backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲ ဖြစ်ဖြစ် အဆီပိုတွေ ရှိနေရင် ကြည့်မကောင်း ပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေ ရှိနေရင်လည်းကြည့်ရ ဆိုးပါတယ်နော်။ ဒီ အဆီပိုတွေက ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ ဒီတော့ မျက်နှာမှာ အဆီ မတက်ချင်ဘူးဆိုရင် မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ လိုက်နာပေးသင့်တာလေးတွေ ကတော့

မျက်နှာလေ့ကျင့်ခန်းလုပ်ပါ

မျက်နှာ လေ့ကျင့်ခန်း လုပ်တာက အဆီပိုတွေ ဖယ်ရှားပေးပြီး မျက်နှာ အသားအရေကို တင်းရင်းလှပစေ ပါတယ်။ မျက်နှာကို သွယ်လျလှပစေပြီး အရေးအကြောင်း ကင်းစေဖို့လည်း အထောက်အပံ့ပေးမှာ အသေအချာပါ။နေ့စဉ် မျက်နှာ ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးပါ။

ကိုယ်အလေးချိန်ထိန်းပါ

မျက်နှာမှာ အဆီတက် လာတာက အရမ်း ဝနေပြီဆိုတဲ့ ပြယုဂ်တစ်ခုပါ။ ဒါကြောင့်နေ့စဉ် ပုံမှန် ခန္ဓါကိုယ် ကျစ်လျစ်စေမယ့် လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာပေါ်မှာ အဆီပိုတွေ မရှိအောင် လုပ်ဆောင်ပေးပါ။ တစ်ပတ်တာမှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀ လောက် အထိ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။

ရေသောက်တာက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ မျက်နှာ အဆီတွေ ဖယ်ရှားဖို့ အတွက်လည်း အထောက်အပံ့ ဖြစ်စေတဲ့ နည်းလမ်းကောင်း တစ်ခုပေါ့။ ရေသောက်တာက အစားတွေအများကြီးမစားမိအောင်ကာကွယ်ပေးပြီး အဆီပိုတွေဖြစ်မလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းကောင်းလည်ပတ်စေပြီး အဆီပိုတွေကိုလောင်ကျွမ်းစေဖို့ အားပေးပါတယ်။
အရက်သောက်သုံးမှုက မျက်နှာအဆီတွေကိုစုစေပြီး မျက်နှာအမ်းတာကိုဖြစ်စေနိုင်ပါတယ်။ အရက်သောက်သုံးမှုက ကိုယ်အလေးချိန်တက်လာစေဖို့လည်း အထောက်အပံ့ပေးနေပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အရက်အလွန်ဆုံး ၂ ခွက်လောက်ပဲသောက်သင့်ပါတယ်။ အမျိုးသမီးတွေကတော့ တစ်ခွက်လောက်ပဲသောက်သင့်ပါတယ်။ တတ်နိုင်ရင်တော့ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ဖို့ပြောပါရစေ။ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက မျက်နှာမှာရော ခန္ဓါကိုယ်မှာပါ အဆီတွေစုစေဖို့ အားပေးနေလို့ပါ။

ကွတ်ကီးတွေ၊ ခရက်ကာ နဲ့ အခြားသောကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေက ကိုယ်အလေးချိန်တက်စေနိုင်သလို အဆီတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာ နဲ့ ခန္ဓါကိုယ်မှာ အဆီမစုစေချင်ရင် ကာဗိုဟိုက်ဒရိတ်အများကြီးမစားမိဖို့ သတိပြုပါ။ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို အဓိကထားစားသုံးပေးပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝတာက ကိုယ်အလေးချိန်ကျစေဖို့တော်တော်လေးအထောက်အကူ ပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ညစဉ် ၇ နာရီ ကနေ ၈နာရီအတွင်း အိပ်စက်ချိန်ရှိစေဖို့ ဂရုစိုက်ပါ။ အိပ်ရေးပျက်တာများလေလေကော်တီစောဟော်မုန်းပမာဏတိုးလာပြီး ဝိတ်တက်စေနိုင်ပါတယ်။ အဆီပိုတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်နော်။

ားလျှော့စားပါ
ဆားစားသုံးမှုပမာဏကလည်း မျက်နှာ အဆီဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။ ဆားစားသုံးမှုများလေလေ မျက်နှာပေါ်မှာအရည်စုပုံမှုဖြစ်ပြီး မျက်နှာရောင်ရမ်းနိုင်သလို ဝိတ်တက်ဖို့အားပေးနေပါတယ်။ ဒါကြောင့် မျက်နှာလေးသွယ်လျလှပချင်တယ်ဆိုရင် ဆားကိုလျှော့စားပါ။
အိပ်ရာဝင်ခါနီး အစားမစားပါနဲ့
အိပ်ရာဝင်ခါနီးမှာ အစားတွေအများကြီးစားတာမျိုး မလုပ်ပါနဲ့။ ဒါကမျက်နှာမှာအဆီကပ်စေနိုင်သလို ဝိတ်တက်စေဖို့အားပေးရာရောက်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ၃ နာရီ ၄ နာရီအလိုလောက်ကစလို့ ဘာမှမစားပါနဲ့။
အဆီကင်းပြီး သွယ်လျလှပတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ ဒီအချက်လေးတွေကို အတူတူလုပ်ကြည့်ရအောင်နော်…….

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement