အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု

လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂလုပ်တာက လေပွတာကို သက်သာစေမလား! ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာက အစာကြေစေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။  ကဲ …. လေပွတာကို သက်သာစေမယ့် […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

အဆစ်ရောင်နေသူတို့အတွက် အပြေးကျင့်ရန် နည်းလမ်းများ

အဆစ်ရောင်ဖူးပါသလား။ အရမ်းနာပါတယ်။ ဟုတ်တယ်နော်။ အဆစ်နေရာကနေ တဆစ်ဆစ်နဲ့နာနေပြီး လှုပ်လိုက်တာနဲ့ အသည်းခိုက်သွားတာမျိုး။ ဒီတော့ သင်လမ်းတောင် လျှောက်ချင်စိတ် မရှိနိုင်တော့ဘူး။ ဒါပေမယ့် မလျှောက်ပဲနေတာကရော ကောင်းလို့လား။ အချက်အလက်တွေအရ အဆစ်ရောင်အဖွဲ့အစည်းကြီးကနေ အဆစ်ရောင်သူတွေဟာ သင့်တော်တဲ့လေ့ကျင့်ခန်း အစီအစဉ်ဆွဲသင့်ကြောင်း ပြောထားပါတယ်။ ပြေးတာက သင့်အဆစ်များရဲ့ကောင်းကျိုးအတွက် လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဒါပေမယ့် ဘယ်လိုပြေးကြမှာလဲ။ ခြေထောက်သုံးလိုက်တိုင်း နာနေတဲ့ အဆစ်တွေကိုရော ဘယ်လိုလုပ်ကြမလဲ။ ရပါတယ်။ ဒါကိုကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပျော့သည့်နေရာမှာပြေးပါ ဆိုလိုတာက ကွန်ကရစ်လမ်းမှာပြေးတာမျိုးကို ရှောင်ခိုင်းတာပါ။ သင့်ခြေထောက်က နူးညံ့တဲ့မျက်နှာပြင်မှာပဲပြေးသင့်တယ်။ ဥပမာ မြက်ခင်း၊ ရွံ့ပျော့ပျော့မြေမျိုးပေါ့။ ကွန်ကရစ်က နိုင်လွန်ကတ္တရာထက် ၁၀ ဆ ပိုမာပါတယ်။ ဒါကြောင့် သင့်ခြေထောက်အတွက် အဆင်မပြေနိုင်ပါဘူး။ သင့်ဒူးတွေ အဆစ်တွေကို လာထိမယ့်အားက နာကျင်မှုကို အလွယ်တကူဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဆို ပြေးမယ့်ဟာ ပြေးမရပဲဖြစ်သွားပါလိမ့်မယ်။ ကိုယ်ကို […]


အခြားလေ့ကျင့်ခန်းများ

ဆီးချိုရှိသူတွေ အပြေးလေ့ကျင့်နိုင်မယ့် နည်းလမ်းကောင်းများ

ဆီးချိုရှိသူတွေအတွက် လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူးဆိုပေမယ့် အပြေးလေ့ကျင့်ကြမယ်ဆိုရင်တော့ သိထားရမှာတွေ ရှိပါတယ်။ ဆီးချိုက သွေးတွင်း သကြားဓါတ်ကို ထိခိုက်စေတဲ့ နာတာရှည်ရောဂါဖြစ်တာမို့ ပြေးနေတုန်း ပြဿနာပေါ်လာတတ်တာမျိုးပင်။ ဒါကြောင့်မို့ ကံဆိုးသူမဖြစ်စေရန်အတွက် သတိပြုရမယ့်ဟာလေးတွေ ရှိနေပါတယ်။ စွမ်းအင်ထုတ်ဖို့ ဂလူးကို့စ်လိုကြောင်း လူတိုင်းသိကြမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ စွမ်းအင်တွေအများကြီးလိုအပ်ပါတယ်။ ဆီးချိုရှိတယ်ဆိုတာ ယေဘုယျအားဖြင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ ဂလူးကို့စ်ပမာဏ ရှိမနေတာကို ဆိုလိုတာပါ။ ဒီတော့ ပြေးတယ်ဆိုတာကလဲ နေရောင်အောက် ပန်းခြံထဲမှာ ပြေးတာဆိုတော့ ချွေးကလဲထွက်ဦးမယ်။ ဆီးချိုရှိသူတွေက ဒါကြောင့်ပဲ မောပန်းလွယ်ပြီး သကြားဓါတ်ထိုးကျတာမျိုး ဒါမှမဟုတ် သကြားဓါတ်စောင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုစလုံးအတွက် အသင့်ပြင်ဆင်ထားရပါမယ်။ အမျိုးအစား ၁ ဆီးချို ဆီးချိုလူနာ ၁၀၀ မှာ ၅ ယောက်ကနေ ၁၀ ယောက်လောက်ထိက အင်ဆူလင် (သွေးတွင်းသကြားဓါတ်ထိန်း […]


အခြားလေ့ကျင့်ခန်းများ

အစားအသောက် နှင့် အပြေးလေ့ကျင့်ခန်း

အစာစားပြီး ပြေးဖူးပါသလား။ ဗိုက်ဆာတဲ့အခါ သင့်ကိုယ့်ကို ဘယ်လိုပြန်ဖြည့်တင်းပါသလဲ။ လိုအပ်နေတဲ့စွမ်းအင်တွေကို ဘယ်ကရနိုင်မလဲ။ ဗိုက်အပြည့်နဲ့ ပြေးတဲ့အခါ ခံစားရတာတွေကို တစ်ယောက်ယောက်ပြောပြတာမျိုးရော ကြားဖူးပါသလား။ ဗိုက်အပြည့်နဲ့ပြေးမယ်ဆိုရင် သင်ပြေးမယ့်ပုံစံမှားနေပါပြီ။ တကယ်တော့ အစာစားပြီးပြေးပြေး မစားခင်ပဲပြေးပြေး မပြေးခင်စားသုံးရမယ့် Diet ကိုတော့ ချင့်ချိန်ဖို့လိုအပ်ပါတယ်။ ပြေးပြီးနောက် စားသုံးရမယ့် Diet ကိုလဲ ချင့်ချိန်ရမှာ ဟုတ်ပါတယ်။ ဒီတော့ အောက်ကိုဆက်ဖတ်ကြည့်ပါဦး။ မပြေးခင် ပုဇွန်၊ ကြက်သား၊ ဝက်သားတို့ကို အပြတ်တွယ်လိုက်ရရင် သိပ်ကို အားရစရာကောင်းပါတယ်။ ပြီးတာနဲ့ သင်ပြေးတော့မယ်ဆိုပါတော့။ ဒီလိုဆို အကြံဉာဏ်ကောင်းတစ်ခု မဟုတ်ဘူးနော်။ အကြံဉာဏ်ကောင်းဆိုတာ မပြေးခင်လဲ ဗိုက်ဆာမနေသင့်သလို့ အသားအပြည့် ဗိုက်ထဲဖြည့်သွားဖို့လဲ မလိုပါဘူး။ အဲ့ဒီလိုပဲ အစာစားပြီး ပြေးလိုက်မယ်ဆိုရင် ဗိုက်ထဲအောင့်တာလိုလို နံကြားထဲအောင့်တာလိုလို ဖြစ်လာနိုင်ပါတယ်။ သင့်အစာအိမ်ကို မသက်မသာမဖြစ်စေဖို့ရန်အတွက် ပေါ့ပေါ့ပါးပါးကိုသာ စားပေးရမည်ကို သတိရပါ။ […]


အခြားလေ့ကျင့်ခန်းများ

အလုပ်များသူတို့အတွက် ယောဂပုံစံ ၄မျိုး

ယောဂဆိုတာ ရှေးဟောင်းစိတ်နဲ့ ခန္ဓါလေ့ကျင့်ရေးကျင့်စဉ်ဖြစ်ပြီး ဒီထဲမှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ၊ အသက်ရှူခြင်းကို ထိန်းချုပ်မှုတွေနဲ့ တရားထိုင်ခြင်း သို့မဟုတ် အနားယူခြင်း စတာတွေ ပါဝင်ပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးအတွက် လေ့ကျင့်ပေးပြီး ဒါက သက်တောင့်သက်သာနဲ့ အနားရစေကာ ဖိအားတွေ၊ ေသောကတွေကို သက်သာစေပါတယ်။ ယောဂမှာ လူတိုင်းနဲ့ သင့်လျော်မယ့် စတိုင်လ်တွေ၊ ပုံစံတွေ ပြင်းအားတွေ အမျိုးမျိုးရှိပါတယ်။ ယောဂရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ ယောဂရဲ့ ကောင်းကျိုးတွေကို လေ့လာထားတဲ့ သုတေသနတွေအများကြီးရှိပါတယ်။ ယောဂကို လေ့ကျင့်တဲ့သူတိုင်းနီးနီးကလည်း အစောကြီးတည်းက ကျင့်မိရင် ကောင်းသားလို့ တွေးဖူးကြတာချည်းပါပဲ။ ယောဂဟာ ဒီလိုကောင်းကျိုးတွေအများကြီးကို ယူဆောင်လာပေးနိုင်ပါတယ်။ - ဖိအားလျော့ကျစေခြင်း။ သုတေသနအများစုကတော့ ယောဂဟာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်သောကတွေကို လျော့ကျစေတယ်လို့ တွေ့ရှိကြပါတယ်။ ဒါဟာ သင့်ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေပြီး […]


အခြားလေ့ကျင့်ခန်းများ

ယောဂသင်တန်းအပြီးမှာ သင်မလုပ်သင့်သော အရာများ

တကယ်လို့ သင်က ယောဂီတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သင့်ရဲ့နည်းပြက ယောဂသင်တန်းမစမီနဲ့ ပြီးဆုံးတဲ့အချိန်အတွင်း ဘာတွေလုပ်ရမယ်ဆိုတာက စိတ်နဲ့ ခန္ဓါအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြဖူးပြီလို့ ထင်ပါတယ်။ ယောဂသင်တန်းမစမီ လုပ်လိုက်တဲ့အရာတွေက သင်တန်းချိန်အတွင်းသင့်ရဲ့ လုပ်ဆောငမှုတွေကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး သင်တန်းချိန်နောက်ပိုင်းမှာ လုပ်လိုက်တာတွေက ပိုလို့တောင်အရေးကြီးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါကပဲ သင့်အတွက် တကယ်ရလာမယ့် အကျိုးကျေးဇူးကို ဆုံးဖြတ်ပေးနိုင်မှာမို့ပါ။ ၁။ အရက်နဲ့ သကြားပါဝင်တဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ ယောဂဟာ အသိမ်မွေ့ဆုံးနဲ့ မပင်ပန်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့် သင့်ကိုတော့ ချွေးထွက်စေနိုင်သေးတာပါပဲ။ သင့်ခန္ဓါကိုယ်အတွင်းပိုင်းက အပူတွေကို တိုက်ထုတ်နိုင်ဖို့ ဆိုဒါ သို့မဟုတ် ဘီယာကို ရွေးချယ်လိုက်ချင်စရာပါ။ ဒါပေမဲ့ ဒါဟာ ကျန်းမာရေးအတွက်တော့ သိပ်ကောင်းမှာ မဟုတ်ပါဘူး။ ချွေးထွက်များတဲ့ ယောဂသင်တန်းချိန်ပြီးတဲ့နောက် သင့်ခန္ဓါကိုယ်အတွက် သင်ဖြည့်ဆည်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဖန်ခွက်အကြီးကြီးနဲ့ ရေတစ်ခွက်သောက်တာပါပဲ။ ဒါက […]


အခြားလေ့ကျင့်ခန်းများ

အိပ်ရေးပျက်ခြင်းကို ယောဂက ဘယ်လိုကူညီပေးနိုင်မလဲ

ယောဂက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး နေထိုင်ကောင်းစေတဲ့အပြင် အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ သင့်ကိုကောင်းကောင်းအိပ်ပျော်စေမယ့် လေ့ကျင့်ခန်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ ယောဂဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ ၁။ အိပ်ရေးမဝခြင်း၊ အိပ်ရေးပျက်ခြင်းဟာ အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။ Primary Insomnia ကိုတော့ ဆေးဝါးကြောင့်မဟုတ်ဘဲ အလိုလို အိပ်မရခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒုတိယဆင့် အိပ်မရခြင်း (Secondary insomnia) ဆိုတာကတော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတစ်ခု သို့မဟုတ် လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ ကင်ဆာ၊ arthritis ၊ fibromyalgia နဲ့ စိတ်ကျရောဂါတွေပါ အပါအဝင် ရောဂါအတော်များများဟာ အိပ်မရခြင်းတွေကိုဖြစ်စေပါတယ်။ အချို့သောဆေးဝါးတွေကလည်း secondary insomnia ကိုဖြစ်စေပြီး စွဲလမ်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အိပ်မရခြင်းနဲ့ သိစိတ်ပုံမှန်အလုပ်မလုပ်ခြင်းကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ gray matter ပျက်စီးခြင်းတောင်ဖြစ်နေနိုင်ပါသေးတယ်။ […]


အခြားလေ့ကျင့်ခန်းများ

ပထမဆုံးယောဂသင်တန်းကနေ ဘာတွေ သင်ယူရမလဲ

သင်က ယောဂလေ့ကျင့်သူတစ်ယောက် သို့မဟုတ ်ယောဂီတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်အတွက် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ သသင့်ကျန်းမာရေးဟာ သင့်ရဲ့အစာခြေစနစ်ရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပါတယ်။ အစာချေစနစ်ကို သန်စွမ်းနေစေဖို့အတွက် ယောဂမှာ ရိုးရှင်းတဲ့ စားသောက်ပုံတွေ ရှိနေပါတယ်။ သဘာဝစားစရာတွေ အနည်းငယ်မျှသာစားပေးရုံပါပဲ။ ၁။ နံနက်စောစော ရေနွေးသောက်ပါ။ သင်အိပ်ပျော်နေစဉ်မှာ ခန္ဓါကိုယ်က စွမ်းအင်တွေကိုဖြည့်ဆည်းပြီး အလိုအလျောက် သန့်စင်ပေးနေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေဟာ အနိမ့်ဆုံးအခြေအနေကိုရောက်နေပါတယ်။ သင်နိုးလာတဲ့အခါ သင့်ရဲ့ ဇီဝယန္တရားကို စတင်လည်ပတ်ဖို့ အချိန်လိုပါတယ်။ တကယ်လို့ နံနက်ခင်းမှာ အစားအသောက်တွေ အများကြီးကို အရင်စစားလိုက်မယ်ဆိုရင် သင့်ခန္ဓါကိုယ်က မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်စွမ်းမရှိသေးတဲ့အတွက် အစာချေစနစ်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် သင့်ရဲ့ အစာချေစနစ်ကို အရင်နှိုးဆွဖို့ နေ့တစ်နေ့ရဲ့ နံနက်ခင်းကို ရေတစ်ဖန်ခွက်နဲ့သာ စတင်လိုက်ပါ။ ၂။ နေ့လည်စာ အတွက် […]


အခြားလေ့ကျင့်ခန်းများ

သင့်အတွက် အိမ်မှာလေ့ကျင့်နိုင်မည့် အကောင်းဆုံး ယောဂလေ့ကျင့်ခန်းများ

လက်ရှိအချိန်မှာတော့ ယောဂဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓါကို ညီညွတ်မျှတစေဖို့နဲ့ ဟာမိုနီတစ်ခုကိုဖန်တီးနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးလို့ လက်ခံထားကြပါတယ်။ ယောဂဟာ သင့်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ ပျော့ပျောင်းမှု၊ သက်လုံနဲ့ ခုခံအားတွေ၊ ခန္ဓါကိုယ်ဖွဲ့စည်းပုံ အလုပ်လုပ်ဆောင်မှုတွေကို တိုးတက်လာစေဖို့နဲ့ စိတ်ဝိဉာဉ်ကို လန်းဆန်းစေပြီး စိတ်ကို တည်ငြိမ်အေးချမ်းစေဖို့တွေ အပါအဝင်ပေါ့။ စိတ်ကို တည်ငြိမ်အေးချမ်းစေခြင်းဟာ အလုပ်ထဲမှာဖြစ်စေ၊ စာတွေလေ့လာရာမှာဖြစ်စေ။ အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ ဒါကြောင့် ယောဂဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေလိုတဲ့သူတွေအတွက်တော့ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ လူတိုင်းဟာ ယောဂသင်တန်းကိုသွားပြီး ယောဂလေ့ကျင့်နေဖို့ အချိန်ရနေမှာ၊ အခြေအနေပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယောဂကိုအိမ်မှာ လေ့ကျင့်လို့တော့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ မိတ်ဆက်ပေးလိုတဲ့ တကယ်ကို ထိရောက်မှုရှိတဲ့ ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးကတော့ Mountain Pose ယောဂလေ့ကျင့်ခန်းပါ။ ယောဂလေ့ကျင့်ခန်းတွေအားလုံးထဲမှာတော့ […]


