အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

အိုင်အိုဒင်းချို့တဲ့နေရင် ဒီလက္ခဏာတွေဖြစ်နေနိုင်ပါတယ်

အိုင်အိုဒင်းဓါတ်ဆိုတာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်တဲ့ သတ္တုဓါတ်တစ်မျိုးပါ။ သိုင်းရွိုက်ဂလင်းတွေကဟော်မုန်းထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်းကိုအသုံးပြုကြပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေက ဖွံ့ဖြိုးကြီးထွားမှုအပေါ်သက်ရောက်နိုင်သလို ထိခိုက်ပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးနိုင်တယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးပြုတယ်။ ဒီလိုအရေးပါတဲ့အိုင်အိုဒင်းဓါတ်ကို ခန္ဓါကိုယ်ထဲမှာချို့တဲ့နေမယ်ဆိုရင် ကျန်းမာရေးမှာပြဿနာတွေရှိလာနိုင်တယ်။ ဒီလိုချို့တဲ့နိုင်တဲ့အန္တရာယ်က ဒီလူတွေမှာ ပိုများပါတယ် - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ နယူးဇီလန်၊ ဥရောပနိုင်ငံတွေလို မြေဆီလွှာမှာ အိုင်အိုဒင်းနည်းပါးတဲ့နေရာတွေမှာနေထိုင်သူတွေ၊ အိုင်အိုဒင်းဆား မသုံးသူတွေ၊ သက်သတ်လွတ်စားသူတွေဖြစ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့တာက သိုင်းရွိုက်ဟော်မုန်းနည်းရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေထုတ်ပေးဖို့အတွက် အိုင်အိုဒင်းကိုသုံးရတာမို့ အိုင်အိုဒင်းချို့တဲ့တဲ့အခါဟော်မုန်းနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ အများအားဖြင့်တွေ့ရတတ်တဲ့ သိသာထင်ရှားတဲ့လက္ခဏာတွေကတော့ - (၁) ကိုယ်အလေးချိန်တိုးလာတာ လူတစ်ယောက်မှာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကောင်းမွန်တယ်ဆိုရင် ခွန်အားဖြစ်လာဖို့ ကယ်လိုရီတွေလောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့Hypothyroidism ဆိုရင်တော့ ဇီဝဖြစ်စဉ်ကိုနှေးကွေးစေတာဖြစ်ပါတယ်။ ဒီလိုနှေးကွေးတဲ့အခါ ကယ်လိုရီတွေကို အဆီအဖြစ်ကျန်ရစ်စေလို့ ကိုယ်အလေးချိန်ကိုတိုးစေပါတယ်။ (၂) အားမရှိသလို ခံစားရတာ အိုင်အိုဒင်းချို့တဲ့သူတစ်ယောက်က အားမရှိသလိုခံစားနေရနိုင်ပါတယ်။ အရင်က အလွယ်တကူ မ နိုင်နေတဲ့အရာဝတ္တုတွေကိုတောင် မ ရတာလေးလံသလိုခံစားနေရတာမျိုး။ ကယ်လိုရီလောင်ကျွမ်းမှုအားနည်းလာတဲ့အခါ ခွန်အားနည်းလာပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Botox ထိုးတာ အသားအရေတစ်ခုတည်းအတွက်ပဲ ကောင်းကျိုးရှိတာ မဟုတ်ဘူးနော် ။ ။

သက်လတ်ပိုင်း သက်ကြီးပိုင်း မမ တီတီတို့ကြားထဲမှာ ခေတ်စားနေတဲ့ Botox ထိုးတယ်ဆိုတာ လျော့ရဲနေတဲ့အသားအရေ၊ ထင်းနေတဲ့ အရေးအကြောင်းတွေကို ပြန်ပြီးတင်းရင်းအောင်လုပ်ပေးတဲ့ procedure တစ်ခုပါ။ ခုမှသာ ခေတ်စားလာပေမယ့် တကယ်တော့ ရှေးခတ်တည်းက botoxဆိုတာ ရှိခဲ့ပါတယ်။ Botox ဆိုတာ Clostridium Botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်ထားတာဖြစ်ပြီး ကြွက်သားနာကျင်တင်းရင်းခြင်းကို ကုသတဲ့နေရာမှာ အရင်တုန်းက သုံးခဲ့ကြပါတယ်။ ခုနောက်ပိုင်းမှ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေနဲ့အတူ Botox ကို အရေးအကြောင်းပျောက်ဖို့ အသားအရေလှဖို့တင်းရင်းဖို့အတွက် သုံးလာကြတာဖြစ်ပါတယ်။ ဒီတော့ ရှေးခေတ်တည်းက သုံးခဲ့တဲ့botox မှာ ဘယ်လို အကျိုးကျေးဇူးတွေမှာ ရှိသေးလဲ။ Botox ကို သုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ( ၁ ) အရေးအကြောင်း တွေကို သက်သာစေပါတယ်၊ ဒါကတော့ လူတိုင်း သိပြီးသားပါ။ […]


အခြေခံကျန်းမာရေး

အသားစယူ စစ်ဆေးခြင်း(Biopsy) နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

Biopsy လုပ်ရမယ်လို့ဆေးခန်းကပြောတယ်။ လူနာအနေနဲ့တော့ကြောက်စိတ်ကအရင်ဝင်လာမှာပဲ။ ငါများ ကင်ဆာဖြစ်နေပြီလား၊ အသားစယူမယ်ဆို ဘယ်လိုမျိုးလုပ်မှာလဲမသိဘူး၊ နာမှာလား၊ ရလဒ်ကရောကောင်းပါ့မလား စတဲ့ ရင်တုန်စရာအတွေးတွေဖြစ်လာတတ်တာ အနည်းနဲ့အများပါပဲ။ Biopsy ဆိုတာ ဘာလဲ အသားစယူစစ်ဆေးခြင်း(Biopsy)ဆိုတာရောဂါလက္ခဏာတွေကို စစ်ဆေးပေးတဲ့ စမ်းသပ်မှုတစ်ခုပါ။ ပုံမှန်မဟုတ်ဘူးလို့ ဆရာဝန်တွေက သံသယရှိတဲ့အစိတ်အပိုင်းက တစ်ရှူး သို့မဟုတ် ဆဲလ်နမူနာကို ဓါတ်ခွဲခန်းမှာစစ်ဆေးအဖြေရှာတာဖြစ်ပါတယ်။ ဒါစစ်ဆေးရတိုင်း ကင်ဆာမဖြစ်ပါဘူး။ နမူနာကို ဓါတ်ခွဲခန်းပို့ပြီး အဖြေထွက်လာမှ သိရတာဖြစ်လို့ အရင်ဆုံးကြောက်စိတ်ကိုဖြေသင့်ပါတယ်။ ဘယ်လိုပြင်ဆင်ရမလဲ ဘာတွေလုပ်ရမယ်၊ရှောင်ရမယ်ဆိုတာ ဆရာဝန်က လိုအပ်တာမှာထားမှာပါ။Biopsy မလုပ်ခင် ဆရာဝန်ညွှန်ကြားထားတာတွေကို လိုက်နာပါ။ ဥပမာ စစ်ဆေးမှုမတိုင်ခင် နာရီအပိုင်းအခြားတစ်ခုအတွင်း မစားဖို့၊ မသောက်ဖို့၊ သွေးကျဲဆေး၊ အက်စပရင်တို့လိုဆေးဝါးတွေမသောက်ဖို့လိုတာမျိုး။ စစ်ပြီးရင်ရော အသားစယူတဲ့ဧရိယာက ရက်အနည်းငယ်အတွင်း နာနေတာ၊ တမျိုးဖြစ်နေတာရှိနိုင်ပေမယ့် လိုအပ်မယ့်အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ကပေးလိုက်မှာပါ။ ပလာစတာကို ဘယ်လောက်ကြာကြာကပ်ထားရမလဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။ စစ်ဆေးမှုအဖြေထွက်ရင် Biopsy စစ်ဆေးမှုတချို့ကို ရလဒ်မြန်မြန်သိရနိုင်ပေမယ့် တချို့ကျတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

