backup og meta

ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့။

    အင်တာနက်ေခတ်၊ မိုဘိုင်းဖုန်းထဲ ဂိမ်းလေး အလွယ်ဆော့နိုင်တဲ့ ခေတ်ဆိုတော့ ညပိုင်းတွေ ဆို မျက်လုံးတွေက ပြူးကျယ်နေတတ်ပြီး မနက်ဆို လုံးဝမဖွင့်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဆယ်ကျော်သက် တွေနဲ့ သက်လတ်ပိုင်းသမားတွေ ပိုဆိုးတာပေါ့။ အလုပ်တွေ ကျောင်းတွေကလည်း ရှိသေးတယ်မလား။ ညညဆို မအိပ်နိုင် မနက်ဆို မထနိုင်နဲ့ ကျောင်းနောက်ကျ ရုံးနောက်ကျတာတွေဖြစ်ကုန်ရော။ နောက်ကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်မလား။ ဒီတော့ မနက်စောစောထဖြစ်ပြီး ရုံးတို့ ကျောင်းတို့ အေးဆေးသွားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါလား။

    ( ၁ ) alarm ကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားပါ။

    ဖုန်းနဲ့ ဖြစ်ဖြစ် နာရီနဲ့ပဲဖြစ်ဖြစ် နှိုးစက်နဲ့ဖြစ်ဖြစ် alarm ပေးထားတဲ့အခါ အားလုံးကို ကိုယ့်အိပ်ရာနဲ့ မမှီနိုင်တဲ့နေရာမှာထားပါ။ alarm ရဲ့ ringtone က ကိုယ်မကြိုက်တဲ့ တီးလုံးသံလေးဖြစ်ရင်ပိုကောင်းပါလိမ့်မယ်။ ဒါမှ ပိတ်ချင်စိတ်ရှိလာမယ့်အပြင် အိပ်ရာနဲ့ဝေးလို့ ထပိတ်ရာကနေ တစ်ခါတည်း အိပ်ရာထပြီးသား ဖြစ်သွားမှာပါ။

    ( ၂ ) အလင်းရောင်ဝင်ပါစေ။

    အမှောင်က နုန်းခွေခြင်းကို ပိုဖြစ်စေတာဆိုတော့ ကိုယ်အိပ်ရာကထထချင်း ပြတင်းပေါက်တွေ ခန်းဆီးလိုက်ကာတွေဖွင့်ပေးပါ။ ဒါမှ ပြင်ပက အလင်းရောင်နဲ့ မျက်လုံးကျယ်သွားမှာ ဖြစ်ပါတယ်။

    ( ၃ ) မနက်ခင်းကို ကိုယ်အကြိုက်ဆုံး အရာတွေနဲ့ စတင်ပါ။

    ဖုန်းသုံးတတ်ရင် နိုးပြီးပြီးချင်း အိပ်ရာထဲက မထသေးဘဲ ဖုန်းသုံးနေလို့ရပါတယ်။ ကိုယ်ကြိုက်တဲ့ အရာတွေလုပ်နေရတော့ ဆက်မအိပ်ချင်တော့ဘဲ မျက်လုံးကျယ်သွားတာပေါ့။ စာအုပ်ဖတ်တာ ။ သီချင်းနားထောင်တာတွေလည်း လုပ်ပေးလို့ရပါတယ်။

    ( ၄ ) ကော်ဖီသောက်ပါ။

    ကော်ဖီဆိုတာ မနက်ခင်းတိုင်းရဲ့ မပါမဖြစ် ဇာတ်လိုက်လေးလို့တောင်ပြောရတဲ့အထိ မနက်ရောက်ပြီဆိုတာနဲ့လူတိုင် းသောက်ကြတဲ့ အရာတစ်ခုပါ။ ကော်ဖီကပေးတဲ့ လန်းဆန်းမှုမျိုးက ဘာနဲ့မှ မတူဘူးလေ။

    ( ၅ ) လေ့ကျင့်ခန်းလုပ်ပါ။

    အချိန်ပေးပြီး gym မသွားနိုင်ရင်တောင် အိမ်မှာ သွေးပူလေ့ကျင့်ခန်းလေးဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်းလေးဖြစ်ဖြစ် လုပ်လို့ရပါတယ်။ သက်လုံကိုလည်း ကောင်းစေသလို နှလုံးကျန်းမာရေးနဲ့ သွေးလည်ပတ်မှုကိုလည်း ကူညီပေးဦးမှာပါ။

    (၆ ) မနက်စာစားပါ။

    မနက်စာ ဆိုတာ လုံးဝကို အလွတ်မခံသင့်တဲ့အရာဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဘယ်လောက်ပဲအချိန် မရပါဘူးဖြစ်ပါစေဦး မနက်စာကို စားဖြစ်အောင် စားဖို့လုံးဝအရေးကြီးပါတယ်။ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တစ်ဝက်လောက်ကို ဒီမနက်စာကပဲ ရတာမလား။ ဒီတော့ မနက်စားစားဖြစ်ဖို့ ကိုယ်စားတဲ့မနက်စာကလည်း အာဟာရများများပါတဲ့ ပရိုတင်းအခြေခံ၊ ကစီဓါတ်အခြေခံအစားအစာတွေဖြစ်ဖို့နဲ့ ဆီကြော်မုန့်တွေ မဖြစ်ဖို့လိုအပ်ပါတယ်။

    ( ၇ ) မနက်မှာ လန်းလန်းဖြစ်ဖို့ အရေးအကြီးဆုံးသူက ညဘက်က ကိုယ်ပါပဲ။

    ညဘက်အိပ်ရာစောစောမဝင် စောစောမအိပ်တဲ့သူတစ်ယောက်က မနက်ပိုင်းမှာ လန်းလန်းဆန်းအိပ်ရာထဖြစ်ဖို့ လုံးဝကို မဖြစ်နိုင်ပါဘူး။ ဒီတော့ အိပ်ချိန်ကို သေချာသတ်မှတ်ထားပြီး အိပ်ချိန်ေရာက်ခါနီးပြီဆိုတာနဲ့ ဖုန်းသုံးတာ၊ တီဗီကြည့်တာတွေအားလုံးကို ရပ်ပြီး အိပ်ရာဝင်ပါ။

    ဘယ်အရာမဆို ကိုယ့်စိတ်ကို နိုင်ဖို့ အရေးကြီးတာကြောင့် ခုပြောတဲ့ အရာတွေအားလုံးကို အလေ့အကျင့်ဖြစ်အောင် လုပ်ပေးပါ။ အနည်းဆုံး ၁ ပတ်လောက် လုပ်လိုက်တာနဲ့ ခန္ဓါကိုယ်က အကျင့်ရသွားမှာ ဖြစ်လို့ မနက်ခင်းတိုင်း လှပလန်းဆန်းနေတော့မှာနော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement