လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲမြစ်တွေအရည်ပျော်တာ၊ သစ်တောတွေပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်းရောက်လာတိုင်း ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုတဲ့အနေအအထားကိုကျော်လွန်ပြီးရေကြီးနစ်မြုပ်တဲ့အဆင့်ကိုရောက်ရှိလာနေပါတယ်။ တစ်နှစ်ထက်တစ်နှစ်ရေကြီးမှုတွေက ပိုများလာသလို ပိုပြီးလည်းပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာမျှော်လင့်မထားတဲ့ရေကြီးမှုတွေအန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးလိုက်ပါတယ်။