မနက်ဖြန် သဘက်ခါလောက်ဆိုရင်ပဲ ကိုယ်က လေကြောင်းနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပကို နာရီပေါင်းများစွာ စီးနင်းလိုက်ပါရတော့မယ်၊ ဒါကလည်း ကိုယ့်ရဲ့ ပထမဆုံးအကြိမ် လေကြောင်းခရီးစဉ်ဖြစ်မယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်လှုပ်ရှားနေမိမှာပါ။ အထူးသဖြင့် ကားမူးတတ်တဲ့ရောဂါရှိတဲ့သူတွေဆိုရင် ပိုဆိုးမှာပေါ့။ ဒီလိုမဖြစ်ရလေအောင် ကျန်းမာရေးရှုထောင့်ကနေ ဦးစားပေးပြီး လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်ခင်ဗျ။ လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတော့- ၁။ ကိုယ်သွားရမယ့် နိုင်ငံအကြောင်း လေ့လာပါ။ ကိုယ်က ပူနွေးစိုစွတ်တဲ့ နိုင်ငံကို သွားမှာလား၊ ဒါဆိုရင်တော့ အင်္ကျီချည်သား အပါးလေးတွေ၊ စွပ်ကျယ်၊ ချိုင်းပြတ်အကျီ၊ ဘောင်းဘီတိုတွေကို များများထည့်သွားသင့်ပါတယ်။ ဦးထုပ်ကတော့ ထည့်သွားလို့လည်း အဆင်ပြေပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ နိုင်ငံဆိုရင်တော့ အနွေးထည်၊ မာဖလာ၊ ကုတ်၊ ဂျာကင်စတာတွေကို အဓိကထည့်သွားပါ။ ၂။ အချိန်ကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။ ။

လေ့ကျင့်ခန်းလုပ်လည်းမကျ အစားအသောက်နဲ့ထိန်းလည်းမရတဲ့ ကိုယ်ပေါ်က အဆီ တွေကို စုပ်ထုတ်ပစ်ဖို့ စဉ်းစားနေပြီလား။ ခုနောက်ပိုင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းလေးကလည်း လူပြောများ ခေတ်စားလာတယ်ပြီး စိတ်ဝင်စားတဲ့သူတွေလည်း များလာတယ်လေ။ အဲဒီ စိတ်ဝင်စားတဲ့အထဲမှာ ကိုယ်လည်းပါနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။ အဆီစုပ်ထုတ်တယ်ဆိုတာ ဘယ်လိုများလဲ ။ ။ ဆေးပညာအရ အဆီစုပ်ထုတ်တယ်ဆိုတာကို Liposuction လို့ခေါ်ပြီး အစားလျှော့ လေ့ကျင့်ခန်းလုပ်တာတောင် မကျနိုင်တဲ့ အဆီတွေကို ဖယ်ရှားတဲ့ cosmetic procedure( အလှအပ ဆိုင်ရာနည်းပညာ) တစ်ခုပါ။ Liposuction လုပ်မယ့်သူတစ်ယောက်အနေနဲ့ ဘာတွေရှိသင့်လဲ။ Liposuction ဆိုတာ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် ခွဲစိတ်မှုဒဏ်ကိုခံနိုင်မယ့်သူဖြစ်ဖို့လိုပါတယ်။ ဒီတော့ liposuction လုပ်တဲ့သူဟာ ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းအတွင်းမှာရှိရမယ် အသားအရေကလည်း ကျုံ့နိုင် ဆန့်နိုင်အားကောင်းတဲ့ အခြေအနေမှာရှိနေသင့်ပြီးူ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

အကြောအခြင်တွေပြေဖို့ဆိုပြီး Spaတွေ၊ အကြောပြေစင်တာတွေသွားကြတယ်မဟုတ်လား။ အဲဒီမှာ တစ်နာရီလောက် အနားယူဖြေလျှော့လိုက်တာက နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကိုလည်းလျော့ပါးစေနိုင်တာလည်းပါတာပေါ့လေ။ ဒါပေမယ့် အမြဲသွားလို့တော့ အဆင်မပြေနိုင်ဘူးလေ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို နှိပ်နယ်လို့ရတဲ့ အလွယ်နည်းလေးတွေသိထားရင် အချိန်မရွေးသက်သောင့်သက်သာဖြစ်စေနိုင်တာပေါ့။ နှိပ်နယ်နည်းတွေ အများကြီးရှိတဲ့အထဲကမှ အလွယ်ကူဆုံးလေးတွေကို ရွေးပေးထားတာနော်။ ဒီလိုအကျိုးကျေးဇူးရှိမှန်းမသိဘဲ ကိုယ်လုပ်နေကျအမူအကျင့်လေးတွေတောင်ဖြစ်နေနိုင်ပါသေးတယ်။ အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း (၁) မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်သီးဆုပ်နဲ့ ဖွဖွနှိပ်ပါ လက်သီးဆုပ်ကို သုံးပြီး ခန္ဓာကိုယ်နောက်ခြမ်းတစ်ခုလုံးကို လက်မောင်းကစပြီး အထက်ကနေအောက်ကို ခပ်ဖွဖွထုပါ။ ခပ်ဆတ်ဆတ်လေးပါပဲ၊ အားသိပ်မသုံးနဲ့နော်။ ဒီလိုလုပ်ခြင်းအားဖြင့် ကြွက်သားနဲ့အရိုးကို သန်မာစေပြီးသွေးလည်ပတ်မှုကောင်းစေတယ်၊ အာရုံကြောအစွန်တွေကို ပြေလျော့စေတယ်။ ဒါပေမယ့် ကိုယ်က သွေးကျဲဆေးသောက်နေရတဲ့သူတွေဆိုရင်တော့ အားနဲ့ ထုတာမျိုး မလုပ်သင့်ပါဘူး။ (၂) အစာစားပြီး ဗိုက်ကိုပွတ်ပါ ဒါကတော့ ကလေးလေးတည်းကတောင် လူတိုင်းလိုလို လုပ်မိတတ်ကြတဲ့ အကျင့်လေးတစ်ခုပါ။ စားချင်ရာစားပြီးလို့ ဗိုက်ကားနေပြီဆို […]


ရောဂါလက္ခဏာများ

အသက်ရှူကျပ်ခြင်းကို ဖြစ်စေမယ်လို့ လုံးဝကို မထင်မှတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာစေမယ့်နည်းတွေ။

အသက်ရှုရကျပ်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူရခက်တာ စတဲ့ ပြဿနာတွေကို ကောင်းကောင်းသိတာ အဆုတ်ရောဂါသည်တွေနဲ့ နှလုံးရောဂါသည်တွေပါ။ ဒါပေမယ့် သူတို့ မဟုတ်ဘဲ အခြား ထင်မှတ်စရာ မရှိတဲ့ ကျန်းမာရေးအခြေအနေတချို့ကလည်း အသက်ရှူရကျပ်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကိုယ့်မှာ အဆုတ်နဲ့ နှလုံးရောဂါလည်း မရှိပါဘဲနဲ့ အသက်ရှိုက်ရှူတာတောင် မဝသလိုဖြစ်နေရတာ ဘာ့ကြောင့်လဲ။ ကြည့်လိုက်ရင် မဆက်စပ်သလိုလိုနဲ့ အသက်ရှူရကျပ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ။ ( ၁ ) သွေးအားနည်းခြင်း ။ ကိုယ်တွင်းက ကလီစာတွေဆီကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးနေတဲ့တာဝန်ကို အဓိကယူရတဲ့ သွေးနီဥဆဲလ် လေးတွေ နည်းသွားတဲ့အခါ ၊ အောက်ဆီဂျင်တွေ သွေးနီဥဆဲလ်တွေဆီကပ်နေအောင် တာဝန်ယူပေးရတဲ့ သံဓါတ်နည်းတဲ့အခါ( သံဓါတ်ချို့တဲ့ သွေးအားနည်းခြင်း) မျိုးတွေမှာ အသက်ရှူရကျပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာချင်ရင်တော့ သံဓါတ်များတဲ့ အစားအစာတွေ၊ သွေးအားဖြည့်ပေးမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

