( ၃ ) ဓါတ်မတည့်ခြင်း။
အိမ်ထဲမှာရှိတဲ့ မှိုတွေ၊ ဖုန်တွေ၊ လေထဲကနေပါလာတဲ့ ဝတ်မှုန်တွေနဲ့ ဓါတ်မတည့်တဲ့အခါမျိုးတွေမှာ နှာစေးတာ၊ မျက်လုံးယားတာ၊ တစ်ချိန်လုံးနှာချေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီ အမှုန်တွေ ၊ဝတ်မှုန်တွေ ဖုန်တွေက အဆုတ်ထဲက လေပြွန်တွေကိုလည်း ကျဉ်သွားစေတာကြောင့် အသက်ရှူကျပ်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။
- ဒီလိုအခါမျိုးတွေမှာ ဓါတ်မတည့်ခြင်းကို သက်သာစေမယ့် ဆေးဝါးတွေ သောက်ပေးလို့ရသလို လေပြွန် တွေ ပြန်ပွင့်ဖို့၊ အသက်ရှူကျပ်နေတာကို ချက်ချင်းသက်သာစေဖို့ဆို ပန်းနာရင်ကျပ်သမားတွေ ရှူတဲ့ ရှူဆေးရှူပေးလို့ရပါတယ်။
ကြားဖူနေကျ ပန်းနာရင်ကျပ်၊ တီဘီရောဂါ စတဲ့ အဆုတ်ရောဂါမျိုးမဟုတ်ဘဲ နှာခေါင်းနဲ့ ပါးစပ်ကနေတစ်ဆင့်ဝင်လာတဲ့ ပိုးမွှားတွေ အဆုတ်ထဲရောက်သွားပြီး နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ပိုးခြင်း ပြဿနာကလည်း အသက်ရှူရခက်စေတဲ့ အကြောင်းအချက်တွေထဲက တစ်ခုပါ။ လူတိုင်း အဆုတ်ထဲပိုးဝင်နိုင်ပေမယ့် ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ ပန်းနာရင်ကျပ်သမားတွေနဲ့ ဆေးလိပ်သောက်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။
- ပိုးဝင်တာကို နိုင်ဖို့အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်ပေးဖို့လိုပါတယ်။ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ မမေ့ပါနဲ့ဦး။
hookworm ချိတ်သံကောင်တွေ ရှိနေတဲ့ မြေကြီးမှာ ခြေဖလာနဲ့ လမ်းလျှောက်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ hookworm ချိတ်သန်ကောင်ဥတွေပါသွားတဲ့အခါမျိုးတွေမှာ ဗိုက်ထဲ သန်တွေ ပွားနေပါလိမ့်မယ်။ ချိတ်သန်ကောင်တွေကို အစာအဖြစ် သွေးကို စုပ်တာကြောင့် သွေးအားနည်းတဲ့ ပြဿနာတွေ ဖြစ်ပြီး အသက်ရှူရခက်နေတတ်ပါတယ်။
- ချိတ်သန်ကောင်ကိုနိုင်တဲ့ သန်ချ ဆေးကို ညအိပ်ရာဝင်ခါနီးသောက်လိုက်ပါ။ တစ်နှစ်တစ်ခါ မှန်မှန်သန်ချပေးပါ။ ဖိနပ်စီးပါ။ လက်ကိုသေချာဆေးပါ။ အစားအစာတွေကို ကျက်အောင်ချက်ပါ။
ခုခံအားဆိုင်ရာ ကြွက်သားပြဿနာတစ်ခုဖြစ်တဲ့ Myasthenia Gravis ကြောင့် အသက်ရှူချိန် ကူညီပေးတဲ့ကြွက်သားတွေ အားပျော့သွားပြီး အသက်ရှူရခက်တတ်ပါတယ်။
- ညနေပိုင်းလောက်ရောက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ မျက်ခွံတွေလေးနေတာ၊ ပုံရိပ် ၂ထပ်ပေါ်တာ၊ စကားပြောရလေးတာ၊ အစာမျိုချရခက်တာ၊ အကြောင်းအရင်းမရှိဘဲ ပင်ပန်းနေတာ၊ ခြေထောက်တွေ အားပျော့နေတာနဲ့ အသက်ရှူရခက်တာမျိုးတွေ ရှိရင် ဆရာဝန်မြန်မြန်သွားပြဖို့လိုအပ်နေပါပြီ။
တချို့ကင်ဆာရောဂါတွေက အဆုတ်နဲ့ ရင်ဘက်နံရံကြားထဲ အလွှာပါးလေးမှာအရည်စုခြင်းကို ဖြစ်စေတတ်တာကြောင့် အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အသက်ရှူရကျပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
တစ်ချို့ကင်ဆာရောဂါတွေက အဆုတ်နဲ့ ရင်ဘက်နံရံကြားထဲ အလွှာပါးလေးမှာအရည်စုခြင်းကို ဖြစ်စေတတ်တာကြောင့် အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အသက်ရှူရကျပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
- ရင်ဘတ်ပေါ်မှာ တစ်ခုခု ဖိထားသလိုမောနေတာ၊ လှဲအိပ်လိုက်ရင်ပိုဆိုးတာတွေ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြပါ။ စုနေတဲ့ အရည်တွေကို စုပ်ထုတ်ဖို့လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။