အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးက လူတိုင်းအတွက် အရမ်းကို အရေးကြီးတဲ့ တန်ဖိုးကြီး ပစ္စည်းလေး တစ်ခုပါ။ သက်ရှိ သတ္တဝါတိုင်းမှာ သွေးရှိ ပါတယ်။ ဒီလို အရေးပါတဲ့ သွေးလေးကို လှူမယ်ဆိုရင် ဘယ်လောက်များ ကုသိုလ် ရလိုက်မလဲနော်။ ဒါပေမယ့် သွေးလှူချင်ပေမယ့် အယူအဆ အမှားတွေကြောင့် သွေးလှူဖို့များ ကြောက်နေလား။ ဒါဆို ဒီဆောင်းပါးလေးက သွေးလှူချင်ရက်နဲ့ ကြောက်စိတ်ကြောင့် သွေးမလှူဖြစ်ဘူး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့ အကြောင်း ပြောပြပေးသွားပါမယ်။ သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့ သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှား အချို့ ကတော့ သွေးလှူတာက အားနည်းစေတယ် သွေးလှူတာကြောင့် ခန္ဓာကိုယ်မှာ အားနည်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ သွေးလှူပြီးရင်တော့ ၂၄ နာရီ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုမှာပါနော်။ […]


အခြေခံကျန်းမာရေး

သွေးလှူသင့်တဲ့အကြောင်းအရင်း

အင်္ကျီလက်ကိုခေါက်တင်ပြီးသွေးလှူလိုက်ပါ။ အရမ်းပီတိဖြစ်စရာကောင်းပါတယ်။ရောဂါအခြေအနေတစ်ခုခုကြောင့်သွေးလိုအပ်နေသူတွေ၊ မတော်တဆမှုတစ်ခုခုကြောင့်သွေးလိုအပ်နေသူတွေကို ကိုယ့်သွေးနဲ့ အသက်ကယ်နိုင်တာကတော်တော်လေး ပီတိဖြစ်စရာကောင်းပါတယ်။သွေးလှူတာက သူများအသက်ကိုကယ်တင်နိုင်လို့ ပီတီဖြစ်ရုံတင်မဟုတ်ပါဘူး။ ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်းကောင်းကျိုးလေးတွေရနိုင်ပါသေးတယ်နော်။ ဘာတွေများဖြစ်မလဲလို့ စိတ်ဝင်စားနေပြီလား ဆက်ဆွေးနွေးလိုက်ရအောင်နော်။ သွေးလှူတာက ကျန်းမာစေနိုင်တယ်လို့ပြောရတဲ့ အကြောင်းအရင်း သွေးလှူတာကသူများအသက်ကိုကယ်ရာရောက်သလို ကိုယ်တိုင်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တော်လေးများပါတယ်။လေ့လာမှုတွေအရတော့သွေးလှူတာကြောင့် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ် သွေးပျစ်တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါ။သွေးတွေကပျစ်လေလေသွေးကြောတွေထဲမှာ စီးဆင်းရခက်လေလေဖြစ်ပြီးသွေးကြောနံရံတွေကဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်လေလေပါ။သွေးတွေပျစ်နေတာကိုဖြေရှင်းပေးနိုင်မယ့် အခြေခံအကျဆုံးသောနည်းလမ်းကတော့သွေးလှူတာပါ။ ဒါတွေတင်မကပါဘူး။သွေးလှူတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းသွားနိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာေတွခံစားရနိုင်ခြေကိုတော်တော်လေးနည်းသွားစေနိုင်ပါတယ်။သွေးလှူတာက ကိုယ်တွင်းက Oxidative Stressတွေကိုဖြေလျော့ပေးနိုင်ပါတယ်။ ကင်ဆြာဖစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ် သွေးလှူလိုက်တဲ့အခါသွေးတွင်းက iron oxidative stressတွေကိုလျော့ကျသွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓါကိုယ်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန်သွေးလှူပေးမယ်ဆိုရင် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာပါ။သွေးလှူတာကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေဖြစ်နိုင်ခြေကိုလျှော့ချနိုင်မှာပါ။     ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ် သွေးလှူတာက ကိုယ်တွင်းကယ်လ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်သွေးလှူတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလိုသွေးတွင်းသံဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့စဉ်စားနေသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါနော်။ ရောဂါရှိ၊မရှိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့ကလည်း လူတွေကို ဆွဲဆောင်တဲ့အရာတွေထဲက တစ်ခုပါ။ အနံ့ဆိုး ကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့လေး ရှိနေမယ်ဆိုရင် သင်ဟာ အများကြားမှာ မျက်နှာ ပွင့်လန်းနေမှာ အသေအချာပါ။ လူတိုင်းမှာ သီးသန့်ကိုယ်နံ့တွေ ရှိတတ်ပြီး များသောအားဖြင့် ဘေးလူသတိထားမိလောက်အောင် မပြင်းတတ်ပါဘူး။ သင်းပျံ့တဲ့ ကိုယ်နံ့မရှိရင်တောင်  အနည်းဆုံးတော့ ကိုယ်နံ့မပြင်းဖို့ လိုတာပေါ့။ ကိုယ်က ကိုယ်နံ့ပြင်းရင် ဒါတွေကို ရှောင်ကြည့်ပါ။ ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ တစ်ခါတလေမှာ ကိုယ်နံ့ဆိုးတာက မျိုးရိုး လိုက်တာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့်နဲ့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေ ကြောင့်လည်း ကိုယ်နံ့ ဆိုးနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းရင် နေ့စဉ်စားတဲ့ အစားအစာတွေထဲကနေ ဒါတွေကို ခဏလောက် ဖယ်ထုတ်ကြည့်ပါ။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးပြုပေမယ့် […]


အခြေခံကျန်းမာရေး

ကဖင်းဓါတ်ကို ရှောင်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရလာမလဲ။ ။

ဒီဆောင်းပါးလေးရဲ့ ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ငါတို့ကို ကဖင်းဓါတ် လုံးဝဖြတ်ခိုင်းတော့မှာ။ ကဖင်းဓါတ်ရဲ့ မကောင်းတဲ့အကြောင်းတွေ တန်းစီပြီးပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကဖင်းဓါတ်ဆိုတာကလည်း လုံးဝကို မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းကြီးကောင်းတဲ့ အထဲမှာလည်း မပါတာကြောင့် ဒီဆောင်းပါးထဲမှာ ကဖင်းဓါတ်ကို ရှောင်ရင် ရနိုင်တဲ့ ကောင်းကျိုးတွေ အကြောင်းပြောပြပေးချင်တာပါ။ ကဖင်းဓါတ်ဆိုတော့ အဓိကက ကော်ဖီနဲ့ အားပြည့်အချိုရည် တွေကို ရှောင်ဖို့ပေါ့ ။ ။ ကဖင်းဓါတ်ကို မမှီဝဲတာကြောင့် ရလာနိုင်တဲ့ ကောင်းကျိုးတွေ ။ ။ စိုးရိမ်ပူပန်မှု လွန်ကဲတာတွေ လျော့ပါးသွားပါလိမ့်မယ် - ကဖင်းဓါတ်က လူကို လန်းဆန်းစေတဲ့ ဓါတ်တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို လန်းဆန်း စေတဲ့ အာနိသင်ကြောင့် သူဟာ လူကိုတက်ကြွစေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ “fight or flight” […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားကြပ်တဲ့ နေရာမှာ ကားမောင်း နေရတဲ့သူတွေ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်နော်

ကားမောင်း တယ်ဆိုတာ လူတချို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်ပြီး တချို့တွေ အတွက်တော့ ကိုယ်အသက်မွေးတဲ့ အလုပ်မဟုတ်ပေမယ့်လည်း မြို့ကြီးပြကြီးရဲ့ ကားကြပ်တဲ့ ဒဏ်ကြောင့် ကားကို အကြာကြီး မမောင်းချင်ဘဲ မောင်းနေရတဲ့သူတွေရှိပါတယ်။ ဒီလို ကားကို အကြာကြီးမောင်းတာဟာ သင့်ကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ယိုယွင်းလာစေတယ်ဆိုတာ သင်သိပါသလား။ ၁ ရက်၂ ရက် ဆိုကိစ္စမရှိပေမယ့် နေ့စဉ် ရက်ဆက်ကျတော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အပိုင်းတွေရှိလာတာပေါ့။ အဲဒါတွေက ဘာတွေလဲ။ အချိန်အကြာကြီး ကားမောင်း တာကြောင့် ထိခိုက်လာမယ့် သင့်ကျန်းမာရေး အခြေအနေ ကားထဲမှာ တစ်ချိန်လုံ အကြာကြီးထိုင်နေရတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ဆိုတာ သင့်နဲ့ အဝေးကြီးမှာပါ ။ လူတိုင်း ကိုယ်လက်လှုပ်ရှားမှုရဲ့ အရေးကြီးပုံကို သိကြမှာပါ။ ဒါပေမယ့် ဒီလို ကိုယ်လက်လှုပ်ရှားမှုကို မရှိတဲ့ […]


ကျန်းမာရေး သတင်းများ

ဇင့်ဓါတ် ချို့တဲ့ရင်လည်း သွေးတိုးနိုင်တယ်

ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါကြားမှာ ဆက်နွှယ်မှုရှိနေတာကိုသုတေသနလေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကသွေးတိုးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ရှိနေသူတွေအတွက် ကြိုတင်ကာကွယ်နိုင်မယ့်လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ အဖြစ်များဆုံးကျန်းမာရေးပြဿနာတွေထဲပါဝင်နေတဲ့သွေးတိုးရောဂါဟာ ဇင့်ဓါတ်မလုံလောက်မှုနဲ့ဆက်နွှယ်နေတယ်ဆိုတာကို သုတေသီတွေက မကြာသေးခင်နှစ်တွေအတွင်းမှာ တွေ့ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်သွေးတိုးဖြစ်စေတဲ့အထဲမှာ ဇင့်ရဲ့အခန်းကဏ္ဍကို အတိအကျမထောက်ပြနိုင်ခဲ့ပါဘူး။ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါလိုမျိုးရောဂါတွေရှိတဲ့သူတွေဟာ ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါရှိတာများပါတယ်။ ကြွက်တွေကိုလေ့လာတဲ့အခါမှာတော့သွေးထဲမှာ ဇင့်ဓါတ်နည်းလာတာနဲ့ အငန်နည်းနည်းစားရုံနဲ့သွေးဖိအားမြင့်တက်စေတာတွေ့ရတာပါ။ မကြာသေးခင်က သုတေသနမှာ ဒီထက်ပိုတဲ့တွေ့ရှိမှုကိုAmerican Journal of Physiology–Renal Physiologyမှာဖော်ပြခဲ့ပါတယ်။ ကျောက်ကပ်နဲ့ သွေးတိုး သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ဆိုဒီယမ်စုပ်ယူမှုက အဓိကအရေးပါပါတယ်။ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တစ်ခုက ဆီးဖြစ်တော့မယ့် အရည်တွေထဲကနေ ဆိုဒီယမ်ကိုပြန်စုပ်ယူပြီး ခန္ဓါကိုယ်ထဲပြန်ပို့ပေးတာဖြစ်ပါတယ်။ အများအားဖြင့် ဆီးထဲမှာ ဆိုဒီယမ်နည်းနေပြီဆိုသွေးဖိအားမြင့်တက်ပါတယ်။ တကယ်တော့ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲပြန်ရောက်လာတဲ့ ဆိုဒီယမ်တွေများလာစေပြီး ဆီးကနေစွန့်ထုတ်တာနည်းမယ်၊သွေးတိုးတက်မယ်၊ ဒါပါပဲ။ သည်လိုလုပ်ဆောင်ချက်ပြောင်းလဲစေဖို့ပေါင်းစပ်လှုပ်ရှားစေတဲ့ ပရိုတင်းတွေအများကြီးရှိပါတယ်။ အင်ဇိုင်းတွေအပါအဝင် ပရိုတင်းအမျိုးအစားများစွာကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဇင့်ဓါတ်ဟာ ဒီအချက်မှာ လှုံ့ဆော်လုပ်ဆောင်ပေးတဲ့အရာတစ်ခုဖြစ်နေပါတယ်။ ဇင့်နဲ့ သွေးတိုး ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး သုတေသနပြုလုပ်တဲ့အခါ တစ်စုကို ဇင့်ဓါတ်မပြည့်ဝတဲ့အစားအစာကျွေးတော့ သွေးဖိအားမြင့်တာတွေ့ရပြီး ဇင့်ဓါတ်အာဟာရတွေပြန်ဖြည့်လိုက်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူလျှပ် အန္တရာယ်ဒီလိုကာကွယ်ကြမယ်

စက်မှုလုပ်ငန်းတွေ တိုးတက်လာတာရဲ့ တစ်ဖက်မှာ ကမ္ဘာကြီးက တစ်နှစ်ထက်တစ်နှစ် အပူချိန်တွေတိုးလို့ ရေခဲမြစ်တွေ အရည်ပျော်ကျနေပါပြီ။ ပူပြင်းလာတဲ့ အပူချိန်ကြောင့် နွေတာရှည်လာပြီး ဆောင်းနဲ့ မိုးကာလတွေက တိုတောင်းလာနေပါတယ်။ ဒီအချိန်မှာ အပူချိန်ကို မဖြစ်မနေအံတုဖို့ ပြင်ဆင်ထားရုံကလွဲလို့ ဘာမှမတတ်သာတော့ပါဘူး။ ပူပြင်းတဲ့ နွေရာသီမှာ ခြောက်သွေ့မှုနဲ့အတူ ရောဂါတွေကလည်း အစုံအလင်ကို ပါလာတတ်တာပါ။ ဒီရောဂါတွေထဲမှာ အဖြစ်အများဆုံးက အပူလျှပ် တာပါ။ ကဲ Hello ဆရာဝန်ပရိသတ်ကြီးရော အပူလျှပ်တာကို ဘယ်လိုများကာကွယ်မလဲ။ ဒီဆောင်းပါးလေးဖတ်ရင်း အပူလျှပ်တာကို အတူတူ ကာကွယ်ကြရအောင်လေနော်။ အပူလျှပ် ခြင်း အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန် အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်တဲ့အခါမျိုးမှာ တွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Titanic ဇာတ်ကားထဲက မင်းသားက ဘယ်လိုပုံစံနဲ့ သေသွားတာပါလိမ့် ။ ။