လူကြီး တော်တော်များများ ကတော့ ဒီလို အပြုအမူကို ဘာသာရေးအရ၊ လူမျိုးရေးအရ ရှက်စရာ ကောင်းတယ်၊ မလုပ်သင့်ဘူးလို့ မြင်တတ်ကြပေမယ့် ကျန်းမာရေးအရတော့ ဒါသည် လူတိုင်းလုပ်နေကျ ပုံမှန်အပြုအမူတစ်ခုပါပဲ။ ဒါပေမယ့်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို နေ့စဉ်ရက်ဆက် ဘာမှမလုပ်ဘဲ အပြာရုပ်ရှင် မကြည့်ရမနေနိုင်တာ၊ လွန်လွန်ကျူးကျူး အာသာဖြေတတ်တယ်ဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။ ခုဆောင်းပါးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း နဲ့ လိင်ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အပြာရုပ်ရှင်တွေကို ဘယ်အရွယ်တွေမှာ အများဆုံးကြည့်ကြလဲ။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး အပြာရုပ်ရှင်ကြည့်ကြပါတယ်။ အထူးသဖြင့် လူပျို၊ အပျိုဖြစ်ကာစအရွယ်၊ လိင်မှုကိစ္စဆိုတာကို အသစ်အဆန်းကိစ္စတစ်ခုလို စမ်းသပ်လေ့လာချင်ကြတဲ့ လူငယ်သဘာဝတွေကတော့ ပိုပြီးကြည့်တာ များပါတယ်။ ချစ်သူရည်းစားရှိသူတွေ၊ အိမ်ထောင်ရှိသူတွေအနေနဲ့လည်း အပြာရုပ်ရှင်ကြည့်ခြင်းဖြင့် ကျနေတဲ့ ကိုယ့်ရဲ့ လိင်စိတ်ကို မြှင့်တင်ပေးနိုင်သလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ ..... ခန္ဓာကိုယ်အလေးချိန်ဆိုတာ ကိုယ်စိတ်ရှိသလို ပြောင်းလဲပစ်လို့ရပေမယ့် အရပ်နဲ့ ပတ်သက်လာရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိကြတာ လူတော်တော်များများပါပဲ။ ဈေးကွက်ထဲမှာ အရပ်ရှည် ဆေးဆိုပြီး ရောင်းတာမျိုးတွေ ရှိပေမယ့်လည်း တကယ်တမ်း အကျိုးအာနိသင်ရှိ၊ မရှိဆိုတာ သေချာစစ်ဆေးလေ့လာထားခြင်းမရှိပါဘူး။ လူတိုင်း အရပ်ရှည်နိုင်လား။ အရပ်ရှည် ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘက အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက် အရပ်ရှည်လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်သလို မဖြစ်နိုင်သလောက်နီးနီးလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်တော့မပျက်ပါနဲ့။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာဂရုစိုက်မယ်ဆိုရင် အများကြီးမဟုတ်တောင် အနည်းငယ်တော့ ရှည်လာနိုင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ အသက် ၁၈ ပြည့်ပြီးသွားရင် […]


အခြေခံကျန်းမာရေး

လက်သည်းတွေ ဘာ့ကြောင့် ပြာနေရတာလဲ။

ပုံမှန်ဆို လက်သည်း လေးတွေက ကြည့်ပြီးပန်းနုရောင်လေးသန်းနေရမှာပါ။ လက်သည်းမျက်နှာပြင်လေးက ချောနေသင့်ပြီးခုံးနေဖောင်းနေတာမျိုးတွေလည်း ရှိမနေသင့်ပါဘူး။ ဒါပေမယ့် တစ်ချို့ ရောဂါတွေရဲ့ လက္ခဏာဟာ လက်သည်းမှာ လာပြနေတတ်တာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ လက်သည်းတွေပြာတာပေါ့။ လက်သည်းတွေ ပြာနေတယ်ဆိုတာ ပုံမှန်မဟုတ်ဘဲ ကိုယ့်မှာ ရောဂါတစ်ခုခုရှိနေပြီဆိုတာကို ပြောတာဖြစ်နေတတ်ပါတယ် ။ ဒီတော့ လက်သည်းပြာခြင်းကို ဖြစ်စေတဲ့ ရောဂါ အရင်းခံတွေကို သိထားဖို့ လိုလာပါပြီ ။ ။ ကြည်ကြည်လေးဖြစ်ပြီး ပန်းရောင်သန်းနေရမယ့် လက်သည်းဟာ ဘာ့ကြောင့် ပြာနေရတာလဲ ။ ဒီလို လက်သည်းတွေပြာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကိုယ်တွင်းလှည့်နေတဲ့သွေးတွေထဲမှာ ေအာက်ဆီဂျင်နည်းနေလို့ ဖြစ်ရတာပါ။ သွေးဆဲလ်တွေထဲမှာ အောက်ဆီဂျင်ကိုသယ်တဲ့သွေးဆဲလ် သွေးနီဥြဖစ်ပြီး သွေးနီဥပုံမှန်မဟုတ်တဲ့ ပြဿနာတွေမှာလည်း ခုလို လက်သည်းတွေ ပြာနှမ်းခြင်းဖြစ်နိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာလည်း လက်သည်တွေ ပြာတတ်တယ်ဆိုပေမယ့် ကိုယ်တွင်းအပူချိန် ပုံမှန်ပြန်ရောက်သွားရင်တော့ လက်သည်းပန်းရောင်ပြန်သန်းသွားတတ်ပါတယ်။ ဒါပေမယ့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း