတက် လာတာက အရမ်း ဝနေပြီဆိုတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့ အကြိုက်ဆုံး အရောင်က ဘာလဲ ။ ။

လူတိုင်းမှာ သူတို့ ကိုယ်စီကြိုက်တဲ့အရောင်တွေရှိကြပါတယ်။ အဲဒီကိုယ်ကြိုက်တဲ့ အရောင်တွေက ကိုယ့် စိတ်အတွင်းပိုင်းကို လွှမ်းမိုးမှုရှိနေတယ်ဆိုတာ သင်သိပါသလား။ တနည်းပြောရမယ်ဆိုရင် အရောင်တွေ မှာ ကိုယ်ပိုင်စိတ်စွမ်းအားတွေရှိနေပြီး လူတွေကို လွှမ်းမိုးတာမျိုးပေါ့။ ကဲ ဘယ်အလိုအရောင်တွေက ဘာတွေကို ကိုယ်စားပြုလဲ ။ ။ အရောင်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးမှုများ ။ ။ အနီရောင် အားလုံး သိကြတဲ့အတိုင်း အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုတာပါ။ အနီရောင်ကို မြင်လိုက်ပြီဆိုတာနဲ့ ရဲရင့်မှုတွေရှိလာသလိုလိုဖြစ်တတ်ကြပြီး အားအင်ပြည့်ဝမှုကို ခံစားဖူးကြမှာပါ။ ဒါ့အပြင် စိတ်ဆိုးတဲ့အချိန်ဆိုရင် မျက်လုံးထဲမှာ အနီရောင်ကို မြင်တတ်ကြပါတယ်တဲ့။ အစားစားချင်စိတ်ကိုလည်း ဒီအနီရောင်က အများဆုံး လှုံ့ဆော်ပေးတာပါ။ ဒါကြောင့် အနီရောင် ကြိုက်တဲ့သူတွေဟာ ဒေါသလည်း ကြီးတတ်သလို ရဲလည်းရဲရင့်တဲ့သူတွေပါ။ ။ အဝါရောင် လူတော်တော်များများက အဝါရောင်ကို တောက်လွန်းတယ်ဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင် ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။

ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင် ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။ ခုနောက်ပိုင်း လူနေမှုပုံစံတွေဟာ အထိုင်များပြီး စားစရာသောက်စရာတွေကလည်း ပေါများလာတာကြောင့် နောက်ပိုင်းလူတွေကို ကြည့်လိုက်ရင် ကိုယ်ခန္ဓါ အချိုးကျလှပတာထက်နေတဲ့သူတွေက ပိုများနေပါတယ်။ ဒီလို ပူလာတဲ့ ဗိုက်ကိုဘယ်လိုချချ မကျတဲ့သူတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ပူလာတဲ့ ဗိုက်ကို ဘယ်လိုချချ မကျရတဲ့ အကြောင်းအရင်းက ဗိုက်ပြူခင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိတာကြောင့်ပါ။ ဒီတော့ ကိုယ့်ရဲ့ ပူနေတဲ့ ဗိုက်ကိုချဖို့အတွက် ဘယ်လိုကနေစပြီး ဗိုက်ပူလာလဲဆိုတာကိုတော့ သိဖို့လိုတယ်နော်။ ။ ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင် ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။ ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင် ၁ ။ ဗိုက်မှာ အဆီစုခြင်းကိုဖြစ်စေတာက ဘီယာ ဗိုက်ပါ။ ။ ဘီယာတို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ

လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ ဝါသနာတွေဟာ ကိုယ့်ကို ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနေတယ်ဆိုတာ သင်သိပါသလား။ ကဲ ကိုယ့်ရဲ့ စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ က ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရအောင် ။ ။ စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေမယ့် ဝါသနာလေးများ ကတော့ - စာဖတ်ခြင်း ဒါကတော့ အထွေအထူး ပြောနေစရာ မလိုတဲ့အရာတစ်ခုပါ။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတော့ အချိန်ရှိတိုင်း စာအုပ်နဲ့ပဲ အချိန်ဖြုန်းနေတဲ့သူတွေ၊ စာဖတ်ဝါသနာထုံတဲ့သူတွေဟာ သူများတွေထက် အသိဉာဏ်၊ ဗဟုသုတကြွယ်ဝတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတွေးခေါ် ဆင်ခြင်မယ်၊ အသစ်အသစ်သောအရာတွေကို လည်း စာဖတ်ခြင်းကနေ သင်ယူနိုင်တာကြော့င့် စာဖတ်ခြင်းဝါသနာဟာ သင့်ဦးနှောက်ကို ထက်မြက်စေတဲ့ ဝါသနာတစ်ခုပါ။ တရားထိုင်ခြင်း စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ဖို့ အကောင်းဆုံးနည်းဟာ တရားထိုင်ခြင်းက လွဲလို့ အခြားမရှိပါဘူး။ ရှုပ်ထွေးနေတဲ့စိတ်ကို တည်ငြိမ်အောင်၊ […]


အခြေခံကျန်းမာရေး

စားသလောက် ဝမလာရတဲ့အကြောင်းရင်း

အစားများလို့ဝလာတဲ့သူတွေဘက်က ကြည့်ရင် မနာလိုစရာဖြစ်နေပေမယ့် ကိုယ်ဘယ်လောက်စားစား ဝမလာနိုင်တာက စိတ်ကျေနပ်စရာမကောင်းလှပါဘူး။ လူဆိုတာ လှချင်တဲ့အမျိုးမို့ ပိန်လည်းမပိန်၊ ဝလည်းမဝတဲ့ အနေတော်အချိုးအစားလောက်ပဲ လိုချင်ကြမှာသေချာပါတယ်။ ပိန်ပိန်ပါးပါးနဲ့ လှတယ်ဘယ်လောက်ပြောပြောပြည့်ပြည့်လေးတော့(သိပ်မဝတဲ့)ဖြစ်ချင်ကြတာပေါ့။ ယူတို့ ဘာလို့ ဝမလာရတာလဲဆိုတော့ ကယ်လိုရီမတွက်မိတာ အစားတော့စားနေတာပဲ၊ ပိန်နေမြဲ၊ ပိန်နေဆဲပဲဆိုတာက ကိုယ်စားတဲ့အစားအစာတွေထဲမှာ ခွန်အားဖြစ်စေမယ့်အရာတွေနည်းပြီး ကယ်လိုရီအလုံအလောက်မဖြည့်ပေးနိုင်တဲ့အရာတွေများနေတာဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် အသီးအနှံေတွ၊ အသီးအရွက်တွေနဲ့ ဟင်းရည်တွေလိုမျိုး ဝိတ်လျှော့သူတွေစားသင့်တဲ့ပုံစံအတိုင်း ကိုယ်စားမိနေတာလည်းဖြစ်နိုင်တယ်။ ကိုယ့်အနေနဲ့က ကယ်လိုရီများတာတွေ၊ပရိုတင်းများတာတွေကိုပိုစားပေးသင့်တယ်လေ။ ဒါပေမယ့် အဆီများတာ၊အချိုများတွေနဲ့ဝလာတာကိုတော့ရှောင်ပါ။ စားသောက်မှုပုံစံ မပြောင်းလဲတာ အပေါ်မှာပြောခဲ့သလိုမျိုး လွဲမှားနေတဲ့ စားသောက်မှုပုံစံအတိုင်း ဆက်ပြီးသွားတာက ပိန်မြဲပိန်ဆဲအဖြစ်ကိုမွေးမြူနေတာပါပဲ။ ကျန်းမာရေးနဲ့ညီတဲ့ဘောင်အတွင်းမှာ ပုံစံလေးပြောင်းစားပါ။ အာဟာရနဲ့ကျန်းမာရေးကိုလေ့လာလိုက်စားပြီး အာဟာရကြွယ်ဝ၊ကယ်လိုရီများတဲ့ အစားအသောက်တွေကို မှတ်သားပါ။ ပုံမှန် ပလန်ချပြီး စားပါ။ အဆီမပါတဲ့အသား၊ ပင်လယ်စာ၊ ပဲ စတဲ့ အသားဓါတ်ကြွယ်ဝတာတွေကိုလည်း ပိုစားပါ။ ကယ်လိုရီလောင်ကျွမ်းနေတာ စားလိုက်တဲ့ ကယ်လိုရီကို အကုန်ပြန်လောင်ကျွမ်းအောင်လုပ်လိုက်မိတယ်ဆိုပါစို့။ အဆီကျကျစ်လျစ်တဲ့ခန္ဓါကိုယ်ကိုပဲ ပိုင်ဆိုင်ရတော့မှာပေါ့။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

plastic surgery လုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ။ ။

Plastic surgery ဆိုတဲ့ အခေါ်အဝေါ်ဟာ ၂၁ ရာစုမှာ အရမ်းကိုခေတ်စားလာတဲ့ အရာတစ်ခုပါ။ စိတ်တိုင်းမကျတဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်လို့ရလာပြီဆိုတဲ့ နည်းပညာကြီးက နည်းနည်းနောနော အစွမ်းမှ မဟုတ်တာနော်။ ဒါပေမယ့် လောကကြီးမှာ အကောင်းနဲ့ အဆိုး က အမြဲ ဒွန်တွဲနေတာကြောင့် လှပတဲ့ ကောင်းခြင်းတွေကို plastic surgery က ယူဆောင်ပေးသလို သူ့မှာ အခြား ဖြစ်တတ်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါဆို plastic surgery ကြောင့် ရလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေရှိမလဲ ။ Plastic surgery ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ ။ ။ haematoma ( သွေးခြည်ဥြခင်း)- အသားပေါ် ဓါးတင်လိုက်ပြီဆိုတာနဲ့ […]


အခြေခံကျန်းမာရေး

ကိုယ်ခန္ဓာကထွက်တဲ့ အသံတွေအကြောင်း

ဗိုက်ဆာလို့ တဂွီဂွီအော်နေတာတို့၊ လှုပ်လိုက်ရင် အဆစ်တွေက အသံမြည်တာတို့ဖြစ်ဖူးကြတယ်မလား။ ဒီလိုအသံတွေကို ရယ်စရာအဖြစ်ပြောကြပေမယ့် တကယ်တမ်းက ကျန်းမာရေးအတွက် အချက်ပြဘဲလ်သံဖြစ်နေနိုင်တာ မမေ့ပါနဲ့။ ခန္ဓါကိုယ်က ထွက်တဲ့ တချို့အသံတွေမှာ နောက်ကွယ်ကအကြောင်းရင်းခံတွေရှိနေတတ်ပါတယ်။ ဟပ်ချိုး နှာချေတာကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခုပဲပေါ့။ ဗိုင်းရပ်စ်တခုခုကြောင့် ခန္ဓါကိုယ်က တုံု့ပြန်တဲ့လက္ခဏာပါ။ ဘာကိုစိုးရိမ်ရသလဲဆိုတော့ ဓါတ်မတည့်မှုလက္ခဏာမှာလည်း နှာချေတာပါဝင်တာကြောင့် ပေါ့ပေါ့ဆဆနေမိတဲ့အခါ အချိန်မီမကုသနိုင်ဘဲဖြစ်သွားနိုင်ပါတယ်။ နားထဲ အူနေတဲ့အသံ နားထဲမှာ တဝီဝီနဲ့ အူနေတာ၊လေသံတွေကြားနေတာကtinnitus လို့ခေါ်တဲ့နားအူခြင်းလက္ခဏာဖြစ်ပါတယ်။ ရောဂါပိုးဝင်တာ၊ အသက်ကြီးရင့်တာနဲ့ အရမ်းကျယ်လောင်တဲ့အသံတွေကြောင့် အသံလှိုင်းတွေကို ဖော်ဆောင်ပေးတဲ့ နားအတွင်းပိုင်းထဲက ဆဲလ်လေးတွေကိုထိခိုက်စေနိုင်တယ်။ ဒါဟာ အားနည်းလို့၊ အိပ်ရေးပျက်လို့ဖြစ်တာဆိုပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုလက္ခဏာဖြစ်လာတာနှစ်ရက်ထက်ပိုကြာလာရင် နားမှာရောဂါပိုးဝင်တာလား၊ အာရုံကြောပြဿနာရှိနေမလားဆိုတာသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။ လေတက်သံ လေတက်တယ်ဆိုတာ အစာအိမ်ထဲကလေတွေထွက်လာတဲ့အသံပါ။ အံ့သြစရာတော့မရှိဘူး၊လေတွေမျိုချမိလို့ပေါ့ လို့ အစာအိမ်အူလမ်းကြောင်းပညာရှင်တွေကပြောပါတယ်။လေမတက်ချင်ရင်လေလျှော့ပြော(အားရပါးရကြီး စကားသိပ်မများနဲ့)၊ အစာစားရင်ဖြည်းဖြည်းစား၊ ဂက်စ်ပါတဲ့အချိုရည်တွေမသောက်နဲ့ပေါ့။လေတက်တာက ရင်ဘတ်အောင့်တဲ့လက္ခဏာနဲ့တွဲနေတာ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။

ကိုယ့်ရဲ့ လုပ်နေကျ အမူအကျင့်တချို့ဟာ ချက်ချင်းဆို မသိသာပေမယ့် နောက်ပိုင်း အသက်ကြီးလာမှ ကျန်းမာရေးကိုထိခိုက်စေတာတွေ ရှိတတ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာမည် ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ ခုတည်းက ကောင်းတဲ့ နေထိုင်မှုပုံစံတွေကို မွေးမြူထားမှ နောင် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်ပြီး နောင်တတွေ ကင်းတဲ့ ကိုယ် ဖြစ်နေမှာလေ။ ဒီတော့ ဘယ်လို နေထိုင်မှု ပုံစံတွေက နောင် ၁၀ နှစ်ကြာရင် သင့်ကျန်းမာရေးအတွက် နောင်တရစေမှာလဲ။ နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။ နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။ ဘယ်လို အမူအကျင့်တွေလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ

အရပ်မြင့်တဲ့သူတွေက ပုတဲ့သူတွေကို ဂျပုလို့ စကြတယ်၊ အရပ် ပုသူတွေကလည်း မြင့်တဲ့သူတွေကို ဓါတ်တိုင်၊ ထန်းပင် စသည်ဖြင့် ပြန်ခေါ်ကြလေရဲ့။ အရပ် နိမ့်တယ်၊ မြင့်တယ် ဆိုတာ အသွင်အပြင်၊ အလှအပအတွက်ချည်းပဲ ကွာခြားကြတာ မဟုတ်ဘူး ဆိုတာတော့ ဘယ်သူမှ မသိကြဘူးမလား။ ပုတာပဲဖြစ်ဖြစ်၊ ရှည်တာပဲဖြစ်ဖြစ် ကျန်းမာရေးမှာ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်တွေ မတူညီကြပါဘူး။ အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ ဆိုတော့ ကင်ဆာ ပျမ်းမျှ ပုံမှန် အရပ်ထက် နိမ့်တဲ့သူတွေက ကင်ဆာ ရောဂါ တချို့ကို ဖြစ်လာနိုင်တဲ့ အန္တရာယ် ပိုနည်းနိုင်ပါတယ်။ ဥပမာ ဥရောပနဲ့ မြောက်အမေရိကမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း