backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ရဲ့ အကြိုက်ဆုံး အရောင်က ဘာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ရဲ့ အကြိုက်ဆုံး အရောင်က ဘာလဲ ။  ။

လူတိုင်းမှာ သူတို့ ကိုယ်စီကြိုက်တဲ့အရောင်တွေရှိကြပါတယ်။ အဲဒီကိုယ်ကြိုက်တဲ့ အရောင်တွေက ကိုယ့် စိတ်အတွင်းပိုင်းကို လွှမ်းမိုးမှုရှိနေတယ်ဆိုတာ သင်သိပါသလား။ တနည်းပြောရမယ်ဆိုရင် အရောင်တွေ မှာ ကိုယ်ပိုင်စိတ်စွမ်းအားတွေရှိနေပြီး လူတွေကို လွှမ်းမိုးတာမျိုးပေါ့။ ကဲ ဘယ်အလိုအရောင်တွေက ဘာတွေကို ကိုယ်စားပြုလဲ ။ ။

အရောင်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးမှုများ ။ ။

အနီရောင်

အားလုံး သိကြတဲ့အတိုင်း အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုတာပါ။ အနီရောင်ကို မြင်လိုက်ပြီဆိုတာနဲ့ ရဲရင့်မှုတွေရှိလာသလိုလိုဖြစ်တတ်ကြပြီး အားအင်ပြည့်ဝမှုကို ခံစားဖူးကြမှာပါ။ ဒါ့အပြင် စိတ်ဆိုးတဲ့အချိန်ဆိုရင် မျက်လုံးထဲမှာ အနီရောင်ကို မြင်တတ်ကြပါတယ်တဲ့။ အစားစားချင်စိတ်ကိုလည်း ဒီအနီရောင်က အများဆုံး လှုံ့ဆော်ပေးတာပါ။ ဒါကြောင့် အနီရောင် ကြိုက်တဲ့သူတွေဟာ ဒေါသလည်း ကြီးတတ်သလို ရဲလည်းရဲရင့်တဲ့သူတွေပါ။ ။

အဝါရောင်

လူတော်တော်များများက အဝါရောင်ကို တောက်လွန်းတယ်ဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့် နေမင်းရဲ့ တမန်တော်လို့ တင်စားကြတဲ့ ဒီလင်းလက်လွန်းတဲ့ အဝါရောင်လေးဟာ နုနယ်ပျိုမျစ်ခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် အဝါရောင်ဟာ ဦးနှောက်ကို လှုံဆော်ပေးပြီး ဆုံဖြတ်ချက်များကို ရှင်းလင်းစွာချနိုင်ဖို့အတွက်လည်း ကူညီပေးပါသေးတယ်။ ဒါကြောင့် အဝါရောင်ကြိုက်တဲ့သူတွေဟာ ဆုံဖြတ်ချက်ချတဲ့နေရာမှာ ပြတ်သားကြတာဖြစ်ပါတယ်။

အပြာရောင်

ယုံကြည်မှုကို ကိုယ်စားပြုတဲ့ အရောင်ဆိုလို့ အပြာရောင် တစ်ရောင်တည်းရှိတာပါ။ ကောင်းကင်ကြီးနဲ့ ပင်လယ်တို့ရဲ့ ကိုယ်စားပြု အရောင်ဖြစ်တဲ့ အပြာရောင်ဟာ သင့်ဆီကို အေးချမ်းမှုတွေ ယူဆောင်လာပေးမှာ အသေအချာပါ။ အပြာရောင်ဟာ အစားစားချင်စိတ်ကိုလည်း လျော့ကျစေတာကြောင့် သင်ဝိတ်ချေနတယ်ဆိုရင် သင့်ထမင်းစားခန်းကို အပြာရောင် ပန်းကန်ပြားတွေ၊ အပြာရောင်ခုံတွေနဲ့ အလှဆင်လိုက်ပါ။

အစိမ်းရောင်

သဘာဝတရားကြီးရဲ့ အရောင်ဖြစ်တဲ့ အစိမ်းရောင်ဟာ သင့်စိတ်ကို လန်းဆန်းစေတဲ့အပြင့် လုံခြုံမှုကိုလည်း ပေးစွမ်းပါတယ်။ အစိမ်းရောင်ကို ကြည့်လိုက်တာနဲ့တင် အပန်းပြေသွားသလို မျက်စိညောင်းညာခြင်းကိုလည်း ပြေလျော့စေတဲ့ အရောင်တစ်ခုပါ။

အနက်ရောင်။

မဟာဆန်ခြင်း၊ ကြီးကျယ်ခမ်းနာခြင်း၊ ဆွဲဆောင်မှုရှိခြင်းနဲ့ အားလုံးကို သြဇာညောင်းတဲ့ အရောင်တစ်ခုအဖြစ်အားလုံးက သတ်မှတ်ထားကြတာပါ။ ဒါ့အပြင် ကြောက်မက်ဖွယ်ကောင်းခြင်းနဲ့ အမှောင်လောကကို ကိုယ်စားပြုတဲ့ အရောင်တစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် အနက်ရောင်ကြိုက်တဲ့ သူတွေရဲ့ စိတ်ဟာ အလင်းနဲ့ အမှောင်လောက နှစ်ခုလုံးကို တစ်လှည့်စီသွားနေတတ်ပါတယ်။

အဖြူရောင် ။ ။

ငြိမ်းချမ်းခြင်း၊ အရှုံးပေးခြင်း၊ သန့်စင်ခြင်း တရားတို့နဲ့ ပြည့်နေတဲ့ အဖြူရောင်လေးဟာ အနက်ရောင်ရဲ့ ဆန်ကျင်ဘက်အရောင်တစ်ခုပါ။ ဘာအရောင်နဲ့ပဲ ဖြစ်ဖြစ် ပေစွန်းသွားရင်သူပဲ အစွန်းထင်းကျန်ခဲ့တာမို့ အားနွဲ့တဲ့ အရောင်တစ်ခုပါ။

မီးခိုးရောင် ။

အလွမ်းဓာတ်ခံရှိတဲ့သူတွေအတွက်တော့ မီးခိုရောင်ဟာ ရှိရင်းစွဲ အလွမ်းဓာတ်ခံကို ပိုပြီးအားကောင်းစေတဲ့ အရောင်တစ်ခုပါ။ ဒါ့အပြင် မီးခိုးရောင်ကြိုက်တဲ့သူတွေဟာ စိတ်ဓာတ်ကျလွယ်တတ်ပြီး အမြဲ ဝမ်းနည်းနေတတ်တဲ့သူတွေပါတဲ့ ။ ။

ကဲ ဒါတွေကတော့ အရောင်တွေထဲမှာမှ လူတို့ရဲ့ စိတ်ကို အလွှမ်းမိုးနိုင်ဆုံး အရောင်တွေပဲဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုအရောင်ကြိုက်တတ်လဲ။ ပြောထားတဲ့အချက်တွေကတွေကရော ကိုယ်နဲ့ ကိုယ်နဲ့ ကိုက်ညီမှု ရှိရဲ့လား ။ ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement