ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ Screen Time များခြင်းဟာ အသက်တိုစေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့လည်း ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး Screen Time အသုံးပြုနေမိမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ကြုံဆုံရနိုင်ခြေ အဆပေါင်းများစွာ မြင့်တက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဥပမာပြောရမယ်ဆိုရင် Screen Time များတဲ့လူတွေဟာ နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း အလွန်မြင့်တက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုသက်ရောက်မှုတွေကြောင့် ပုံမှန်အသက်ရှင်နေထိုင်ခွင့်ရနိုင်တဲ့ အသက်အရွယ်ထက်ပိုပြီး စောလျှင်စွာ သေဆုံးတာမျိုးဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
လေ့လာချက်တွေအရ Screen Time ၂ နာရီနဲ့အထက် ရှိတဲ့လူတွေအနေနဲ့ တစ်ပတ်မှာ ၇၅ မိနစ်ကနေ ၁၅၀ မိနစ်လောက်အထိ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Screen Time ကို နိုင်နိုင်နင်းနင်း စီမံနိုင်မယ်ဆိုရင်
ဒီလိုဆိုးကျိုးတွေကြောင့် အမေရိကန်မှာဆိုရင် ကလေးငယ်တွေ Screen Time အသုံးချမှုနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို တရားဝင်ထုတ်ပြန်ထားခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။
အဲ့ဒီလမ်းညွှန်ချက်တွေထဲမှာဆိုရင်တော့
- (၁) အသက် ၁ နှစ်ခွဲအောက်ဆိုရင် (Video Chatting ကလွဲလို့) Screen Time လုံးဝမရှိစေရဘူး။
- (၂) ၁ နှစ်ခွဲကနေ ၂ နှစ်အတွင်း ကလေးတွေအတွက် ကလေးဗဟိုပြု Digital Program တွေကို အတန်အသင့် ကြည့်ရှုခွင့်ပေးနိုင်တယ်။
- (၃) ၂ နှစ် ကနေ ၅ နှစ်အရွယ်တွေဆိုရင် အကျိုးရှိစေနိုင်တဲ့ ဒစ်ဂျစ်တယ်အစီအစဉ်တွေကို တစ်ရက်ကို တစ်နာရီအောက် ကြည့်ရှုခွင့်ပေးနိုင်တယ်။
- (၄) အသက် ၆ နှစ်အထက် ကလေးငယ်တွေရဲ့ Screen Time ကတော့ အိပ်စက်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားချိန်တွေကို မထိခိုက်စေရတဲ့ ပမာဏမျိုးအထိ ခွင့်ပြုလို့ရတယ်။ နှစ်နာရီထက်တော့ လုံးဝမပိုစေရဘူး … လို့ သတ်မှတ်ထားတာပါ။
Screen Time ကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ကလေးတွေမှာရော၊ လူကြီးတွေမှာပါ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ လေ့လာနိုင်စွမ်းမြင့်မားလာတာ၊ ပင်ပန်းမှုပြေပျောက်တာနဲ့ စိတ်ဖိစီးမှုလျော့ကျစေတာမျိုး အကျိုးတွေရရှိနိုင်ပါတယယ်။
ဒါ့အပြင်
- ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်တာ
- အဝလွန်နိုင်ခြေ နည်းသွားတာ
- စိတ်ခံစားမှု ကောင်းလာတာ
- ပေါင်းသင်းဆက်ဆံရေး ကောင်းလာတာ
- ဆန်းသစ်တီထွင်နိုင်စွမ်း မြင့်မားလာတာ
- အသက်ရှည်စေတာ
- မိသားစုကို အချိန် ပိုပေးလာနိုင်တာတွေလိုမျိုး အကျိုးတွေ ခံစားရနိုင်ပါတယ်။
- နောက်ပြီး ကျန်းမာစေမယ်ဆိုတဲ့ အချက်လည်းပါတာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။