တိုက်တန်းနစ်ကားကို လူတိုင်းကြည့်ဖူးကြမှာပါ။ အဲဒီကားထဲက မင်းသားက ရေခဲပင်လယ်ကြီးထဲမှာ အေးခဲပြီး သေသွားတာကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ မင်းသားက အေးနေတဲ့ ရေခဲပင်လယ်ထဲမှာ သေသွားဆိုတော့ ဒီလို ရေခဲမှတ်ကို ရောက်နေတဲ့ အအေးဓာတ်က အသက်ဆုံးရှုံးရလောက်တဲ့အထိ ဘယ်လို ပြဿနာတွေကို ဖြစ်စေလဲဆိုတာ အားလုံး တွေးမိကြရဲ့လား ။ ။ ခိုက်ခိုက်တုန်အောင် အေးတဲ့ အအေးက သင့်ကို ဘယ်လို အသက်ဆုံးရှုံးစေတာလဲ ။ ။ ကိုယ်ခန္ဓာမှာတော့ အပြင်က အအေးဓာတ်ကို ခံနိုင်ရည်ရှိအောင် တန်ပြန်တဲ့ စနစ်ရှိပေမယ့် ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ စကားလေးကလည်းရှိတယ်မလား ။ ရှိတာမှ ဒီကိုယ်ခန္ဓာတစ်ခုတည်း အပြင်က ပတ်ဝန်းကျင်ကြီးက အကျယ်ကြီးလေနော်။ ဒီတော့ ရေခဲလောက်တဲ့ အအေးဓာတ်ကို ကိုယ်ခန္ဓါက အကြာကြီး ဘယ်တောင့်ခံနိုင်ပါ့မလဲနော်။ ဒီဆောင်းပါးလေးထဲမှာတော့ ခြေဖျားလက်ဖျားတွေ အေးတဲ့ အချိန်ကစလို့ နောက်ဆုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာ သွေးကြောလေးတွေ ရှိနေပါတယ်။ ဒီသွေးကြောလေးတွေကို ကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ခေါင်းဦးရေပြားကို နှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနော်။ ခေါင်းဦးရေပြားကို နှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။ သွေးတိုးကျစေနိုင်တယ် သွေးတိုးရောဂါက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခံစားနေရတဲ့ရောဂါတစ်ခုပါ။ သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။ သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။ အိပ်မပျော်တာကို သက်သာစေနိုင်တယ် အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှု ကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှု […]


ရောဂါလက္ခဏာများ

အသားတွေယားတာက သတိပေးလက္ခဏာဖြစ်နေနိုင်ပါတယ်

အသားတွေ ယားတယ်။ မသန့်တာ တစ်ခုခုနဲ့ ထိမိပြီ ထင်တယ်။ တစ်ချိန်လုံး ကုတ်နေရတယ်။ မတည့်တာများ စားမိလို့ လားလို့ တွေးနေတာလား။ အသားယားတာက လူတိုင်း ကြုံရနိုင်တဲ့ ပြဿနာ တစ်ခုပါ။ ရာသီဥတု အေးမြခြောက်သွေ့မှုကြောင့် အသားယား နိုင်သလို ပိုးကောင် တစ်ကောင်ကောင် ကိုက်ခံရတာကြောင့်လည်း အသားယား နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အသားတွေယားတာက သာမန် ခပ်ပေါ့ပေါ့ တွေးလို့မရတဲ့ အခြေအနေ တစ်ခုပါ။ ရာသီဥတုကြောင့်လည်း မဟုတ်ဘဲ အသားတွေက ယားနေတာ ဖြစ်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နေနိုင်ပါတယ်။ သတိပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အသားတွေယားတာက ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာတွေလေလား အသားတွေယားတာက ဒီပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါ ကျောက်ကပ်ရောဂါ ခံစားရတဲ့အခါ အရေပြား ယားယံတာကို ကြုံရနိုင်ပါတယ်။ ကျောက်ကပ်က သွေးတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း