အခြားလေ့ကျင့်ခန်းများ

အိမ်မှာလုပ်ရမယ့် ယောဂလေ့ကျင့်ခန်း အစီအစဉ်

ယောဂသင်တန်းတွေကို သွားဖို့ အချိန်လုံးဝမရ၊ မအားဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် ယောဂသင်တန်းတွေကို တစ်သက်လုံးတော့ တက်မနေနိုင်ပါဘူးဆိုရင် ယောဂကို အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။ ၁။ ယောဂကို ဘာကြာင့် အိမ်မှာလေ့ကျင့်သင့်တာလဲ။ ပထမဆုံးအနေနဲ့ ယောဂကို သင်ကိုယ်တိုင်လေ့ကျင့်ခြင်းက အာရုံစူးစိုက်မှုပို အားကောင်းစေပြီး တုံ့ပြန်မှုတွေကို ပိုပြီးကောင်းမွန်စေပါတယ်။ အရှိန်၊ ကြံ့ခိုင်မှုကစလို့ ပြင်းထန်မှုထိ သင်နှစ်သက်သလို လေ့ကျင့်လို့ရပါတယ်။ စတူဒီယိုနဲ့ သင်တန်းတွေမှာ လေ့ကျင့်မယ်ဆိုရင်တော့ တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်လောက်သာ လေ့ကျင့်နိုင်မယ်ဆိုပေမယ့် အိမ်မှာလေ့ကျင့်မယ်ဆိုရင်တော့ နေ့တိုင်းလေ့ကျင့်လို့ရပါတယ်။ ရလာတဲ့ရလဒ်က အရေးအကြီးဆုံးပါပဲ။ နေ့စဉ် နာရီဝက်လောက်လေ့ကျင့်တာက တစ်ပတ်မှာ ၄၅မိနစ် ၂ကြိမ်လောက်လေ့ကျင့်တာထက်စာရင် အများကြီးပိုကောင်းပါတယ်။ ငွေနည်းနည်းသာကုန်ပြီး ယောဂရဲ့ အကျိုးကျေးဇူးတွေ ပိုရနိုင်တာပေါ့။ ၂။ လေ့ကျင့်ခန်းအစီအစဉ်တွေ ဘယ်လိုဆွဲမလဲ။ အစီအစဉ်အစမှာတည်းက သက်တော့သက်သာရှိမယ့် အနေအထားကို အရင်ရွေးပါ။ ဥပမာ corpse pose လိုပေါ့။ […]


အခြားလေ့ကျင့်ခန်းများ

ယောဂသင်တန်းမတက်ရောက်မီ ဘာတွေကို ပြင်ဆင်ထားသင့်သလဲ

ပထမဆုံး ယောဂသင်တန်းအတွက် ပြင်ဆင်ရတာဟာ စိတ်လှုပ်ရှားစရာပါ။ ဒါပေမဲ့ ဘာတွေကို မျှော်လင့်ပြင်ဆင်ရမလဲမသိရင်တော့ ကြောက်စရာပါပဲ။ သင့်မှာ ယောဂလေ့ကျင့်တဲ့ သူငယ်ချင်းတစ်ယောက်မှမရှိဘူးဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။ ယောဂသင်တန်းမတက်ခင်မှာ ပြင်ဆင်ထားသင့်တဲ့ အရေးအကြီးဆုံး အချက်တွေကို ဖော်ပြထားပါတယ်။ ၁။ အဝတ်အစားများ သင်တက်မယ့် သင်တန်းရဲကပုံစံကိုလိုက်ပြီး ပြင်ဆင်ရမယ့် အဝတ်အစားတွေလည်း မတူညီနိုင်ပါဘူး။ Hot yoga သင်တန်းဆိုရင်တော့ ချွေးတွေကို ခံနိုင်ရည်ရှိတဲ့ အဝတ်အစားလိုပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ အပြေးဝတ်စုံလိုပေါ့။ တကယ်လို့ သင်က ယောက်ျားလေးဖြစ်နေမယ်ဆိုရင်တော့ ပုံမှန် တီရှပ်သာ ဝတ်သွားလိုက်ပါ။ အခြားသူဆိုရင်တော့ ကင်းမြီးကောက်ထောင်နေစဉ်မှာ အင်္ကျီအပေါ်လှန်တက်မလာဖို့ ကြပ်တဲ့ အင်္ကျီမျိုးတွေ ရွေးသင့်ပါတယ်။ ဗိုက်မပေါ်ဖို့ လိုက်ဖုံးနေရရင်တော့ သင် ဒဏ်ရာရသွားနိုင်ချေ များပါပြီ။ ၂။ ပစ္စည်းကိရိယာများ ဖျာတစ်ချပ်သာ မရှိရင်တော့ ယောဂသင်တန်းမှာ သင့်အတွက် တစ်ခုငှားပေးနိုင်မလားမေးလိုက်ပါ။ ယောဂသင်တန်းအများစုကတော့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း