သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း


Ye Zon Aung မှ ရေးသားသည်။ · 15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း

    သူငယ်ချင်းအဆင့် (Friend Zone) ထဲမှာ ပိတ်မိနေပြီလား။ ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူးလား။ ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့အချက်က ကိုယ့်ရဲ့ အချစ်ရေးကို ချည်နှောင်ထားနေတာလား။ ဒီအချက်တွေက သင့်ရဲ့ စိတ်ကို လေးလံနေစေပြီလား။

    လူအတော်များများ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တစ်ယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးပေါ့။

    သူငယ်ချင်းဘဝ ဆက်ဆံရေးဟာ အပေးအယူမျှပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှာ အားလုံးဟာ သာတူညီမျှပါပဲ။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သင့်ရဲ့သူငယ်ချင်းလေးမှာရှိတဲ့ ထူးခြားဆန်းကြယ် ချစ်စဖွယ်ကောင်းလှတဲ့အချက်တွေကို သင်သတိထားမိလာတဲ့အခါ ဇာတ်လမ်းစပါပြီ။ သင်ချစ်မိနေပါပြီ။ ဒါပေမယ့် ဒါဟာ တစ်ဖက်သတ်အချစ်လို့ခေါ်ပါတယ်။

    တကယ်တော့ အချစ်မှာ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံးပါ။ သူငယ်ချင်းဖြစ်ခြင်းမဖြစ်ခြင်းထက် သူ့ကိုကိုယ် ဘယ်လို မေတ္တာထားပြီး ကြင်နာပေးနိုင်မလဲဆိုတာက ပိုအရေးပါပါတယ်။

    ကိုယ့်ရဲ့ မေတ္တာတရားကို ပြသနိုင်ဖို့၊ ကိုယ့်ရဲ့ အနာဂတ်ခရီးဆီ ဆက်လျှောက်ဖို့ဆိုရင် Friend Zone ထဲကနေ ရုန်းထွက်နိုင်ဖို့တော့ လိုတယ်နော်။ Friend Zone ထဲကထွက်မယ်ဆိုတာနဲ့ပဲ သင်မျှော်လင့်ထားသလို ရွှေလက်တွဲပြီးထွက်ခွင့်ရလိမ့်မယ်လို့ ယတိပြတ် မမျှော်လင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

    Friend Zone ထဲကနေလည်း ထွက်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး၊ ဒီအခြေအနေကြီးကနေ မဖြစ်မနေ ရုန်းထွက်တော့မယ်ကွာလို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ဒီစာကို ဆက်ဖတ်လိုက်ပါတော့။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement